စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Sunday, December 23, 2007

ဘုရားကျောင်းကန်သို့ မကြာမကြာသွားပါ







သင်… ဘယ်ဘာသာတရားကို
ယုံကြည်သည်ဖြစ်စေ
ဘုရားကျောင်းကန်များသည်
အထူးတလည် ငြိမ်းချမ်းရာ ဌာနများဖြစ်သည်။
ဘုရားကျောင်းကန်သို့ မကြာမကြာသွားပါ။
ငြိမ်းချမ်းမှူ့ကို ရယူပါ။

ခိုင်မြဲ

[+/-] အပြည့်အစုံသို့...

ဆိတ်ငြိမ်မှူ့ကို နားထောင်ပါ

မိတ်ဆွေ......

တိတ်ဆိတ်ငြိမ် သက်သော
တနေရာသို့ သွားပါ။
ဆိတ်ငြိမ်မှူ့ သည်
ဘာနှင့် တူသလဲ ဆိုသည်ကို နားထောင်ပါ။
သင်…မထင်မှတ်ဆုံးသော အချိန်တွင်
ဆိတ်ငြိမ်မှူ့ကို ရရှိလိမ့်မည်။
ထို့နောက်…….
သင့်ကိုသင် သတိမထားမိသောအချိန်မှာပင်
ငြိမ်းချမ်းမှူ့ ကို ရရှိပြီးဖြစ်နေပါလိမ့်မည် ။….။
ခိုင်မြဲ

[+/-] အပြည့်အစုံသို့...

Saturday, December 22, 2007

စာပွဲးအောက်မှာ တရေးအိပ်ပါ။


တစ်နေ့တာ ပင်ပန်းသမျှကို

တရေးအိပ်ပြီး ဖြေဖြောက်ပါ။

သုံးမိနစ်လောက် အိပ်ယုံမျှဖြင့်

သင်မည်မျှအားပြည့်လန်းဆန်းလာသည်ကို

သင်ကြုံဖူးပါသည်။

ဒါ့ကြောင့်

စားပွဲအောက်မှာတရေးအိပ်ပြီး

အနားယူလိုက်ပါ ။…..။

[+/-] အပြည့်အစုံသို့...

Friday, December 21, 2007

မ (သို့) .......

မို့ ပါးပြင် လေးမှာ
သနပ်ခါးလေးဖွေး
ပါးကွက်ကြားလေးနှင့်
တဖက်သား အငေးပိုအောင်
ပြုစားနေ သယောင်ယောင်…..။
ရှက်စနိုးပြုံးရယ်ရင်
ပါးချိုင့်လေး ပါးမှာ ထင်
ပါးကွက်လေးနှင့် တစ်မျိုးပင်
တစ်ပါးသူရင်ခွင် ကို
ကြည်နူးမှူ့ တွေ ပေးသလိုလို …..။
ရွှန်းလဲ့ တဲ့ အကြည့်
သွယ်လျှတဲ့ ဟန်ပန်
နှစ်လိုဖွယ်အိနြေ္ဒတွေနှင့်
ညင်သာစွာလျှောက်အလှမ်းမှာ
ဘယ်ပန်းတွေ ဦးမော့ ထားနိုင်မှာလဲ……….။


တောက ကိုရင်

[+/-] အပြည့်အစုံသို့...

"အတိတ် နှင့် ပစ္စုပ္ပန်"


နှစ်တစ်နှစ်ကုန်ဆုံးတော့မှာကိုစဉ်းစားရင် လွန်ခဲ့တဲ့ ကိုးနှစ်၊ဆယ်နှစ်လောက်က
နေရာလေးတွေကို ပြန်ပြီးလျှောက်သွားနေရင်ကနေ ခလုပ်တိုက်လို့ ငုံ့ကြည့်လိုက်တဲ့အခါမှာ သစ်ပင်လေးတစ်ပင်ကို တွေ့မိတာနဲ့ စိတ်မီးအိမ်ဥယျာဉ်ထဲမှာ ချစိုက်လိုက်တာပါ။ တချို့သူငယ်ချင်းတွေဆိုရင် ဒီအပင်လေးကိုတွေ့ဘူးကြမယ်လို့ထင်ပါတယ်။

“အတိတ် နှင့် ပစ္စုပ္ပန်”

နေ့လည်နှစ်ချက်ကျ
‘မ’ကံမကောင်းသမျှ
ဘုရားထံနားပူနားစာတိုက်
ငိုက်ခနဲဖြစ်သွား။

တိမ်တိုက်ကိုစီး
မေဘရဏီလေးလား
သူလေးပြေးအလာ
လေဟုန်ကိုစီး
သိန္ဓောအလား
ကိုယ်ကအပြေး။

ဒီဘ၀တော့ အမေ့သားကံကောင်းပြီ
နှစ်ကိုယ်တူပျော်မြူးကြမည်
စိတ်မှာတွေးရင်
လက်တကမ်းအကွာ………….

ဟေ့ကောင် အနတ္တ
ထတော့ ထတော့
ညစာဟင်းချက်ဖို့…….. တဲ့။


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

ခရီး

လမ်းမတွေ အေးစက်နေပြီ
ငါတို့ရဲ့မှတ်တိုင်တွေ အချိန်ဖြုန်းနေကြဦးမလား
အဝေးက တောင်တန်းပြာပြာတွေ မျက်ရည်ယို လို့
ဆီနှင်းများစွာ ။

အဓိပ္ပယ်မဲ့ ပင်လယ်ပြင်ကြီးက
ငါ့တစ်နေရာစာမှာ အိုင်အိုဒင်းတွေဖြစ်ခဲ့
အဓိပ္ပယ်ရှိ ပင်လယ်ပြင်ကြီးကတော့
ငါစိတ်ကို ချမ်းသာစေခဲ့တယ်
ရှူ့မျှော် မဆုံးပေါ့- - - - - - - ။

မျှော်လင်းခြင်း မျက်လုံးများနဲ့
ငါရင်ဘက် အက်ကြောင်းထဲက
သွေစိမ်းစိမ်း ရွှင်ရွှင် တွေ စိမ့်ထွက်လာတုန်း
ရာသီစာ အလွမ်း တွေ ကို
ကျောပိုးအိတ် ထဲ ထည့်ပြီး
တိမ်တိုက် တွေ ကိုငေးကြည့် နေမိတယ်
ဝေးကွာခြင်းများနောက် ။

စူရှ ကျယ်လှောင်တဲ့ အသံတွေရဲ့နောက်
အမှီလိုက်ရင်း
နောက်ကျကျန်ရစ်ခဲ့
အဖြူ အမဲ တွေကြား လည်ပတ်ရင်း
ခြေထောက်တွေ အသားမာတက်ခဲ့
ရှုပ်ထွေးခြင်း များ။
ငါပြေးထွက်ခဲ့
ငါရုန်းထွက်ခဲ့မိပါတယ်
မလွတ်မြောက်နိုင်တဲ့ ဘ၀သံသရာထဲက
အေးစက်စက် အကြည့်တွေနဲ့ ဝေးရာ ကို
ရောက်လိုရောက်ငြားပေါ့- - - - - - - -။

[+/-] အပြည့်အစုံသို့...

သုည

ကျွန်တော် ဘ၀ကို

သုည ကစခဲ့ပါတယ်- - - - -၊

ခုလည်း

သုည- - - ပါပဲ- - - - - - -- - ။

[+/-] အပြည့်အစုံသို့...