စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Saturday, January 26, 2008

“ တောအို ” နဲ့ “ မြို့အို ”

တစ်နေ့မှာ ငယ်ပေါင်းကြီးဖော် သူငယ်ချင်း နှစ်ယောက် တွေ့ဆုံပြီး စကားပြောကြတော့ တစ်ယောက်က မေးတယ်တဲ့ ။ သူငယ်ချင်းရေ ငါတို့တွေ အဘိုးအိုကြီး ဖြစ်မဲ့အချိန်မှာ “ တောအို ” နဲ့ “ မြို့အို ” ဘယ်လိုအိုချင်လဲလို့ မေးလိုက်တယ်တဲ့ ။ အဲ့ဒါနဲ့ ကျန်တဲ့သူငယ်ချင်းက “ တောအို ” နဲ့ “ မြို့အို ” က ဘာကွာခြားလဲဆိုတာ သူ့ကို ပြောပြပါဦးလို့ ဆိုတဲ့အချိန်မှာ အဲ့ဒီသူငယ်ချင်းက ဘယ်လိုရှင်းပြလဲဆိုတော ………့
“တောအို” ဆိုတာကတော့ တောတွေမှာဆိုရင် လူက အသက်ကြီးလာလေ ဘုရားခန်းမှာ ထားပြီးတော့ အလေးအနက်ထား လေးလေးစားစားဆက်ဆံတာ ခံရတယ်ပေါ့။ တခုခုဆုံးဖြတ်စရာ ကြုံလာခဲ့ရင်လည်း လူကြီးကို မေးမြန်းပြီးမှ လုပ်ခိုင်းကြတယ်ပေါ့နော် ။ ဘာဘဲဖြစ်ဖြစ် ရှေ့မှီနောက်မှီ လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို နာခံကြတော့ နေရာရတယ်တဲ့။
“ မြို့အို ” ဆိုတာကတော့ မြို့မှာ အသက်ကြီးလာလေ ဘေးဖယ်ထားကြလေဘဲတဲ့။ ဘာကြောင့်လဲဆိုရင် မြို့မှာကတော့ တခုခုဆို အသက်ကြီးတဲ့သူက ၀င်ပြောရင်တောင် ပြောင်းလဲတိုးတက်လာတဲ့ ခေတ်အရ အဘ ဘာသိလို့လဲဆိုတာတို့ ၊ အဘတို့ ခေတ်မဟုတ်တော့ဘူးတို့၊ မသိရင် ၀င်မပြောပါနဲ့တို့ ဆိုတာမျိုးတွေနဲ့ ဆက်ဆံတာခံရတယ်တဲ့ ။
ကဲ ဥယျာဉ်းမှူးတွေလည်း ဘယ်လိုပုံစံနဲ့ အိုချင်ကြလဲ ???
မှတ်ချက်။ ။ အရိပ်ကတော့ ငယ်သေးလို့ အဲ့ဒါတွေမစဉ်းစားသေးပါ။ အင်း…….. ကောင်းတမန်၊ ခိုင်မြဲ၊ အနတ္တ တို့ကတော့ ဇရာပြနေပြီလေ ။ မကြာခင် ဘိုးဘိုး တွေဖြစ်တော့မှာဆိုတော့ ကြိုတင်စဉ်းစားထားဖို့ လိုနေပြီနော်…….။ ဟီဟိ အကောင်းနဲ့ သတိပေးတာပါ။

အရိပ်

[+/-] အပြည့်အစုံသို့...

