စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Saturday, February 2, 2008

“လမ်းဆုံမှတ်တိုင်”


ဘိုးဘေးဘီဘင် လက်ထက်ကပင်
ဆန်ပေးဆေးယူ ညှိနှိုင်းတူပြီး
ရောင်းဝယ်ဖောက်ကာ ချင့်ထောက်သွားလျှက်
ရပ်တည်လာကြ လူ့ဘဝ။

ဆန်းသစ်တီထွင် ပိုမိုမြင်ပြီး
ကြားခံပစ္စည်း ထားပြီးသကာလ
စီးပွားကူးသန်း ပိုလျှောက်လှမ်းခဲ့
မြန်းခဲ့ကြရ နှောင်းခေတ်က။

ပစ္စည်းကြားခံ သယ်ယူလွယ်ရန်
တမျိုးကြံဆ တီထွင်ကြလျှက်
သုံးစွဲလီလီ မျိုးကွဲတသီဖြင့်
အရေးပါလှ ငွေကဏ္ဍ။

ငွေ၏တန်ဖိုး မြင့်ခါတိုးသော်
နတ်မျိုးတမျှ ကိုးကွယ်ကြလျှက်
ပေးဆပ်ဘဝ ချိန်ကာလတွေ
တိမ်ပမာအလား လေမှာထားပြီး
ကုန်ဆုံးခဲ့ရ ဒို့ဘဝ။

သတိဝင်လာ ဒီတစ်ခါဖြင့်
အလန့်တကြား ရေတွက်ညားသော်
ဘဝသက်တမ်း တဝက်လှမ်းခဲ့
လှိုင်းတပိုးမျှ ပြင်းထန်လှ။

ကျန်သည့်သက်တမ်း ဘယ်ကိုမှန်းပြီး
ရော်ရမ်းမှန်ဆ လျှောက်လှမ်းရလိမ့်
စိတ်မှာတွေးဆ လမ်းဆုံမှ။

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Friday, February 1, 2008

အတိတ်ကို အတိတ်မှာပဲ ထားလိုက်ပါ



“ အတိတ်ကို အတိတ်မှာပဲ ထားလိုက်ပါ ”
အတိတ်မှ .....
ဝမ်းနည်းစရာ
နာကြည်းစရာ
မုန်းတီးစရာ အားလုံးကို
မေ့ပြစ်လိုက်ပါ။
အဘယ့်ကြောင့်ဆိုသော် .....
အတိတ် ဆိုသည်မှာ
သင်၏ မှတ်ဉာဏ်ထဲတွင်သာရှိပြီး
အခြားမည်သည့်နေရာတွင်မှ
မရှိသောကြောင့်ဖြစ်သည် ။ ။
ခိုင်မြဲ

[+/-] အပြည့်အစုံသို့...

Thursday, January 31, 2008

အချိန် နှင့် ပေးဆပ်သူများ

 

မနေ့က...

လမင်းပြိုမှာ စိုးလို့တဲ့

တိမ်တိုက်တွေက ထမ်းထားပေးတယ်။

 

ဒီနေ့...

တိမ်တိုက် ငိုမှာစိုးလို့တဲ့

နေမင်းက မျက်ရည်တွေကို စုပ်ယူထားပေးတယ်။

 

မနက်ဖန်...

လမင်းမပြို

တိမ်တိုက်မငို

နေမင်းလည်း မညိုရအောင်

ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ.။

 

( မမျှော်လင့်ပဲ ခိုင်မြဲ၊ကောင်းတမန်၊သနပ်ခါး နဲ့ အိပ်မက်စိမ်းတို့ ခဏ ဆုံကြတုန်း အမှတ်တရ အံ့ကျလာတဲ့ စကားလုံးတွေကို ကောက်ရေးထားလိုက်ကြတာပါ။ )

[+/-] အပြည့်အစုံသို့...

“ ----------------- ”

ပူလောင်ပြင်းပျ
နေမင်းကိုမှ
ခင်မင်ခဲ့ရ
သူ့ဘဝ ...။

ချေက်ဂျီတီအိုင်မှ သူငယ်ချင်း ထွေးပို နှင့် မမာမာသိန်း အား သတိတရဖြင့်ဖေါ်ပြပေးပါသည်။
စိတ်မီးအိမ် ဥယျာဉ်မှူးများခင်ဗျား ...
ကဗျာ ခေါင်းစဉ်အား ကဗျာရှင် မမာမာသိန်းနှင့် ထပ်တူ ခန့်မှန်းနိုင်သူအား စိတ်မီးအိမ်၏
“ ရွှေကလောင်ရှင် ” ဆုချီမြှင့်ပေးပါမည်။

[+/-] အပြည့်အစုံသို့...

