စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး
၁။ သူက အများကို မြင်နိုင်တယ်။
၂။ သူ့ကို အများကမြင်နိုင်တယ်၊
၃။အများကိုလည်း အများက မြင်နိုင်စေတယ်။
ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။
စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်
Thursday, February 28, 2008
Tuesday, February 26, 2008
ပင်လယ်ကို ဆဲသူ
တစ်စုံတစ်ယောက
်ကျောက်ကမ်းပါစွန်း ထိပ်ပေါ်ရုတ်ချည်းတတ်
ပင်လယ်ကိုဆဲပါလေရော။
မိုက်မဲတဲ့ရေ မိုက်မဲတဲ့ကိုယ်ဝန်ဆောင်ရေ၊
ကောင်းကင်ရဲ့ရွှံ့စေးထူတဲ့ ပုံတူကား၊
နေနဲ့လကြား တွန့်ဆုတ်စွာရစ်ဝဲနေသူ၊
ခရုခွံများကို ရေးကြီးခွင်ကျယ်လုပ် ရေတွက်နေသူ၊
အရည်ဆန်တဲ့ အာကျယ်တဲ့ နွားသိုး၊
ကျောက်တုံးများကို သူ့သွေးနဲ့မျိုးအောင်စေသူ၊
သူ့ကိုယ်သူပြန်သတ်တဲ့ဓါး၊
သန်လျက်စွန်းတိုင်းမှာ သူ့ကိုယ်သူ အစိတ်စိတ်အမွှာမွှာကွဲစေသူ၊
ဟိုက်ဒြာ ညကို အပိုင်းပိုင်းဖြတ်သူ၊
တိတ်ဆိတ်မှုရဲ့ ဆားငန်တိမ်တိုက်များကို ရှုရှိုက်နေသူ၊
ကျောက်ကျောလို အတောင်ပံတွေဖြန့်ပြီး၊
အချည်းနှီး၊အချည်းနှီးပဲ၊
ဂေါ်ဂွန်--ကိုယ့်ကိုယ်ကို ပြန်လည်ဝါးမျိုနေသူ၊
ရေ၊ရေရဲ့ ရယ်ဖွယ်ကောင်းတဲ့ ပြားချပ်ချပ်ဦးခေါင်းခွံအသင်-
အဲ့ဒီလို အတန်ကြာ ပင်လယ်ကို သူဆဲပစ်လိုက်တယ်။
သဲပေါ်က သူ့ခြေရာတွေကို လျှာနဲ့လျက်ပစ်ခဲ့တဲ့ ပင်လယ်
ဒဏ်ရာရ ခွေးတစ်ကောင်လို။
ပြီးတော့ သူအောက်ကိုဆင်းလာပြီး
ပွတ်သပ်လိုက်တယ်
သေးတိမ်စွာ ထုထည်ကြီးမား မုန်တိုင်ထန်နေတဲ့
ပင်လယ်ရဲ့ကြေးမုံကို။
တွေ့ပလားကွ၊ရေ ၊လို့သူပြောပြီး
သူ့လမ်းသူ ဆက်သွယ်ပါလေရော။ ။
ဟိုက်ဒြာ=ခေါင်းတစ်လုံးဖြတ်လျှင် နှစ်လုံးတိုးသည်ဆိုသော ဂရိဒဏ္ဍာရီထဲက နဂါးကြီး။
ဂေါ်ဂွန်=ဂရိဒဏ္ဍာရီထဲက အလွန်စက်ဆုပ်ဖွယ်ကောင်းသော ဘီလူးမ။
ဝန်ခံချက်=ဂရိကဗျာတစ်ပုဒ်ဖြစ်ပါသည်။
Posted by
ခေတ်လူ
at
5:15 PM
0 comments Labels: Poem, ခေတ်လူ
Monday, February 25, 2008
မမြဲသော တရား….
မ၀င်သော နေ
မကွယ်သော လ
မကြွေသော ကြယ်
မနွမ်းသော ပန်း
မခမ်းသော ရေ
ပရိတ်နိဗာန်မစံသော ဘုရား
မသေသော သတ္တ၀ါ ဟူသည် မရှိ….