Wednesday, January 23, 2008

“ လမ်းကြောင်းပြောင်း၍ အိမ်ပြန်ပါ ”


“ လမ်းကြောင်းပြောင်း၍ အိမ်ပြန်ပါ ”
သင်၏ တနေ့တာ အဖြစ်အပြက်များသည်
ထူးခြားပြောင်းလဲမှူမရှိပါက....
၎င်းတို့ သည် နောင်တချိန်တွင်
အဆိုးများအဖြစ်ပြောင်းလဲ စုစည်းသွားတတ်သည်။
သင်၏ ဘဝကို သက်ဝင်တောက်ပအောင်
မကြာခဏပြောင်းလဲပေးပါ...။
တမှတ်တိုင် ကြိုဆင်းပြီး .....
ရင်ကွက်ထဲ လှည့်ပတ်လမ်းလျှောက်ပါ။
လူစိမ်းများနှင့် နှတ်ဆက်စကားပြောပါ။

ခိုင်မြဲ

[+/-] အပြည့်အစုံသို့...

"ငွေလမင်း"

အလင်းကိုယ်တိုင် မပိုင်ဆိုင်သော်လည်း
အများအကျိုး တဆင့်ပိုးသယ်
လောင်မြိုက်အပူ သူစုပ်ယူပြီး
အေးမြအလင်း ဖြန့်ဝေရင်းဖြင့်
အများကောင်းကျိုး သယ်ပိုးရွက်ဆောင်
ထွန်းပြောင်လှသည့် ငွေလမင်း။

သူ့အလင်းရောင် မျှော်ဆောင်ပွင့်သည့်
ကုမုန္ဒြာပန်း ရေမှာလန်းအောင်
တာဝန်မယွင်း မလင့်ဟင်းဘဲ
သတိဆောင်သည့် ငွေလမင်း။

စန္ဒာလမင်း ထွန်းလင်းပလျှင်
ရေငါးတသိုက် မပျော်ပိုက်ဘဲ
တံငါမုဆိုး ဇွတ်မတိုးအောင်
စွမ်းဆောင်ရှာသည့် ငွေလမင်း။

အများအကျိုး ထိုထိုသယ်ပိုး
အားကျိုးမာန်တက် ရွက်ဆောင်ပေမဲ့
ဖေးမအဖော် မပေါ်သောကြောင့်
တစ်ကိုယ်တည်းလွမ်း မှန်းဆတမ်းတ
နွမ်းလျှဘဝ သနားစရာ
အားငယ်ရှာသည့် ငွေလမင်း။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

ယောင်္ကျားများ၏ အချစ်ဇယား

ဒီတစ်ယောက်က အချစ်ဦးမို့
တသက်မမေ့နိုင် ဖြစ်ရသည်။

ဒုတိယ တစ်ယောက်က ချစ်စရာလေးမို့
ဆက်ချစ်သွားဖို့ ဆုံးဖြတ်သည်။

ဟောဒီတစ်ယောက်က အပျံစားလေးမို့
လူတွေအားကျအောင် တွဲလိုက်မည်။

ဒီတစ်ယောက်ကျတော့ အပြုံးချိုလေးမို့
သူ့နှုတ်ခမ်းလေးကို စွဲလမ်းသည်။

အဲ့ဒီတစ်ယောက်က တိုင်းရင်းသူလေးမို့
အသံဝဲလေးကို ချစ်မိသည်။

စေ့စပ်ထားတဲ့ ကောင်မလေးက
အိနြေ္ဒရှင်လေးမို့ လက်မလွှတ်ချင်အောင် ဖြစ်ပါသည်။

အထက်ပါ (6) ယောက် ရက်တွေပြည့်လို့
တနင်္ဂနွေ ပိုသေးသည်။

စိတ်ဝင်စားလျှင် လျှောက်လွှာတင်ပါ
တနင်္ဂနွေအားသူ ဖြစ်ရမည်။


ဆူး Love

ကဲ ဘယ်လိုလဲ စိတ်မီးအိမ်မှ ဥယျာဉ်မှူးများအတွက် လျှောက်လွှာလက်ခံပေးရမလား ????
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Monday, January 21, 2008

ဒီနှစ်ကူး

နှစ်သစ်ကိုကူး
ပျော်မြူးခြင်းနောက်ကွယ်
တိုက်စားခဲ့အချိန်တွေရယ်
ပျက်သုဉ်းခဲ့တဲ့နုပျိုခြင်းတွေရယ်
ပြန်မရတဲ့နှောင်းအတိတ်တွေရဲ့နောက်ကွယ်
Happy NewYear ကိုကြောက်ရွံလိုလာခဲ့ပြီလေ---------------

[+/-] အပြည့်အစုံသို့...

