စစ်မှန်သော သူငယ်ချင်း
တနေ့ပြီး တနေ့
ဘ၀ကို သက်တမ်းတိုး
လိုအင်ပြီး လိုအင်
ခပ်ခပ်သောက်
ကိုယ့်ကိုကိုယ် ရှင်နိုင်အောင် ကြိုးစားရင်း
လမ်းမထက် လျှောက်နေကြဆဲ
နှစ်တွေလဲ အိုခဲ့ပေါ့
နံပါတ်မရှိ မိုင်တိုင်တွေ
လမ်းမတလျှောက်ဖြတ်ကျော်
လိုအင်တွေ မလိုအင်တွေ
ကောက်ယူသွားရရင်း
ကိုယ်ပိုင်ဘ၀ထဲ ထိုးထည့်
အသစ်သော မျှော်လင့်ခြင်းတွေ
ပင်လယ်ထဲ ပစ်ပစ်ချလို့
ကိုယ့်ဘ၀ကို
ကိုယ်ပြန်မျှားကြည့်တာ
သုတ်တင်တိုင်း သုတ်တင်တိုင်း
ပါလာသမျှက
နောက်လိုအင်တွေ ဖြစ်ဖြစ်နေလို့
လိမ့်ပတ်မလည်တဲ့ ဆန္ဒတွေနောက်
လိုက်ပါကြရင်း
ဆုံးရှုံးမှုတွေ ကြုံခဲ့သမျှ
အားပေးဖော်သူငယ်ချင်း
မင်းတစ်ယောက်ရှိရုံနဲ့
လုံလောက်တာ
သူငယ်ချင်းရေ
အတိတ်က ဆုံတွေ့မှုကို
ကျေးဇူးတင်
တို့ရင်းနှီးမှုကို
အသံမထွက်ဘဲ ခံစားကြည့်ရအောင်
မျက်စိလေး ခဏလောက်မှိတ်ပေးပါ။
အရိပ်
poemscorner.com
2 comments:
ကောင်းလိုက်တဲ့ ကဗျာလေး အသံမထွက်ဘဲ ရင်ထဲမှာရှိနေတဲ့ ခင်မင်မှုက နှုတ်ကဖွင့်ပြောတာထက် ပိုပီး နက်ရှိုင်းပါတယ်။
အရိပ်ရေ…. နင်မျက်စိမှိတ်ခိုင်းလို့လားတော့မသိဘူး။ ခိုင်မြဲကတော့ ခုံအောက်ဝင်ပြီး မျက်စိမှိတ်နေပြီ။
Post a Comment