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
Posted by
အရိပ်
at
12:00 PM
3 comments Labels: Poem
Saturday, February 23, 2008
ကြင်နာပါ (သို့မဟုတ်) အကြင်နာခံပါ။
Posted by
ခိုင်မြဲ
at
1:14 AM
3 comments Labels: စိတ်တည်ငြိမ်မှု စိတ်ချမ်းသာမှူနှင့် ဘ၀အောင်မြင်မှူ
Wednesday, February 20, 2008
ကြေကွဲလွမ်းဆွတ်မှု အမှတ်တရ

သွားနှင့်ပါ အဖေ….
အချိန်ကျရင် လိုက်ခဲ့ပါ့မယ်
ကျေနပ်ပါ အဖေ….
သမီး သိပ်မငိုတော့ဘူးနော်
ခွင့်လွှတ်ခဲ့ပါ အဖေ….
အရာရာ ပြီးဆုံးသွားပြီပဲ
အစ ဆိုရင်လည်း ဟုတ်တယ် အဖေ….
သံသရာ ရှည်နေသရွေ့ပေါ့
ဖြည့်မဆုံးနိုင်တဲ့ ဆန္ဒတွေပါ အဖေ….
မပြည့်စုံခြင်းတွေ အတွက်ပေါ့
ကျေနပ်လိုက်ပါ အဖေ….
မကျေနပ်ခြင်းတွေအတွက်ပေါ့
ဘာမှမပေးလိုက်နိုင်ဘူး အဖေ….
အဖေ ယူတတ်ရင် ရမှာပါ
အသစ်အသစ်တွေမှာ ပျော်နေနိုင်ပါစေ အဖေ….
သမီးကတော့ အဟောင်းအဟောင်းတွေမှာ ကြေကွဲနေဆဲပေါ့
အသက်ရှင်နေချိန်တွေမှာ တွေ့ဖို့မကြိုးစားပဲ
အသက်မဲ့ ခန္ဓာကိုယ်ကြီးကိုတော့
တကူးတက လာတွေကြသတဲ့ အဖေ…
သမီး ဥာဏ်မမှီတော့ပါဘူး
ဘ၀ ကြမ်းကြမ်းကိုဖြတ်ခဲ့ရပေမဲ့
အဖေ့ရဲ့ နှူးညံ့ခြင်းတွေအတွက်
သမီး ကျေနပ်လျှက်ပါ….
အရာအားလုံးကို စွန့်လွှတ်ရရင်တောင်
သတိရခြင်းတွေကိုတော့ ပိုင်ဆိုင်ခွင့်ရှိပါတယ်နော် အဖေ….
အဖေ့ကို သမီး အရမ်း သတိရနေတယ်….
အရိပ်
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
Posted by
အရိပ်
at
11:06 AM
7 comments Labels: Poem
Tuesday, February 19, 2008
အဖြေမရှိတဲ့ “ အမေး ”

ဘာမှမပြောဘဲ
Offline လိုင်းဖြစ်သွားတဲ့ Gtalk မှာ
ငါ့ဘက်က ဘယ်လိုကျန်ခဲ့မလဲဆိုတာ
နင် စဉ်းစားမိရဲ့လား…..
မပြောမဆိုနဲ့
ချသွားတဲ့ဖုန်း
ငါ့ဘက်က ဘယ်လိုနေမလဲဆိုတာ
နင် တွေးမိရဲ့လား…..
နင်လိုချင်တာပဲ သိပြီး
ငါ့ဘက်ကအခက်အခဲတွေကို
ငါ့နေရာမှာ
နင် ၀င်ပြီးခံစားကြည့်ဖူးလား…..
နင် လိုချင်တာမရရင်
ဘာမှမစဉ်းစားပဲ
ပြောချလိုက်တဲ့ စကားတွေ
ငါ့ရင်ထဲမှာ ဘယ်လောက်ခံရခက်လဲ
နင် သိရဲ့လား….