Sunday, January 20, 2008

"ဘုရားထူးရခြင်း အကြောင်း"

ရှေးခေတ်ဘုရင်းတွေက ခေါ်ရင်ပြောရင် ဘုရားဆိုပြီးပြန်ထူးတဲ့အလေ့အကျင့်က အခုနောက်ပိုင်း မင်းအဆက်ဆက်ထိအောင် ပါလာတယ်ဆိုပဲ။ အဲဒီလိုဘာကြောင့် ထူးရတာလဲဆိုရင် အစက အုပ်ချုပ်ရေးစနစ်မှာ ဘုရင်စနစ်မထွန်ုးကာခင်ကပေါ့ သူ့အဖွဲ့၊ ကိုယ့်အဖွဲ့ နဲ့ စုစုပြီး နေလာလိုက်တာ နောက်ဆုံး အခက်အခဲတွေ၊ ပြဿနာတွေဖြစ်လာတဲ့ အခါမှာ ဦးဆောင်ပြီး ဖြေရှင်းပေးတဲ့သူကို သူတို့က ဦးစီးဦးဆောင်အဖြစ်၊ ရှင်ဘုရင် အဖြစ် တင်မြှောက် ကြတာပေါ့လေ။ ဒါပေမယ့် အဲဒီပုဂ္ဂိုလ်တွေက လက်မခံဘူး ဖြစ်နေကြတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ဘုရားဆုပန်ပြီး ပါရမီဖြည့်ကျင့်နေကြတဲ့သူတွေဖြစ်နေလို့ မလို့ပဲ။ တကယ်လို့သူတို့ဟာ ဘုရင်တင်မြှောက်မှုကို လက်ခံလိုက်ရင် လုပ်ငန်းတွေက အရမ်းများပြီး ပါရမီဖြည့်ရမယ့်အကြောင်းတွေ၊ ဘုရားဆုပန်ထားတာတွေကို မေ့လျှော သွားနိုင်တယ် ဆိုပြီ လက်မခံကြဘူးတဲ့။ ဒါပေမယ့် အခက်အခဲတွေ၊ ပြဿနာတွေ ဖြစ်လာလိုက်ရင် သူတို့ပဲ ဦးစီးဦးဆောင်ဖြေရှင်းပေးကြရတာပဲတဲ့။ သူတို့ရဲ့ လက်ရုံးရည်၊ နှလုံးရည်ကို ဘယ်သူမှ မမီကြဘူးတဲ့လေ။ နောက်ဆုံးမှာ သူတို့ကို တောင်းပန်ပြီး မင်း လုပ်ဖို့ပြောကြရတာပေါ့။ ရှင်ဘုရင်လုပ်တဲ့အခါမှာလဲ သူတို့ဘုရားဆုပန်ထားတဲ့ အကြောင်းကို မမေ့မလျှော့အောင် သတိပေးကြမယ်ပေါ့။ ဘယ်လိုသတိပေးကြမလဲဆိုရင် သူတို့ကို ခေါ်ဆိုတဲ့အခါမှာ ဘုရား ထူးပြီး သတိပေးမယ်ဆိုပြီး ဂတိခံလိုက်ကြတယ်။ တကယ်လည်း ခေါ်ဆိုတဲ့အခါမှာ ဘုရား ဆိုပြီး သတိလည်းပေးရင်း ပြန်လည်းထူးရင်း ကနေပြီး နောက်ပိုင်းမှာ ရှင်ဘုရင်အဆက်ဆက်ကို ဘုရားထူးရတာတွင်သွားသတဲ့။
အဲဒီအကြောင်းလေးကိုတွေးပြီး သူငယ်ချင်းတွေဆုံဖို့ စိတ်မီးအိမ်ဆိုတဲ့ ဥယျာဉ်လေး တည်ဆောင်လိုက်တဲ့အခါမှာ ဘယ်လိုသစ်ပင်မျိုးကို စိုက်သင့်လည်းလို့ စဉ်းစားလိုက်တဲ့အခါ အရင် Google group မှာတုန်းက တချို့သူငယ်ချင်းတွေက ပို့စ်တွေဘာလို့မတင်ဖြစ်တာလဲ ဆိုတော့ မအားလို့တဲ့။ သူငယ်ချင်းတွေ မအားဘူးဆိုတာကို သိတော့သိပါတယ်။ ဒါပေမယ့် နွေးနွေးထွေးထွေး နေချင်တဲ့ဆန္ဒကြောင့် နည်းနည်း အချိန်ပေးစေချင်မိတာပေါ့လေ။ ဟုတ်တော့လည်း ဟုတ်ပါတယ် သူတို့လုပ်နေတာနဲ့ နှိုင်းစာကြည့်ရင် အနတ္တ အလုပ်လုပ်တယ် ဆိုတာက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့တာကို။ အဲဒီတော့ မအားတဲ့ သူငယ်ချင်းတွေကို သတိလည်းပေးရင် ကိုယ်လည်း သတိဝင်လာနိုင်တယ် သစ်ပင်လည်းစိုက် ဖြစ်တယ်ဆိုပြီတော့ ဘာသာရေးနဲ့ပါတ်သက်တဲ့ အကြောင်းလေးတွေကို စိုက်ပျိုးဖို့ စိတ်ကူးပြီး အနတ္တ သိသလောက်ကလေး စိုက်ပျိုးလိုက်တာပါ။ တကယ်တော့ အနတ္တလည်း ဘာသာတရားကို နှစ်နှစ်ကားကား၊ နက်နက်ရှိင်းရှိင်း ယုံကြည်မိတာလေးပဲရှိပါတယ်။ ဘာမှဟုတ်တိပတ်တိ မလုပ်ဖြစ်ပါဘူး။ မအားမလပ်တဲ့ သူငယ်ချင်းတွေ အနတ္တ ရေးထားတာကို ဖတ်ပြီး သတိလေး ဝင်လာတယ်ဆိုရင် အနတ္တ ဘုရားထူးရကျိုးနပ်ပြီပေါ့။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

