"အမှား"
ချစ်လို့မှားတဲ့ အမှား
မုန်းလို့မှားတဲ့ အမှား
ကြောက်လို့မှားတဲ့ အမှား
တွေဝေလို့မှားတဲ့ အမှား
အမှား အမှား မှား မှား
အမှားသံဿရာ အမှားကမ္ဘာမှာ
ကြိမ်ဖန်များစွာ တို့တွေမှားလာ
အမှားဝင်္ကဘာ အမှားအသင်္ချာ
ရှိလာပါလည်း မှားပြီးရင်းမှား
အမှား အမှား မှား မှား
မှန်တယ်ထင်တဲ့ အမှား
မှားတယ်ထင်တဲ့ အမှန်
အမှန်ကိုအမှားထင်တဲ့ အမှား
အမှားကိုအမှန်ထင်တဲ့ အမှား
လုပ်လို့မှားမှား မလုပ်လို့မှားမှား
အလျားအနံ မရှိပေမယ့်
အသွားအပြန် ရှိတဲ့အမှား
မှားမြဲမှားနေ တို့တတွေသည်
အငှားခန္ဓာ မှားစွာတွယ်ဖက်
သူ့ဘက်ပါအောင် မှားစွာရွက်ဆောင်
မရှိကိုအရှိထင်တဲ့ အမှား
မပြတ်ကိုအပြတ်ထင်တဲ့ အမှား
မဆက်ကိုအဆက်ထင်တဲ့ အမှား
ပိန်းပိတ်အောင်မှား လိမ့်ပိန့်အောင်မှား
ဒီလိုမှားလာ များစွာဘဝ
ရှိသပလည်း လွတ်အောင်ရုန်းမူ
မပြုဆောင်သူ နွံနစ်သူပမာ
ခံရမည်မှာ မမှားလေတည်း။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
7 comments:
အနတ္တရေ.. သတိပေးတဲ့အတွက် ကျေးဇူးနော်......
အနတ္တရေ.. သတိပေးတဲ့အတွက် ကျေးဇူးနော်......
အနတ္တရေ
Happy New Year မှာ ရေးထားတဲ့ ကဗျာကလေးက မိုက်တယ်။
အမှားပေါင်းမြောက်များစွာ ပိုင်ဆိုင်နေဘီလားလို့ ကိုယ့်ကို ကိုယ် ပြန်ကြည့်ဖြစ်တယ် ကျေးဇူးပါ။
အနတ္တရေ...........
ဒီကဗျာ တစ်ပုဒ် နဲ့ တင် အားလုံး လုံလောက်နေပါပြီ။
နောက် ကိုမမှားအောင်ကြိုးစားကြစို့။
ဒါမှ မဟုတ်..
အမှား နည်းအောင်ကြိုးစားကြပါစို့။
အနတ္တ
အရမ်းကို ကောင်းလိုက်တာ
တော်တော်လေးကို အဓိပ္ပာယ်ရှိတရ်နော်
မေနှင်းဘ၀မှာလဲ ဘယ်အမှားမျိုးနဲ့ကြုံဆုံပြီးသွားပြီ ဆိုတာရယ် ရှေ့လျှောက် အမှားမလုပ်မိအောင် ဘယ်လို နေထိုင်ရမလဲ ဆိုတာ ဆန်းစစ်ကြည့်ရအောင်ဦးမရ် ပရင့်ထုတ်ပြီး သတိထားရတော့မရ်နော်
မေနှင်း
Post a Comment