အဖြေမရှိတဲ့ “ အမေး ”
ဘာမှမပြောဘဲ
Offline လိုင်းဖြစ်သွားတဲ့ Gtalk မှာ
ငါ့ဘက်က ဘယ်လိုကျန်ခဲ့မလဲဆိုတာ
နင် စဉ်းစားမိရဲ့လား…..
မပြောမဆိုနဲ့
ချသွားတဲ့ဖုန်း
ငါ့ဘက်က ဘယ်လိုနေမလဲဆိုတာ
နင် တွေးမိရဲ့လား…..
နင်လိုချင်တာပဲ သိပြီး
ငါ့ဘက်ကအခက်အခဲတွေကို
ငါ့နေရာမှာ
နင် ၀င်ပြီးခံစားကြည့်ဖူးလား…..
နင် လိုချင်တာမရရင်
ဘာမှမစဉ်းစားပဲ
ပြောချလိုက်တဲ့ စကားတွေ
ငါ့ရင်ထဲမှာ ဘယ်လောက်ခံရခက်လဲ
နင် သိရဲ့လား….
နင့်ဘက်က ချစ်တယ်ဆိုတဲ့စကား
အလွယ်တကူ ပြောထွက်ခဲ့ပေမဲ့
ငါ့ဘက်က ဘယ်လောက်ရူးခဲ့ရလဲဆိုတာ
နင် သိနိုင်လို့လား…..
နင်က အပျော်သဘောနဲ့ချစ်ခဲ့ပေမဲ့
ငါ့ဘက်က ဘယ်လောက်လေးနက်တယ်ဆိုတာ
ငါ့ရင်ထဲကို
နင် ဖောက်ထွင်းမြင်နိုင်လို့လား….
အခုလည်း………..
နင့်ဘက်က လွယ်လွယ်လေး မုန်းခဲ့ပေမဲ့
ငါ့ဘက်မှာ ဘာတွေဖြစ်ကျန်ခဲ့မလဲဆိုတာ
နင် ခဏဖြစ်ဖြစ်
ဝင်ကြည့်ပါလား….
ချစ်သူရယ်....
အရိပ်
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
3 comments:
အရိပ်.......
ဘာမှ မပြောပဲ Offline ဖြစ်သွားတာ
မီးပျက်သွားလို့ နေမှာပါ.........။
မပြောမဆို ဖုန်းချ သွားတာ ရုံး က ဖုန်း ခိုးဆက်တုန်း
လူကြီးဝင်လာလို့ နေမှာပါ.........။
အဲလို နဲ့ အရေးမကြီးတာလေးတွေကနေ
နားလည်မှု လွှဲတတ်တယ်။
သေချာ မေးလေ......
ဘာကြောင့် ခုလို ဖြစ်တာလဲဆိုတာ.......။
ဟဲ.....ဟဲ.............
(စတာ နော် သယ်ရင်း.....)
အရိပ်ရေ
ကောင်းလိုက်တဲ့ ကဗျာလေးပါလား
ကိုယ်ချင်းစာ ဘို့ဆိုတာ အပြောလွယ်ပေမဲ့ လက်တွေ့လုပ်ဘို့ မလွယ်ကူဘူးလေ
နက်ရှိုင်းတဲ့ ခံစားချက်ကလေးပါနဲ့ ရေးနိုင်တာကို ချီးကျူးပါတယ်
အရိပ်ရေ ကို ကောင်းတမန် ပြောတာဖြစ်နိုင်ပါတယ်
ဟဲဟဲ.....
Post a Comment