စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Tuesday, June 16, 2009

ကိုညိမ်းကဗျာထဲက ဘော်ရိုဘူဒေါ ဘုရား

အင်ဒိုနီးရှား နိုင်ငံ ဂျာဗားကျွန်းပေါ်က ဂျော့ဂျာမြို့ရှိ ရှေးဟောင်း ကမ္ဘာကျော် ဘော်ရိုဘူဒေါ် ဘုရား ပုံတွေပါ။

ကိုညိမ်းရဲ့ ကဗျာလေး နဲ့ တွဲခံစားလို့ရအောင် တင်ပေးလိုက်တာပါ။

ဓါတ်ပုံတွေကို ညီငယ် ဘုန်းကြီးဆီက ခွင့်တောင်း ကူးယူထားတာပါ။

ဘုန်းကြီးရေ ကျေးဇူးပါပဲ။

 

ကောင်းတမန် (သီရိကုက္ကို)

[+/-] အပြည့်အစုံသို့...

Monday, June 15, 2009

အင်ဒိုနီးရှား ရောက်ခဲ့တုန်းက အမှတ်တရ ကဗျာလေးတစ်ပုဒ်ပါ။

ဂျော့ဂျာ ခရီးသည်

တက်ချည်တဲ့ သက်ချည်။
မှိုင်းညို့ရီ မရာပီနဲ့
ဂျော့ဂျာမြို့ဆီ။
တက္ကသိုလ် ရာချီတည် (တယ်)
ဂျာဗားနယ် အလယ်ပိုင်း။
ရှေးရိုးရာ အင်ဒိုနီးရှား
ကပွဲများ ခြိမ့်ခြိမ့်ညံ
ရောက်ခဲ့ပြန် သည်တိုင်း။

ဘောလုံးသင်း တစ်သင်းစာ။
ရိုင်းပင်းကာ စည်းလုံးကြ
ဂျော့ဂျာက မြန်မာ။

အဆောင်မှာ ပေါင်းစုချက်
ကမ်းခြေဘက် ပျော်ပွဲစား။
အမှတ်ရ နှစ်သစ်ပွဲ
နှဲသံမြိုင် အကင်စုံနဲ့
ဘင်တန်ဖွဲ့ ၀ိုင်းစကား။

ခန့်ညားလှ ဘိုရိုဗုဒေါ
ရှုမောခဲ့ အံ့စရာ။
မြစိမ်းရောင် ကမ္ဗလာထက်
မိုးထြက္တဲ့ ကမ ၻာ့မဟာ။
ရှုစားရ ရင်သပ်ပြန်
ပရမ်ဘာနန် လွန်ကျော်ကြား။
ကေအက်ဖ်စီ မက်ဒေါ်နယ်နဲ့
မြို့လယ်မှာ ပါတိတ်ရွေး
ညဈေးလဲ ရောက်သွား။

အဆုံးတော့ ခွဲခဲ့ပြီ
လွမ်းဆဲပင် စောင်းငဲ့လို့
ဂျော့ဂျာရဲ့ အဝေး။
ရည်မှန်းရာ လွန်ကြိုးစား
အားစိုက်ပါ့ ဂျော့ဂျာအဆွေ
မာပါစေ သာပါစေရယ်လဲ
စဉ်အမြဲ ဆုမွန်ကောင်း
တောင်းမိတယ်လေး။ ။
(ဆရာရေ ---
နောက် - တွေ့ကြသေး။)


ကိုညိမ်း

အညွှန်း -
ဂျော့ဂျာ - Jogja/Jogjakarta/Yogyakarta
မရာပီ - Merapi Volcano
ဂျာဗား - Java
ဘင်တန် - Bintang
ဘိုရိုဗုဒေါ - Borobudur
ပရမ်ဘာနန် - Prambanan
ကေအက်ဖ်စီ - KFC
မက်ဒေါ်နယ် - McDonald's

[+/-] အပြည့်အစုံသို့...

Saturday, June 13, 2009

လုပ်သင့်တာတွေ လုပ်နိုင်ဖို့၊ စိတ်ဆန္ဒအလိုတွေ ဦးစားမပေးမိဖို့ လိုအပ်တဲ့ သမာဓိလေး

တွေးကြည့်ရင် ကိုယ်ကိုယ့်ကို မကျေနပ်ဘူးဗျာ။

လောကမှာကျွန်တော် အဖြစ်ချင်ဆုံးက လက်ရှိအချိန်လေးမှာ သတိလေးနဲ့ နေပြီး သမာဓိအားကောင်းသူ ဖြစ်ချင်တယ်။ ဒါဟာ ထင်သလောက် တကယ် ကို မလွယ်တဲ့ကိစ္စပါ။

