စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး
၁။ သူက အများကို မြင်နိုင်တယ်။
၂။ သူ့ကို အများကမြင်နိုင်တယ်၊
၃။အများကိုလည်း အများက မြင်နိုင်စေတယ်။
ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။
စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်
Saturday, December 22, 2007
Friday, December 21, 2007
မ (သို့) .......
မို့ ပါးပြင် လေးမှာ
သနပ်ခါးလေးဖွေး
ပါးကွက်ကြားလေးနှင့်
တဖက်သား အငေးပိုအောင်
ပြုစားနေ သယောင်ယောင်…..။
ရှက်စနိုးပြုံးရယ်ရင်
ပါးချိုင့်လေး ပါးမှာ ထင်
ပါးကွက်လေးနှင့် တစ်မျိုးပင်
တစ်ပါးသူရင်ခွင် ကို
ကြည်နူးမှူ့ တွေ ပေးသလိုလို …..။
ရွှန်းလဲ့ တဲ့ အကြည့်
သွယ်လျှတဲ့ ဟန်ပန်
နှစ်လိုဖွယ်အိနြေ္ဒတွေနှင့်
ညင်သာစွာလျှောက်အလှမ်းမှာ
ဘယ်ပန်းတွေ ဦးမော့ ထားနိုင်မှာလဲ……….။
တောက ကိုရင်
Posted by
တောက ကိုရင်
at
10:28 PM
2 comments Labels: Poem
"အတိတ် နှင့် ပစ္စုပ္ပန်"
နှစ်တစ်နှစ်ကုန်ဆုံးတော့မှာကိုစဉ်းစားရင် လွန်ခဲ့တဲ့ ကိုးနှစ်၊ဆယ်နှစ်လောက်က
နေရာလေးတွေကို ပြန်ပြီးလျှောက်သွားနေရင်ကနေ ခလုပ်တိုက်လို့ ငုံ့ကြည့်လိုက်တဲ့အခါမှာ သစ်ပင်လေးတစ်ပင်ကို တွေ့မိတာနဲ့ စိတ်မီးအိမ်ဥယျာဉ်ထဲမှာ ချစိုက်လိုက်တာပါ။ တချို့သူငယ်ချင်းတွေဆိုရင် ဒီအပင်လေးကိုတွေ့ဘူးကြမယ်လို့ထင်ပါတယ်။
“အတိတ် နှင့် ပစ္စုပ္ပန်”
နေ့လည်နှစ်ချက်ကျ
‘မ’ကံမကောင်းသမျှ
ဘုရားထံနားပူနားစာတိုက်
ငိုက်ခနဲဖြစ်သွား။
တိမ်တိုက်ကိုစီး
မေဘရဏီလေးလား
သူလေးပြေးအလာ
လေဟုန်ကိုစီး
သိန္ဓောအလား
ကိုယ်ကအပြေး။
ဒီဘ၀တော့ အမေ့သားကံကောင်းပြီ
နှစ်ကိုယ်တူပျော်မြူးကြမည်
စိတ်မှာတွေးရင်
လက်တကမ်းအကွာ………….
