စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး
၁။ သူက အများကို မြင်နိုင်တယ်။
၂။ သူ့ကို အများကမြင်နိုင်တယ်၊
၃။အများကိုလည်း အများက မြင်နိုင်စေတယ်။
ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။
စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်
Tuesday, December 25, 2007
ကိုယ်နဲ့ စီးကရက်တစ်လိပ် အကြောင်း
လူများရဲ့ အပျင်းပြေ စိတ်လေတိုင်းဖွာရှိုက်
လောင်မြိုက်တဲ့ မီးစနဲ့ ပစ်ချခြင်းဒဏ်
ခံရဖန်လည်း များရော့ပေါ့။
လမ်းဘေးက ဆေးလိပ်
ခပ်ကြိတ်ကြိတ် ပြုံးရင်းကောက်
ကိုယ်တောင် သောက်မိတော့မလို့
နှုတ်ခမ်းလွှာနားမရောက်ခင်
ငုံ့ကြည့်စဉ်မှာတော့
စီးကရက် က တိုနေပေါ့။ ။
ကျောင်းတုန်းက သူငယ်ချင်း ဆွေးမြေ့(နှောင်း) ရဲ့ ကဗျာလေးပါ။
Posted by
ခိုင်မြဲ
at
12:35 AM
0 comments Labels: Poem
Sunday, December 23, 2007
ဘုရားကျောင်းကန်သို့ မကြာမကြာသွားပါ
ယုံကြည်သည်ဖြစ်စေ
ဘုရားကျောင်းကန်များသည်
အထူးတလည် ငြိမ်းချမ်းရာ ဌာနများဖြစ်သည်။
ဘုရားကျောင်းကန်သို့ မကြာမကြာသွားပါ။
ငြိမ်းချမ်းမှူ့ကို ရယူပါ။
ခိုင်မြဲ
Posted by
ခိုင်မြဲ
at
11:39 PM
1 comments Labels: စိတ်တည်ငြိမ်မှု စိတ်ချမ်းသာမှူနှင့် ဘ၀အောင်မြင်မှူ
ဆိတ်ငြိမ်မှူ့ကို နားထောင်ပါ
Posted by
ခိုင်မြဲ
at
9:03 PM
1 comments Labels: စိတ်တည်ငြိမ်မှု စိတ်ချမ်းသာမှူနှင့် ဘ၀အောင်မြင်မှူ
Saturday, December 22, 2007
စာပွဲးအောက်မှာ တရေးအိပ်ပါ။
တစ်နေ့တာ ပင်ပန်းသမျှကို
တရေးအိပ်ပြီး ဖြေဖြောက်ပါ။
သုံးမိနစ်လောက် အိပ်ယုံမျှဖြင့်
သင်မည်မျှအားပြည့်လန်းဆန်းလာသည်ကို
သင်ကြုံဖူးပါသည်။
ဒါ့ကြောင့်
စားပွဲအောက်မှာတရေးအိပ်ပြီး
အနားယူလိုက်ပါ ။…..။
Posted by
ခိုင်မြဲ
at
2:51 PM
1 comments Labels: စိတ်တည်ငြိမ်မှု စိတ်ချမ်းသာမှူနှင့် ဘ၀အောင်မြင်မှူ
Friday, December 21, 2007
မ (သို့) .......
မို့ ပါးပြင် လေးမှာ
သနပ်ခါးလေးဖွေး
ပါးကွက်ကြားလေးနှင့်
တဖက်သား အငေးပိုအောင်
ပြုစားနေ သယောင်ယောင်…..။
ရှက်စနိုးပြုံးရယ်ရင်
ပါးချိုင့်လေး ပါးမှာ ထင်
ပါးကွက်လေးနှင့် တစ်မျိုးပင်
တစ်ပါးသူရင်ခွင် ကို
ကြည်နူးမှူ့ တွေ ပေးသလိုလို …..။
ရွှန်းလဲ့ တဲ့ အကြည့်
သွယ်လျှတဲ့ ဟန်ပန်
နှစ်လိုဖွယ်အိနြေ္ဒတွေနှင့်
ညင်သာစွာလျှောက်အလှမ်းမှာ
ဘယ်ပန်းတွေ ဦးမော့ ထားနိုင်မှာလဲ……….။
တောက ကိုရင်
Posted by
တောက ကိုရင်
at
10:28 PM
2 comments Labels: Poem
"အတိတ် နှင့် ပစ္စုပ္ပန်"
နှစ်တစ်နှစ်ကုန်ဆုံးတော့မှာကိုစဉ်းစားရင် လွန်ခဲ့တဲ့ ကိုးနှစ်၊ဆယ်နှစ်လောက်က
နေရာလေးတွေကို ပြန်ပြီးလျှောက်သွားနေရင်ကနေ ခလုပ်တိုက်လို့ ငုံ့ကြည့်လိုက်တဲ့အခါမှာ သစ်ပင်လေးတစ်ပင်ကို တွေ့မိတာနဲ့ စိတ်မီးအိမ်ဥယျာဉ်ထဲမှာ ချစိုက်လိုက်တာပါ။ တချို့သူငယ်ချင်းတွေဆိုရင် ဒီအပင်လေးကိုတွေ့ဘူးကြမယ်လို့ထင်ပါတယ်။
“အတိတ် နှင့် ပစ္စုပ္ပန်”
နေ့လည်နှစ်ချက်ကျ
‘မ’ကံမကောင်းသမျှ
ဘုရားထံနားပူနားစာတိုက်
ငိုက်ခနဲဖြစ်သွား။
တိမ်တိုက်ကိုစီး
မေဘရဏီလေးလား
သူလေးပြေးအလာ
လေဟုန်ကိုစီး
သိန္ဓောအလား
ကိုယ်ကအပြေး။
ဒီဘ၀တော့ အမေ့သားကံကောင်းပြီ
နှစ်ကိုယ်တူပျော်မြူးကြမည်
စိတ်မှာတွေးရင်
လက်တကမ်းအကွာ………….
ဟေ့ကောင် အနတ္တ
ထတော့ ထတော့
ညစာဟင်းချက်ဖို့…….. တဲ့။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
Posted by
အနတ္တ
at
7:21 PM
3 comments Labels: Poem, အနတ္တ