စိတ်ဆိုတာလည်း လွင့်ပါးတတ်တဲ့ သဘာဝ ရှိတော့ ခက်သား။ လွင့်ပါးတဲ့ စိတ်ကို စိတ်နဲ့ပဲ ပြန်ထိန်းရတယ်လို့ အဆုံးအမတွေ ရှိတာသိနေပါလျက်နဲ့ကို မထိန်းနိုင်ဘူး ဖြစ်နေတာပါ။

ဥပမာ....ခု ကျွန်တော် စာတမ်းတခု ရေးစရာ ရှိတယ် ပဲ ဆိုပါတော့။ အစကတော့ ရေးနေတာပဲ။ အဲ..ရေးရင်း ခက်တဲ့နေရာ၊ စဉ်းစားရမယ့် နေရာလေးတွေ ရောက်လာတော့ မစဉ်းစားချင်တော့ဘူး။ ဦးနှောက်ကို အလုပ်မပေးချင်ပြန်ဘူး။ ပြောရရင် ဒါ အပျင်းစိတ်ဝင်လာတာပါ။ ဒီအချိန်မှာ သတိ နဲ့ သမာဓိ လွတ်သွားရင် ဘာမှကို မထိန်းနိုင်တော့ပဲ တခြား စိတ်ဆန္ဒက လိုလားနေတဲ့ တခုခု ကောက်လုပ်မိတော့တာပဲ။ ဥပမာ အင်တာနက်လိုင်းပေါ်တွင် သူငယ်ချင်းတွေနဲ့ စကားပြောခြင်း၊ အင်တာနက်စာမျက်နှာများ ကို လိုက်လံဖတ်ရှုခြင်း စတာတွေ လုပ်ဖြစ်မှာပါ။

အဲလို စိတ်ဆန္ဒတွေက တောင်းဆိုနေတာကို လိုက်လျောမှုမပေးပဲ တိုက်ခိုက်ပြီး လုပ်စရာရှိတာ၊လုပ်သင့်တာကို ပြန်လုပ်နိုင်ဖို့ သမာဓိအား အလွန်လိုပါတယ်။ စိတ်ဆန္ဒစေခိုင်းရာနောက်ကို လိုက်မိပြီဆိုရင် လိုက်မိမှန်း သိပြီး ခဏအတွင်း အမြန်ပြင်သင့်ပါတယ်။ တကယ် လုပ်စရာရှိတဲ့ဟာ ကို ပြောင်းလုပ်နိုင်ရပါ့မယ်။ မဟုတ်ရင် လုပ်သင့်တာ အချိန်မီမလုပ်၊ ပြီးသင့်တာ အချိန်မီမပြီး ဖြစ်လာပြီးလူကို အင်မတန် စိတ်ဖိအားတွေ ဖြစ်လာစေပါမယ်။ ဒါဆို စိတ်ဖိအားဖြစ်လာလေ ပိုမလုပ်ချင်လေ။ ပိုမလုပ်ချင်လေ စိတ်ထဲရှိတာတွေ လျှောက်လုပ်လေ ဖြစ်ရင်းကနေ လူပျင်း၊ လူဖျင်း တယောက် ဖြစ်သွားနိုင်ပါ။

ဒါကြောင့် အရေးကြီးဆုံးက ကြားထဲမှာ စိတ်ဆန္ဒက တောင်းဆိုနေတာတွေ လျှောက်မလုပ်ပဲ၊ တကယ်လုပ်မှ ပြီးမယ့် ဟာကို အကြွေးမထားပဲ ထိထိရောက်ရောက် နေထိုင် ကျင့်သုံး လုပ်ဆောင်ရပါမယ်။

ဒါမှ ကိုယ်ဟာ တာဝန်ကျေသူ၊ စိတ်ဖိစီးမှု ကင်းသူ၊ ဘ၀ကို ပျော်ရွှင်စွာ နေထိုင်နိုင်သူ ဖြစ်လာမှာပါ။

ကဲ..ပြောနေကြာပါတယ်။ ကျွန်တော် အခု စိတ်ဆန္ဒတောင်းဆိုမှုအရ လုပ်နေတဲ့ ဒီစာရေးတာကို ခုပဲ ရပ်ပြီး တကယ် လုပ်ရမယ့် စာတမ်းရေးတာ အပြီးဆက်ရေးလိုက်ပါဦးမယ်။

ကောင်းတမန် (သီရိကုက္ကို)

စင်္ကာပူစံတော်ချိန် မွန်းလွှဲ ၁ နာရီ ၄၆ မိနစ်

၂၀၀၉-၀၆-၁၃

[+/-] အပြည့်အစုံသို့...