ရိုးသားချင်တယ်

ငါရိုးသားချင်တယ် ...
လှည့်စားမှူလက်ထဲ
ရိုက်ချိုးခံခဲ့ရတဲ့
ငါ့ရဲ့ ...
ပွင့်လင်းမှုတွေကို နှမြောတယ်။

ငါရိုးသားချင်တယ် ...
ဆေးရောင်စုံ စိတ်အစုံထဲ
နစ်မွန်းခြင်းခံခဲ့ရတဲ့
ငါ့ရဲ့ ...
အဖြူရောင် နှလုံးသားကို နှမြောတယ်။

ငါရိုးသားချင်တယ် ...
နောက်ဆုံးတော့
ဆွံ့အသွားတဲ့ နှုတ်ခမ်းအစုံနဲ့
နှလုံးသား တစ်စုံက
သူ့ရဲ့ ...
အရိပ်စစ်ကို တမ်းတရင်း ....
ငါရိုးသားချင်တယ် ...။ ။

[+/-] အပြည့်အစုံသို့...

Tuesday, January 29, 2008

"သမ္ဗုဒ္ဓေဂါထာ ငါးမျိုး"


၁။ အရှေ့ကျွန်းသမ္ဗုဒ္ဓေ

သမ္ဗုဒ္ဓေ အဌဝီသဉ္စ၊
သဗ္ဗတေဇံ သဗ္ဗဂုဏံ။
သဗ္ဗသုခံ လဘတုမေ၊
ဆရဝီ ဆရာ ဆရီဆ ဆာယံ။
ပစ္စဗုဒ္ဓါ မဟာတေဇံ၊
သဗ္ဗညုတာ ဥာဏဝရံ။
သဗ္ဗသတ္တရု သဗ္ဗဘယံ၊
ဝိနဿန္တု အသေသတော။ ။

၂။ မြောက်ကျွန်းသမ္ဗုဒ္ဓေ

သမ္ဗုဒ္ဓေ အဌဝီသဉ္စ၊
ပဉ္စသတ သဟသာနိ။
ဒွါဒသဉ္စ သဟသာကေ၊
ဂင်္ဂါယံ ဝါဠုကာ စုဏ္ဏေ။
ပရာဇေတွာ မဟာဖုလ္လေ၊
နမာမိ သိရသာမဟံ။
တေသံဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နမာမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာသဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။ ။

၃။ အနောက်ကျွန်း သမ္ဗုဒ္ဓေ

သမ္ဗုဒ္ဓေ အဌဝီသဉ္စ၊
ဒွါဝီသဉ္စ ဣမေဗုဒ္ဓါ။
ဧကတိံသ သဗ္ဗေဗုဒ္ဓါ၊
ဒွတ္တိံသစ မဟာဗုဒ္ဓါ။
ပဉ္စဝီသာ ဗုဒ္ဓါ နတ္တိ၊
တေတ္တိံသ ဗုဒ္ဓါဘာဝနာ။
ဧတေန ဗုဒ္ဓဂုဏေန၊
တေသံဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နာမမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာသဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။ ။

၎။ တောင်ကျွန်းသမ္ဗုဒ္ဓေ

သမ္ဗုဒ္ဓေ အဌဝီသဉ္စ၊
ဒွါဒသဉ္စ သဟသာကေ။
ပဉ္စသတ သဟသာနိ၊
နမာမိ သိရသာမဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊
အနန္တာ နိဗ္ဗုတာ ဇိနာ။
တေသံဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နာမမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာသဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။ ။

၅။ အောင်သမ္ဗုဒ္ဓေ

သမ္ဗုဒ္ဓေ အဌဝီသတိ၊
မမဂစ္ဆဟိ ပုရတော။
ပဉ္စဗုဒ္ဓါ မဟာတေဇော၊
မမသီသေ နိသေသတိ။
ဒိဗ္ဗတီတင်္ခ ရက္ခ န္တု၊
မေ ဇယမင်္ဂလံ အဂ္ဂံ။
သဗ္ဗေပိ မေ နမဿာမိ၊
ဂုဏေ အာပတ္တိ ပုဂ္ဂလေ။
အရိယာနဉ္စ သဗ္ဗေသံ၊
သာဝကာနဉ္စ သဗ္ဗေသော။ ။

မုံရွာမြို့ကိုသွားရင်း မိုးညှင်းဆရာတော်ဘုရားကြီး တည်ထားကိုးကွယ်သော မိုးညှင်းသမ္ဗုဒ္ဓေ စေတီတော်ကိုဝင်ရောက် ဖူးမျှော်ခဲ့ပါသည်။
၎င်းစေတီတော်ကြီးတွင် ဘုရားရုပ်ပွားတော်ပေါင်း(မြ - ရွှေ - ငွေ - စိန် - သီး - ဆောင်း သမ္ဗုဒ္ဓေဘုရားပေါင်း ဟူသော သမိုင်းအလင်္ကာအရ) ၅၈၂၃၆၃ ဆူ ရှိကြောင်း သိရှိရပါသည်။
သူငယ်ချင်းမိတ်ဆွေအားလုံး လိုအပ်ပါက အလွယ်တကူ အသုံးပြုနိုင်ပါရန် စိုက်ပျိုးလိုက်ခြင်းဖြစ်ပါသည်။


