လွမ်းတယ်
အလွမ်းတွေ စီးဆင်းနေတုန်း
တိမ်တစ်အုပ်ပျံ
ရင်မှာဟာလပ်သွားတယ် ။
ဘယ်လိုမှထိန်းချုပ်မရတော့- - - -။
လွမ်းတယ်- - - -
ပေါက်ကွဲတော့မှာလား
ရင်နဲ့မဆံ့ ရူးသွပ်ခြင်းတွေ
ဖမ်းဆုပ်မရနိုင် ရနံ့များ
ဦးခေါင်းထက် ရစ်ဝဲလို့- - -- - ။
ဒုတ်းစိုင်းပြေးလိုက်ချင်ပါရဲ့
မဆုံးသော လယ်ကွင်းပြင်ဆီ - ။
ငါ့စိတ်တွေ - - - - -စိတ်တွေ
အမြင့်ဆုံး ပေါက်ကွဲခြင်းများနဲ့
လွမ်းနေတော့မယ်- - - - - - -။
(ကိုကြီးကျော်)
2 comments:
ကိုကြီးကျော်ရေ… အနော်လည်း လွမ်းတယ်ဗျာ… ဒါပေမယ့် ဘယ်သူ့ကိုလွမ်းရမှန်း မသိတော့ ကိုကြီးကျော် ကဗျာကိုပဲ လွမ်းလိုက်တော့မယ်နော်
အလွမ်းမင်းသားကြီး ကိုကြီးကျော် လွမ်းလွန်လွန်းလို့ လွန့်လွန့်လူး နေတာလား (ဟား........ဟား)
Post a Comment