နင့်ဘက်က ချစ်တယ်ဆိုတဲ့စကား
အလွယ်တကူ ပြောထွက်ခဲ့ပေမဲ့
ငါ့ဘက်က ဘယ်လောက်ရူးခဲ့ရလဲဆိုတာ
နင် သိနိုင်လို့လား…..
နင်က အပျော်သဘောနဲ့ချစ်ခဲ့ပေမဲ့
ငါ့ဘက်က ဘယ်လောက်လေးနက်တယ်ဆိုတာ
ငါ့ရင်ထဲကို
နင် ဖောက်ထွင်းမြင်နိုင်လို့လား….
အခုလည်း………..
နင့်ဘက်က လွယ်လွယ်လေး မုန်းခဲ့ပေမဲ့
ငါ့ဘက်မှာ ဘာတွေဖြစ်ကျန်ခဲ့မလဲဆိုတာ
နင် ခဏဖြစ်ဖြစ်
ဝင်ကြည့်ပါလား….
ချစ်သူရယ်....
အရိပ်
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
Posted by
အရိပ်
at
8:22 AM
3 comments Labels: Poem
Friday, February 15, 2008
ဒို့နှစ်ယောက်
သိပ်ချစ်ခဲ့ကြတယ် ဒို့နှစ်ယောက်
တစ်ယောက်ကိုတစ်ယောက် အပျောက်မခံ
လောကဒါဏ်တွေဘယ်လိုပင် ရိုက်ခတ်ရိုက်ခတ်
ပိုင်းဖြတ်တဲ့စိတ်ထားတွေ မယိုင်မနဲ့ဘဲ
ခိုင်မြဲတဲ့သံမဏိကြိုးတွေထက် မြဲမြန်
ပိုးကြိုးတဖန်အရုံးပေးရမဲ့ နုညံ့မှုတွေနဲ့
သံယောဇဉ်တွေ ကြီးခဲ့ကြတယ်လေ……
ဖောင်စီးရင်ရေငတ်
လမ်းလျှောက်ရင်လမ်းပျောက်ခဲ့ပေမယ့်
တစ်ယောက်လက်တစ်ယောက် မလွှတ်စတမ်းဆုပ်ကိုင်
မမောနိုင်မပန်းနိုင်တဲ့ ခရီးရှည်လျှောက်လှမ်းရင်း
ဘဝအမောတွေဖေးကူလို့ ဖြေရှင်းကြတယ်လေ……….
တူညီတဲ့ရည်မှန်းချက်တွေချမှတ်
ဆုံးဖြတ်ချက်ပြတ်သားမှုတွေ ပွေ့ပိုက်
ဘေးရန်တွေဘယ်လိုပင် ဝိုင်းရံနေပါစေ
မတုန်လှုပ်သောဇွဲသတ္တိတွေ မွေးမြူ
ရည်မှန်းချက်တူကို အရောက်လှမ်းမယ်ဆိုပြီး
ခဏတာခွဲခွါလိုက်ကြတာ မိုင်ထောင်ချီနေပါရောလား……….
အချိန်တွေမည်မျှပင် ကုန်ဆုံးပါစေ…………
ဒို့နှစ်ယောက်မည်မျှပင် ဝေးကွာပါစေ………
မည်သူတွေမည်မျှပင် တားဆီးပါစေ………..
ကြမ္မာဆိုးတွေမည်မျှပင် ဖန်တီးပါစေ……….
အစဉ်အလာတွေမည်မျှပင် ကြီးဆိုးပါစေ……
ဒို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို
ဘယ်လိုမှမှေးမှိန်အောင် လုပ်နိုင်မယ်ထင်ပါဘူးလေ………...
သြော်……………
ဒို့နှစ်ယောက် သိပ်ချစ်ခဲ့ကြတယ်လေ………….
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
Posted by
အနတ္တ
at
12:34 PM
1 comments Labels: Poem, Valentine Day, အနတ္တ