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Monday, January 28, 2008

“တစ်ခေါက်တစ်ခါ အရောက်လာစမ်းစေချင်သည် စန္ဒကူးနံ့သာကျောင်းတော်ရာသို့“

“တစ်ခေါက်တစ်ခါ အရောက်လာစမ်းစေချင်သည် စန္ဒကူးနံ့သာကျောင်းတော်ရာသို့“
မြတ်စွာဘုရားသည် စန္ဒကူးနံ့သာကျောင်းတော် (ယခုကျောင်းတော်ရာဘုရား)၌ ရဟန္တာငါးရာနှင့် (၇)ရက်သီတင်းသုံးလျှက် သတ္တ၀ါတို့အား တရားဟော ချွေချွတ်၍ ပြန်အကြွတွင်မှ မန်းချောင်းဝဲယာ၌ ခြေတော်ရာ နှစ်ဆူ (ယခုရွှေစက်တော်ဘုရား) ချထားတော်မူ၍ ဇေတ၀န်ကျောင်းတော်သို့ ပြန်ကြွတော်မူသည်။ ထို့ကြောင့် ရွှေစက်တော်အစ ကျောင်းတော်ရာက၊ စက်တော်ရာရောက်လျှင် ကျောင်းတော်ရာရောက်မှ သမိုင်းစုံ၍ အကျိုးထူးမည်) ဟူသော သမိုင်းဆောင်ပုဒ် တွင်နေခြင်းဖြစ်သည်။
မြတ်စွာဘုရားသည် ခရီးတစ်ကြောင်းတည်းဖြင့် နှစ်ဌာန ကြွရောက်ရာနေရာများ ဖြစ်သောကြောင့် ဘုရားဖူးများသည်လည်း တစ်ဆက်တည်း အကျိုးထူးရရှိစေရန် ကျောင်းတော်ရာဘုရားသို့ အရောက်ဖူးသင့်ပါ သည်။
မင်းဘူးမှ မြောက်သို့(၁၉မိုင်) ဘုရားအထိ ကတ္တရာလမ်းဖြစ်သည်။ မကွေး-မင်းဘူး မြစ်ကူးတံတားကြီးနှင့် မန်းချောင်းတံတားမှနေ၍ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး သွားလာမှု လွယ်ကူချောမောပါသည်။ ဘုရား၌ စားသောက်ဆိုင်များနှင့် တည်းခိုရိပ်သာများ ရှိပါသည်။
ကျောင်းတော်ရာဘုရား၌ ကြည်ညိုလေ့လာရန်
၁။ မြတ်စွာဘုရား တရားဟောတော်မူရာ ပလ္လင်တော်နေရာ စေတီတော်မြတ်ကြီး၊
၂။ စန္ဒကူးနံ့သာ ကျောင်းတော်၏ ဒေါင့်လေးဒေါင့် စေတီဘုရားလေးဆူ၊
၃။ အဓိဌာန်တန်ခိုးကြီးမားတော်မူသော မဟာပုဏ္ဏ ရဟန္တာ အရှင်မြတ်၏ မူလကျောင်းတော်ရာ အဓိဌာန် ဂူဘုရားစေတီနှင့် ဓါတ်တော်စေတီ။
၎။ ၀ါတွင်းကာလ၌ ၀ါထပ်ရက်ငင်ကိုသိ၍ ဘုရားဖူးရောက်လာသော အသက်လွတ်စား ဘုရားဖူးငါးများ၏ ပုံတူရုပ်ထုများနေရာနှင့် ၀ါတွင်းကာလ ငါးများလာရောက်၍ ဥပုသ်သီတင်းဆောက်တည်ရာ မုန်းချောင်းကမ်းပါး ငါးကျွေးဆိပ်နေရာ။
၅။ ဘုရားဗျာဒိတ်ရ မဏိစည်သူမင်းမြတ်သည် ကျေးဇူးသိသောအားဖြင့် တည်ထားအပ်သော သိကြားမင်း ဂူတော်။
၆။ မဏိစည်သူမင်းမြတ်၏ ဖောင်တော်ဆိုက်ရာ ဖောင်တော်ဦးဘုရား။
၇။ ဘုရားဖူးဧည့်သည်များ တည်းခိုရန် ဘုရားဖူးဇရပ်တန်းများ၊ ညအိပ်ဆောင်များ။
၈။ မဟာဗောဓိပင် သတ္တဌာနဘုရား(၇)ဆူနှင့် စန္ဒကူးနံ့သာပင် တောအုပ်များ။
၉။ ရှေးဟောင်းဘုရားများ၊ ကျောင်းတော်နှင့် ပြတိုက်။
၁၀။ ဘုရားသမိုင်းနှင့် ပတ်သက်သော ရုပ်ထုရုပ်လုံးများ၊ ပန်းချီကားများ၊ ရှေးဟောင်းပြခန်းများ စသော လေ့လာရန်ဌာနများနှင့် အနုပညာပြောင်မြောက်သော သာသနာ့အဆောက်အဦးများ စသည်တို့ကို သပ္ပါယ် ကြည်ညိုစွာ ဖူးတွေ့ကြရမည် ဖြစ်ပါသည်။
သာသနာဝင် ပိဋကတ်ကျမ်းတော်လာ ထူးမြတ်ဂုဏ် ၄ မျိုး
၁။ မြတ်စွာဘုရားကိုယ်တော်တိုင် သီတင်းသုံးတော်မူရာ စန္ဒကူးနံ့သာ ကျောင်းတော်ရာဖြစ်ခြင်းကြောင့် ဗုဒ္မ၀လဉ္စနဌာန။
၂။ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလံ၊ ရှင်အာနန္ဒာ စသော အရိယာရဟန္တာကြီးများ သီတင်းသုံးတော်မူရာ ဖြစ်ခြင်းကြောင့် အရိယာ သံဃ၀လဉ္စနဌာန။
၃။ သတ္တ၀ါများ တရားထူး တရားမြတ်ကို ထိုးထွင်းသိမြင်ရာဌာန ဖြစ်သောကြောင့် ဓမ္မာဘိသမယဌာန။
၎။ မြတ်စွာဘုရားသည် အနာဂတ် သတ္တ၀ါများအတွက် စန္ဒကူးကျောင်းတော်ရာ၌ စေတီတည်ထား ပူဇော်ရန် ပုဂံပြည့်ရှင် မဏိစည်သူမင်းမြတ်အား ဗျာဒိတ်ထားတော်မူခြင်း ကြောင့် ဗျာဒိတ္တဌာန။
ဤသို့ ဂုဏ်ပုဒ်များဖြင့် ပြည့်စုံသောဌာန ဖြစ်ပါသည်။
ထူးခြားချက်။ စေတီတော်ကြီး၏ ရာဟုဒေါင့်မှ အဒိဋ္ဌာန်ပြု ဆုတောင်းလျှင် အောင်မြင်ကြောင်း ရှေး ပေါရာဏကထာအရ ယုံကြည်လက်ခံပြည့်စုံကြပါသည်။

