ပင်လယ်ကို ဆဲသူ
တစ်စုံတစ်ယောက
်ကျောက်ကမ်းပါစွန်း ထိပ်ပေါ်ရုတ်ချည်းတတ်
ပင်လယ်ကိုဆဲပါလေရော။
မိုက်မဲတဲ့ရေ မိုက်မဲတဲ့ကိုယ်ဝန်ဆောင်ရေ၊
ကောင်းကင်ရဲ့ရွှံ့စေးထူတဲ့ ပုံတူကား၊
နေနဲ့လကြား တွန့်ဆုတ်စွာရစ်ဝဲနေသူ၊
ခရုခွံများကို ရေးကြီးခွင်ကျယ်လုပ် ရေတွက်နေသူ၊
အရည်ဆန်တဲ့ အာကျယ်တဲ့ နွားသိုး၊
ကျောက်တုံးများကို သူ့သွေးနဲ့မျိုးအောင်စေသူ၊
သူ့ကိုယ်သူပြန်သတ်တဲ့ဓါး၊
သန်လျက်စွန်းတိုင်းမှာ သူ့ကိုယ်သူ အစိတ်စိတ်အမွှာမွှာကွဲစေသူ၊
ဟိုက်ဒြာ ညကို အပိုင်းပိုင်းဖြတ်သူ၊
တိတ်ဆိတ်မှုရဲ့ ဆားငန်တိမ်တိုက်များကို ရှုရှိုက်နေသူ၊
ကျောက်ကျောလို အတောင်ပံတွေဖြန့်ပြီး၊
အချည်းနှီး၊အချည်းနှီးပဲ၊
ဂေါ်ဂွန်--ကိုယ့်ကိုယ်ကို ပြန်လည်ဝါးမျိုနေသူ၊
ရေ၊ရေရဲ့ ရယ်ဖွယ်ကောင်းတဲ့ ပြားချပ်ချပ်ဦးခေါင်းခွံအသင်-
အဲ့ဒီလို အတန်ကြာ ပင်လယ်ကို သူဆဲပစ်လိုက်တယ်။
သဲပေါ်က သူ့ခြေရာတွေကို လျှာနဲ့လျက်ပစ်ခဲ့တဲ့ ပင်လယ်
ဒဏ်ရာရ ခွေးတစ်ကောင်လို။
ပြီးတော့ သူအောက်ကိုဆင်းလာပြီး
ပွတ်သပ်လိုက်တယ်
သေးတိမ်စွာ ထုထည်ကြီးမား မုန်တိုင်ထန်နေတဲ့
ပင်လယ်ရဲ့ကြေးမုံကို။
တွေ့ပလားကွ၊ရေ ၊လို့သူပြောပြီး
သူ့လမ်းသူ ဆက်သွယ်ပါလေရော။ ။
ဟိုက်ဒြာ=ခေါင်းတစ်လုံးဖြတ်လျှင် နှစ်လုံးတိုးသည်ဆိုသော ဂရိဒဏ္ဍာရီထဲက နဂါးကြီး။
ဂေါ်ဂွန်=ဂရိဒဏ္ဍာရီထဲက အလွန်စက်ဆုပ်ဖွယ်ကောင်းသော ဘီလူးမ။
ဝန်ခံချက်=ဂရိကဗျာတစ်ပုဒ်ဖြစ်ပါသည်။
No comments:
Post a Comment