စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Thursday, January 31, 2008

“ ----------------- ”

ပူလောင်ပြင်းပျ
နေမင်းကိုမှ
ခင်မင်ခဲ့ရ
သူ့ဘဝ ...။

ချေက်ဂျီတီအိုင်မှ သူငယ်ချင်း ထွေးပို နှင့် မမာမာသိန်း အား သတိတရဖြင့်ဖေါ်ပြပေးပါသည်။
စိတ်မီးအိမ် ဥယျာဉ်မှူးများခင်ဗျား ...
ကဗျာ ခေါင်းစဉ်အား ကဗျာရှင် မမာမာသိန်းနှင့် ထပ်တူ ခန့်မှန်းနိုင်သူအား စိတ်မီးအိမ်၏
“ ရွှေကလောင်ရှင် ” ဆုချီမြှင့်ပေးပါမည်။

3 comments:

Anonymous said...

ခိုင်မြဲရေ..ဆုလိုချင်လို့တော့မဟုတ်ပါ။ ကွက်လပ်ခလေးဖြည့်ကြည့်တာပါ။

“နေကြာပန်း”

ခိုင်မြဲ said...

အနတ္တရဲ့ အဖြေ မှန်ပါတယ် ခင်ဗျား ....
ရွှီးဖြောင်းဖြောင်း ...ဖြောင်း။
(ပရိတ်သတ်များ လက်ခုတ်တီးသံ)

Anonymous said...

ရွှေကလောင်ရှင်ဆုရရှိသူ အနတ္တရေ....... Congratulation ပါ....