"လိပ်ပု အမှတ်တရ"

အမှတ်တရ

နှောင်ကြိုးတွေမသီမှီ မခင်ခဲ့ရရင်ဖြင့်
ရင်ထဲဝေဒနာ မခံစားရတော့ဘူးပေါ့
ခုတော့ရင်မှာ
ဖြတ်လို့မရ သံယောဇဉ်တွေ
တွယ်ခဲ့ပြီးကာမှ
ခွဲကြရမယ်ဆိုတော့
သူငယ်ချင်းရယ်
ရင်ထဲဝေဒနာ ကြေငြာလို့တော့မပြချင်ဘူး
ဒါပေမယ့်လေ
ရင်ထဲမှာတော့ ကျွမ်းမြေ့ကြေကွဲ ။

လိပ်ပု

အိမ်ကိုပြန်ရောက်တော့ သတိတရရှိတာနဲ့ ကျောင်းတုန်းက သူငယ်ချင်းတွေ ရူးခဲ့ကြတဲ့ စာအုပ်ကလေးကို ပြန်ရှာကြည့်တာ မတွေ့ဘဲ အော်တိုစာအုပ်ကလေးတွေ့တာနဲ့ အဲဒီအထဲက သူငယ်ချင်းလိပ်ပု ရဲ့ ကဗျာလေးတွေ့တာနဲ့တင်ပေးလိုက်တာပါ။ သူငယ်ချင်းအားလုံးပြန်လည်နုပျို လန်းဆန်းလာအောင်လို့ပါ။

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...