စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Monday, January 3, 2011

သစ္စာတရား

မင်း ဘယ်မှ မသွားပါနဲ့ ..
ဖြစ်နိုင်မယ် ဆိုရင် .. ငါ သေတဲ့ အထိ မင်း ငါ့အနားမှာပဲ နေပေးပါ ..။
မင်း . . မရှိရင် ...
ငါ့ကို ရိုသေမယ့် လူမရှိဘူး ...
ငါ့ကို လေးစားမယ့် လူမရှိဘူး ...
ငါ့ကို ခင်မင်မယ့် လူမရှိဘူး ...
ငါ့ကို အားကိုးမယ့် လူမရှိဘူး ..
ငါ့ကို ကူညီမယ့် လူမရှိဘူး ...
...
..
မင်းရှိနေရင်တော့ .. ငါ့မှာ အရာအားလုံးပြည့်စုံနေလို့ပါ။

[+/-] အပြည့်အစုံသို့...

ယုံကြည်မှူ

မင်း ဘယ်မှ မသွားပါနဲ့ ..
ဖြစ်နိုင်မယ် ဆိုရင် .. ငါ သေတဲ့ အထိ မင်း ငါ့အနားမှာပဲ နေပေးပါ ..။
မင်း . . မရှိရင် ...
ငါ ရိုသေရမယ့် လူမရှိဘူး ...
ငါ လေးစားရမယ့် လူမရှိဘူး ...
ငါ ခင်မင်ရမယ့် လူမရှိဘူး ...
ငါ အားကိုးရမယ့် လူမရှိဘူး ..
ငါ ကူညီရမယ့် လူမရှိဘူး ...
...

မင်းရှိနေရင်တော့ .. ငါ့မှာ အရာအားလုံးပြည့်စုံနေလို့ပါ။

[+/-] အပြည့်အစုံသို့...

Wednesday, October 20, 2010

Just relax

Proud as we are! Hotipark, Singapore

Queen of Hotipark, Singapore


Sweet as I am! Hotipark, Singapore

[+/-] အပြည့်အစုံသို့...

Tuesday, July 27, 2010

စလင်းချောင်းသို့ တမ်းချင်း

စလင်းချောင်းနံဘေးက

ငှက်အုပ်တတန်း

အသိုက်လိုက်ပျံသန်း

ဦးတည်ရာ ကိုယ်စီလှမ်း။



ယုံကြည်ရာ အနာဂတ်လမ်း

စိတ်သန်စွာ ပျံသန်းနိုင်ဖို့

လွမ်းဆွတ်တသစွာနဲ့

ဌာနေဟောင်းကို ခွဲခွါခဲ့။



ဒါပေမယ့်

အမိကျောင်းတော်ကြီးရဲ့

သင်ပေးပညာ၊

ဆင်ပေးအသိတန်ဆာ အပြည့်ကြောင့်

ကျင့်ကွင်းခေါ်လစ်

နေရာသစ်မှာ

တောင်ပံဖျတ်ဖျတ်

တွင်တွင်ခတ်ကာ လှပစွာ ပျံသန်းနိုင်ကြဆဲ။



ရည်ရွယ်ရာလမ်း ပျံကာသန်းရင်း

မွေးမြေရပ်ဟောင်း စလင်းချောင်းကို

ရော်ရမ်းမှန်းဆ သတိရမို့

ပြန်(ပျံ)ခဲ့သည်ဆို…….။



ထိုထိုတနေ့ တကယ်တွေ့လျှင်

ချွန်ထက်မြမြ နှုတ်သီးလှလှတွေနဲ့

ပန်းချီကားဟောင်း စလင်းချောင်းကို

အခြင်းကောင်းစွက် ချစ်ခြင်းထည့်လို့

အလှဆုံးဖြစ်အောင် ရေးဆွဲကြစို့။



အဲဒီနေ့ကျ..

ဧရာဝတီရယ်၊ စလင်းချောင်းရယ်

ငှက်ရောင်စုံရယ်

ဇာတ်ပေါင်းထုတ်ဖြစ်ကြရင်

စလင်းချောင်းရေတွေတောင် တရိပ်ရိပ်တိုးနေဦးမလား။



တွေးမိရင်ထဲ ဘာပဲ ဆိုဆို

စလင်းချောင်းရေ သူ့ဝန်ကျေကာ

ဧရာမြစ်ထဲ စီးဆင်းဆဲပဲ။

ထိုများတူစွာ ကျောင်းတော်သာလည်း

ရင်သွေးမျိုးဆက် ဆတိုးတက်ဖို့

ပညာမြတ်ပန်း..

ဆက်ကမ်းလှမ်းဆဲ..။



စလင်းချောင်း ငှက်များ


(အမိကျောင်းတော်သာသို့ နှစ် ၉၀ပြည့် အထိမ်းအမှတ်)

[+/-] အပြည့်အစုံသို့...

Wednesday, June 30, 2010

သဲတပွင့်သို့ တမ်းချင်း

ဧရာဝတီဟာ
ဘာပဲဖြစ်ဖြစ်
သူ့သဲတပွင့်
အရောင်းခံရတိုင်
ငိုတယ် တဲ့ သားရ။

ဘယ်သူသိမှာလဲ .. ။
ခုဆို ...
ဧရာဝတီရဲ့ သဲတွေ
ကျွန်းဖြစ်နေလောက်ပြီ။

ကောင်းတမန်

To an Irrawaddy sand
The Mighty Irrawaddy cries
Whenever it dries
Because his beautiful pieces of sand
Being sold to the other land.
Alas!
Who knows when it comes for those sands
to become a part of a small island!
Kaungtamang


[+/-] အပြည့်အစုံသို့...

Friday, April 30, 2010

“တို့ညာမြေ”

"တို့ညာမြေ"

တို့ညာမြေလှ၊ သာစွရှု့မော၊
လွန်ကျယ်ပြောသည့်၊ ထန်းတောထန်းပင်
မြူခိုးလွင်စ......

ချွန်မြရှားစောင်း ၊ မြထနောင်းနှင့်
မန်ကျည်းတမာ ၊ ပင်လက်ပံရွှေဝါလောင်းတယ်
ပွင့်ပေါင်းဝေစီ..........

ဆက်ရက်ငယ်သာ၊ ရွှေကြိုးကြာတို့
ပင်ရောရာ ၊ မွှေကာယှက်တယ်
ရွှေကြက်ကမြူး........

တောင်သူ့ရှင် ၊ သျှောင်တစ်စောင်းနှင့်
သူ့သားမောင် သပိတ်သွင်းရန်
အားစိုက်ထွန်မြူး.........

တစ်စေ့တစ်စောင်းကြည့် ၊ရွှေကျီးလည်ပြန်
နွားပေါ်ကပျံ၊ ပင်လက်ပံပာိုထိပ်ဖျားမှာ
အိမ်ကြီးရှင် ယာလာလမ်းကို
သူလှမ်းကာ သာရှာလှတယ်
တောလေ့စခန်း........။ ။

နွယ်သဇင် (နတ်တပ်)

[+/-] အပြည့်အစုံသို့...