ဆောင်းအိပ်မက်တစ်ခု နဲ့ မှော်ဝင်ဂီတ
ည အချိန်ကတော်တော်နက်နေ
ဂစ်တာတစ်လက်
ကမ္ဘာပေါ်မှာ အကောင်းဆုံး ဂစ်တာလေး
သီချင်းတစ် ပုဒ် ကို ဟစ်ခါ သီဆိုလိုက်တယ်
ကိုယ်ပိုင်သံစဉ် တေးသွားအသစ်လေးတစ်ပုဒ်
ကောင်းလိုက်တဲ့အသံ
ကမ္ဘာကျော် အဆိုတော်ထက် ချိုမြိန်နေတယ်
တီခတ်တဲ့ လက်သံကလည်း
ကမ္ဘာကျော် ဂစ်တာသမားတစ်ယောက်ထက် သာယာနေတယ်
ဂီတ မှော် အပြင်းစား တွေ
ငါ့သွေးသားထဲမှာ တသွင်သွင်စီးဆင်နေတုန်း
အေးကနဲ ဖြစ်သွားလို့ မျက်စိဖွင့်လိုက်တော့
စောင် လွတ်သွားတုန်း ဆောင်းလေတိုးလို့
ကျွန်တော်လန့်နိုးခဲ့ရတယ်- - - - -- - -- - -- - -- -- - -- - - - -။
(ဇာဇာ)
1 comment:
ဇာဇာရေ…. ဂီတာလေးတီးပြီးဆိုတဲ့ သီချင်းသံလေးကို နားထောင်ချင်လိုက်တာ။
Post a Comment