ပို့တင်သူ အညာသားလေး၏ အမှာစာ
စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားသို့ ဘုရားဖူးလာရောက်ကြကုန်သော တစ်ကမ္ဘာလုံးအပါအ၀င် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်အပေါင်းတို့ခင်ဗျား ဤ ကျောင်းတော်ရာဘုရား အနီးပတ်ဝန်းကျင်မှ မြို့ငယ်လေးများတွင်နေထိုင်ကြသူများ၊ ကျေးရွာလေးများတွင် နေထိုင်ကြသူများမှာ မိရိုးဖလာ လုပ်ငန်းဖြစ်သော လယ်ယာလုပ်ကိုင်ခြင်းဖြင့်သာ အသက်မွေးကြရသူများနှင့် လက်လုပ်လက်စား ဆင်းရဲသားအများ နေထိုင်ရာ နေရာလေးဖြစ်သောကြောင့် ၀င်ငွေအရမ်းနည်းသူများဖြစ်ကြပါသည်။ အလှူဒါနပြုလိုသူများပေမယ့် ၀င်ငွေ နည်းပါးသောကြောင့် တတ်အားသမျှလေးသာ ဒါနပြုနိုင်ကြပါသည်။ ထိုသို့ ဆင်းရဲနွမ်းပါးသော နေရာလေးတွင် ဖြစ်တည်လာခဲ့သော သမိုင်းဝင်ဤဘုရားလေးမှာ ပျက်စီးယိုယွင်းမှု များပြားနေသောကြောင့် ပြုပြင်လှူဒါန်းသူသာမရှိလျှင် သမိုင်းပါပျောက်ကွယ်သွားနိုင်ပါသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံခြားသားဘုရားဖူးဧည့်သည်များ၊ Tourist Guide များ၊ လခစားဝန်ထမ်းများအား မိမိတို့ဝင်ငွေများမှ တတ်အားသမျှကို နိဗ္ဗာန်ရည်မှန်း လှူဒါန်းသွားကြစေလိုပါသည်။

[+/-] အပြည့်အစုံသို့...