နွံနစ်ခြင်း
ငါပြေးထွက်ခဲ့တယ်
ဒါပေမဲ့ပြေးထွက်မရ ။
ငါရုန်းထွက်ခဲ့တယ်
ဒါပေမဲ့ငါရုန်းထွက်မရ။
ငါ့ကိုတုပ်နှောင်ထားတယ်
ငါ့ကိုရစ်ပတ်ထားတယ်
ငါ့ရဲ့ လွတ်မြောက်ချင်စိတ်တွေကို
ငါကိုယ်တိုင် ရိုက်ချိုးနေမိနေပြန်တယ်
ဒီမာယာနွံထဲနက် ထဲက ရုန်းထွက်ဖို့
တကယ်ဆိုငါ့မှာခွန်အားတွေရှိတယ်
ငါကိုယ်တိုင် မိုက်မဲစွာ ယစ်မူးနေမိတာ
ငါ့မနက်ခင်းတွေမဲမှောင်မသွားခင်
ငါ့ ရုန်းထွက်တော့မယ်
ဒီနွံ ထဲက ငါလွတ်မြောက်စွာ
ငါရုန်းထွက်လိုက်တော့မယ် - - -- -- -->
2 comments:
နွံထဲကနေ ရုံးထွက်နေတဲ့ ရွှေအိမ်စည်ရေ.... အောင်မြင်စွာ ရုံးထွက်နိုင်ပါစေ.......
ရွှေအိမ်စည်ရေ…
ကဗျာလေးကကောင်းလိုက်တာကွာ။ ဘယ်လိုပြောရမှန်းတောင်မသိဘူး။ ဒို့လဲ ဘ၀နွံနစ်မှုကို အကြိမ်ကြိမ်စဉ်းစားခဲ့ပါတယ်။ တကယ်အကြိမ်ကြိမ်ပါ။ ဒါပေမယ့် ဒို့ ပြေးမထွက်မိဘူး၊ ရုန်းမထွက်မိဘူး။ မရိုက်ချိုးမိ၊ မယစ်မူးမိအောင်တော့ အကြိမ်ကြိမ် သတိထားနေရတယ်။ မင်းပြောသလိုပဲ ဒို့လည်းဘ၀အမှောင်မကျခင် လွတ်မြောက်ချင်တဲ့ ဆန္ဒရှိပါတယ်။ ဒို့အကြိုက်ဆုံးပန်းက ကြာပန်းပါ။ သူကနွံထဲမှာပဲပေါက်တယ်။ နွံထဲမှာပဲကြီးပြင်းရှင်သန်ရတယ်။ ဒါပေမယ့် နွံနစ်ခြင်းဆို(နွံရဲ့ရနံ ကူးဆက်ခြင်း)တော့ မခံဘူးလေ။ ဒို့တတွေရဲ့ ဘ၀တွေက ပေါက်ဖက်လိုပါပဲ။ ငါးပိထုပ်လိုက်ရင် ငါးပိအနံ့လေးကူးလိုက်၊ ပန်းထုပ်လိုက်ရင်လဲ ပန်းရနံ့လေးကူးလိုက်နဲ့ အရောင်အမျိုးမျိုး စွန်းထင်ပြီးနေကြတော့တာပါပဲ…. ကဲပါပြောနေလဲ ဆုံးမှာမဟုတ်တော့ဘူး….
ရွှေအိမ်စည်ဘ၀ ကြာပန်းလေးလိုဖြစ်ပါစေ…..
Post a Comment