“တို့ညာမြေ”
"တို့ညာမြေ"
တို့ညာမြေလှ၊ သာစွရှု့မော၊
လွန်ကျယ်ပြောသည့်၊ ထန်းတောထန်းပင်
မြူခိုးလွင်စ......
ချွန်မြရှားစောင်း ၊ မြထနောင်းနှင့်
မန်ကျည်းတမာ ၊ ပင်လက်ပံရွှေဝါလောင်းတယ်
ပွင့်ပေါင်းဝေစီ..........
ဆက်ရက်ငယ်သာ၊ ရွှေကြိုးကြာတို့
ပင်ရောရာ ၊ မွှေကာယှက်တယ်
ရွှေကြက်ကမြူး........
တောင်သူ့ရှင် ၊ သျှောင်တစ်စောင်းနှင့်
သူ့သားမောင် သပိတ်သွင်းရန်
အားစိုက်ထွန်မြူး.........
တစ်စေ့တစ်စောင်းကြည့် ၊ရွှေကျီးလည်ပြန်
နွားပေါ်ကပျံ၊ ပင်လက်ပံပာိုထိပ်ဖျားမှာ
အိမ်ကြီးရှင် ယာလာလမ်းကို
သူလှမ်းကာ သာရှာလှတယ်
တောလေ့စခန်း........။ ။
နွယ်သဇင် (နတ်တပ်)
2 comments:
ကိုနွယ်သဇင်ရဲ့.. ကဗျာကို ဖတ်ပြီး.. ကိုရင်(နဂို)ညိုလေးရဲ့ မှတ်ချက်ကိုဖတ်လိုက်တော့ .. ကဗျာရဲ့ စကားပြေကို ဖတ်လိုက်ရသလိုပါပဲ..။
ပိုပြီး ဇာတ်ရည်လည်သွားတယ်..။ ကိုနွယ်သဇင်ရဲ့ အဖိအဖေါ့ကို ကိုညိုတို့က ဖော်လိုက်တာများ.. ဘာမှ ကဗျာမတတ် စာမတတ် တုံးတိတိ ကျုပ်တို့လို အညာသားတောင်မှ ဘယ်ကို လွမ်းရမှန်းမသိ ဖြစ်သွားသေးရဲ့ ..။
မနောက်ပါနဲ.ကိုယ်တော်ရယ်...ကြောက်လွန်းလို.ဖျက်
လိုက်ပြီနော် ....ဟဲဟဲ....
Post a Comment