ဟေ့ကောင် အနတ္တ
ထတော့ ထတော့
ညစာဟင်းချက်ဖို့…….. တဲ့။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
Posted by
အနတ္တ
at
7:21 PM
3 comments Labels: Poem, အနတ္တ
ခရီး
လမ်းမတွေ အေးစက်နေပြီ
ငါတို့ရဲ့မှတ်တိုင်တွေ အချိန်ဖြုန်းနေကြဦးမလား
အဝေးက တောင်တန်းပြာပြာတွေ မျက်ရည်ယို လို့
ဆီနှင်းများစွာ ။
အဓိပ္ပယ်မဲ့ ပင်လယ်ပြင်ကြီးက
ငါ့တစ်နေရာစာမှာ အိုင်အိုဒင်းတွေဖြစ်ခဲ့
အဓိပ္ပယ်ရှိ ပင်လယ်ပြင်ကြီးကတော့
ငါစိတ်ကို ချမ်းသာစေခဲ့တယ်
ရှူ့မျှော် မဆုံးပေါ့- - - - - - - ။
မျှော်လင်းခြင်း မျက်လုံးများနဲ့
ငါရင်ဘက် အက်ကြောင်းထဲက
သွေစိမ်းစိမ်း ရွှင်ရွှင် တွေ စိမ့်ထွက်လာတုန်း
ရာသီစာ အလွမ်း တွေ ကို
ကျောပိုးအိတ် ထဲ ထည့်ပြီး
တိမ်တိုက် တွေ ကိုငေးကြည့် နေမိတယ်
ဝေးကွာခြင်းများနောက် ။
စူရှ ကျယ်လှောင်တဲ့ အသံတွေရဲ့နောက်
အမှီလိုက်ရင်း
နောက်ကျကျန်ရစ်ခဲ့
အဖြူ အမဲ တွေကြား လည်ပတ်ရင်း
ခြေထောက်တွေ အသားမာတက်ခဲ့
ရှုပ်ထွေးခြင်း များ။
ငါပြေးထွက်ခဲ့
ငါရုန်းထွက်ခဲ့မိပါတယ်
မလွတ်မြောက်နိုင်တဲ့ ဘ၀သံသရာထဲက
အေးစက်စက် အကြည့်တွေနဲ့ ဝေးရာ ကို
ရောက်လိုရောက်ငြားပေါ့- - - - - - - -။
Posted by
ခေတ်လူ
at
5:46 PM
1 comments Labels: Poem
သုည
ကျွန်တော် ဘ၀ကို
သုည ကစခဲ့ပါတယ်- - - - -၊
ခုလည်း
သုည- - - ပါပဲ- - - - - - -- - ။
Posted by
ခေတ်လူ
at
5:44 PM
0 comments Labels: Poem
စွန့်လွှတ်ခြင်းရဲ့နောက်
ဝေခွဲမရ အသိတွေကြားမှာ
ခေါင်းငိုက်စိုက်ချနေရသူပါ၊
ပြိုတော့မဲ့ မိုးတိမ်တွေထက်
အရင်ပြိုခဲ့ရသူပါ...။
အနံ့မရှိတဲ့ ပန်းပွင့်ထက်လည်း
အထီးကျန်ခဲ့ရသူပါ၊
မသေမချာ ဖြစ်ရပ်တွေကြား
အလိုက်သင့်မျောပါရင်း...
ဘ၀တစ်ခုကို
ယောင်လည်လည်နဲ့ ပေးဆပ်နေရသူပါ။
အရာအားလုံးရဲ့ သင့်လျှော်တဲ့၊
အားလုံးရဲ့ အတ္တတွေထဲ
မခါးသက်နိုင်သေးတာ
ကိုယ်ရဲ့ အားနည်းချက်တစ်ခုပါ။
ရှင်သန်ခြင်းအတွက်......
နုပျိုမှု့လိုသေးလား၊
မြေကြီးထဲက အမြစ်တွေအားလုံးအတွက်
ပင်စည်မလိုပါဘူး.........
မိုးမခေါင်သေးခင်
ရှင်သန်နေပါစေ...။
လက်ဆုပ်လက်ကိုင် မပြနိုင်သေးတဲ့
အညွှန့်တွေအတွက်၊
ရေးလောင်းဖို့ မေ့သွားခဲ့ပါတယ်..၊
အတိတ်က တောင်းပန်ခဲ့တာတွေလည်း
ခုထိ မရှက်တတ်သေးပါဘူး...
ချည်နှောင်ထားတဲ့ ကြိုးတွေကြောင့်ပါ..။
ဘ၀ထွေထွေမှာ
အလိုက်သိစွာ နေတတ်ခဲ့ပါပြီ......
ဆင်ခြေဆင်လက်တွေလည်း မပေးတော့ပါဘူး။
အားလုံးနဲ့ဝေးရာ..........
...ငါ......
ကဗျာတွေနဲ့သာ။...........။
Posted by
ခေတ်လူ
at
5:43 PM
0 comments Labels: Poem, ခေတ်လူ
လှေ
မင်းရဲ့ အသိုက်မှာ....
ငါ့ခြေလှမ်းတွေ ထစ်ခဲ့။
ရင်ခပ်ကြမ်းကြမ်းနဲ့
ဥပက္ခာတရား...
လမ်းတွေ မှော်ဝင်နေတုန်းပေါ့။ ။ ။။
Posted by
ခေတ်လူ
at
5:40 PM
0 comments Labels: Poem, ခေတ်လူ
