“ တောအို ” နဲ့ “ မြို့အို ”
တစ်နေ့မှာ ငယ်ပေါင်းကြီးဖော် သူငယ်ချင်း နှစ်ယောက် တွေ့ဆုံပြီး စကားပြောကြတော့ တစ်ယောက်က မေးတယ်တဲ့ ။ သူငယ်ချင်းရေ ငါတို့တွေ အဘိုးအိုကြီး ဖြစ်မဲ့အချိန်မှာ “ တောအို ” နဲ့ “ မြို့အို ” ဘယ်လိုအိုချင်လဲလို့ မေးလိုက်တယ်တဲ့ ။ အဲ့ဒါနဲ့ ကျန်တဲ့သူငယ်ချင်းက “ တောအို ” နဲ့ “ မြို့အို ” က ဘာကွာခြားလဲဆိုတာ သူ့ကို ပြောပြပါဦးလို့ ဆိုတဲ့အချိန်မှာ အဲ့ဒီသူငယ်ချင်းက ဘယ်လိုရှင်းပြလဲဆိုတော ………့
“တောအို” ဆိုတာကတော့ တောတွေမှာဆိုရင် လူက အသက်ကြီးလာလေ ဘုရားခန်းမှာ ထားပြီးတော့ အလေးအနက်ထား လေးလေးစားစားဆက်ဆံတာ ခံရတယ်ပေါ့။ တခုခုဆုံးဖြတ်စရာ ကြုံလာခဲ့ရင်လည်း လူကြီးကို မေးမြန်းပြီးမှ လုပ်ခိုင်းကြတယ်ပေါ့နော် ။ ဘာဘဲဖြစ်ဖြစ် ရှေ့မှီနောက်မှီ လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို နာခံကြတော့ နေရာရတယ်တဲ့။
“ မြို့အို ” ဆိုတာကတော့ မြို့မှာ အသက်ကြီးလာလေ ဘေးဖယ်ထားကြလေဘဲတဲ့။ ဘာကြောင့်လဲဆိုရင် မြို့မှာကတော့ တခုခုဆို အသက်ကြီးတဲ့သူက ၀င်ပြောရင်တောင် ပြောင်းလဲတိုးတက်လာတဲ့ ခေတ်အရ အဘ ဘာသိလို့လဲဆိုတာတို့ ၊ အဘတို့ ခေတ်မဟုတ်တော့ဘူးတို့၊ မသိရင် ၀င်မပြောပါနဲ့တို့ ဆိုတာမျိုးတွေနဲ့ ဆက်ဆံတာခံရတယ်တဲ့ ။
ကဲ ဥယျာဉ်းမှူးတွေလည်း ဘယ်လိုပုံစံနဲ့ အိုချင်ကြလဲ ???
မှတ်ချက်။ ။ အရိပ်ကတော့ ငယ်သေးလို့ အဲ့ဒါတွေမစဉ်းစားသေးပါ။ အင်း…….. ကောင်းတမန်၊ ခိုင်မြဲ၊ အနတ္တ တို့ကတော့ ဇရာပြနေပြီလေ ။ မကြာခင် ဘိုးဘိုး တွေဖြစ်တော့မှာဆိုတော့ ကြိုတင်စဉ်းစားထားဖို့ လိုနေပြီနော်…….။ ဟီဟိ အကောင်းနဲ့ သတိပေးတာပါ။
အရိပ်
3 comments:
ဟေ့..ကောင်းတမန်၊ အနတ္တ၊ ခိုင်မြဲက အရိပ်နဲ့ အသက်တူတူတွေမို့လား..... ဟား.......ဟား
မကြီးကလဲ အရိပ်က သူတို့ထက် ငယ်ပါသေးတယ်။ မသိချင်ဟန်ဆောင်နေနော် ။ ဟဲဟဲ .. တွေ့ရင် မုန့်ဝယ်ကျွေးမယ်လေ။
hi
daw a yeit
I love this post
you might be jungle old woman
in paung laung
:P
hto
Post a Comment