Friday, June 12, 2009

အောင် မြန်မာထမင်းဆိုင် မကြာမီလာမည်

စင်္ကာပူက မြန်မာအသိုက်အ၀န်းလေးက တော်တော်ကျယ်ပြန့်လာပါပြီ။

၁။ ရထားဘူတာတိုင်းနီးပါးမှာ မြန်မာစကားသံတွေ ကြားရတတ်ပါတယ်။

၂။ တခါတလေ သနပ်ခါးပါးပါးလေးနဲ့ မဒီတွေ၊ ပုဆိုး၊ ထဘီ၊ လွယ်အိတ်တွေ ၀တ်ထားတဲ့ ကိုကို၊မမတွေကိုလည်း တွေ့နိုင်ပါသေးတယ်။

၃။ ပြီးတော့ စင်္ကာပူရဲ့ လူနေထူထပ်တဲ့ မြို့နယ်တွေမှာ မြန်မာထမင်းဆိုင်တွေလည်း အတော်များနေပါပြီ။

ကျွန်တော်နေသော မြို့နယ်တွင် သိသလောက် လက်ရှိ နှစ်ဆိုင် ရှိပါတယ်။

၎။ အဲ…အဓိကကတော့ မြန်မာဆိုင်တွေပေါပြီး၊ မြန်မာများစုဝေးလေ့ ရှိတဲ့ ပင်နီစူလ ပလာဇာကိုတော့ စင်္ကာပူနိုင်ငံသားတွေကိုယ်တိုင် ဘားမားမောလ် လို့ နာမည် ပေးထားလေရဲ့။

ခုလည်း လာပြန်ပါပြီ နောက်တစ်ဆိုင်…။

ကျွန်တော့အတွက်တော့ ကံကေင်းတယ်လို့ ဆိုရမှာပဲ။ မြန်မာအစားအစာ အင်မတန် ငတ်တတ်တဲ့ ကျွန်တော့်အတွက် ကျွန်တော့် အိမ်အောက်က ထမင်းဆိုင်တန်းမှာ အောင်..မြန်မာစားသောက်ဆိုင် မကြာမှီ ဖွင့်တော့မည် ဖြစ်သည်။

ဆိုင်မဖွင့်သေးပါသော်လည်း အငမ်းမရ ဖြစ်နေပါ၍ ဆိုင်ကို ဓါတ်ပုံသွားရိုက်ယူထားခဲ့ ရာ အောက်တွင်တင်ပေးလိုက်ပါသည်။

12062009(001)

 

12062009

ကောင်းတမန်(သီရိကုက္ကို)

စင်္ကာပူစံတော်ချိန် နံနက် ၇ နာရီ ၂၂ မိနစ် (၂၀၀၉-၀၂-၀၆)

[+/-] အပြည့်အစုံသို့...

Wednesday, June 10, 2009

မြန်မာမှု ပြုလိုက်ပြီဖြစ်သော OpenOffice

၁။ ဆော့ဖ်ဝဲ တခုလုံး မြန်မာမှု ပြုထားသဖြင့် မြန်မာများ စာစီ၊စာရိုက် နဲ့ တခြားအရာများကို လွယ်ကူစွာ သင်ယူလေ့ကျင့်နိုင်ခြင်း။
၂။ ၎င်းမှ အခြေခံ၍ တခြား ဆော့ဖ်ဝဲများကိုပါ (ဥပမာ - Microsoft Office) မြန်မာမှု ပြုလာနိုင်ပါက ပို၍ အကျိုးများနိုင်ခြင်း။
၃။ ထို့ထက်တဆင့်ပိုတက်၍ မြန်မာများရေးသော မြန်မာဆော့ဖ်ဝဲများ ဖန်တီး ထုတ်ဝေလာနိုင်ခြင်း။\

အခု ဒီစာမျက်နှာကို ရေးနေတာ OpenOffice Burmese version ကို သုံးပြီးရေးနေတာပါ။

OpenOffice ကို မြန်မာမှု ပြု ထားတာ တော်တော် စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ OpenOffice ဟာ Microsoft Office လိုပါပဲ။

၁။ စာရွက်၊စာတမ်း ပြုစုရေးသားဖို့

၂။ စာရင်းဇယားတွေ ပြုစုဖို့

၃။ ပုံတွေဆွဲဖို့

၎။ သချာင်္ပုံသေနည်းတွေ ရေးဖို့ နဲ့

၅။ အစည်းအဝေးအတွက် ဆွေးနွေးတင်ပြချက်တွေ ရေးဖို့

စသည်တို့ အတွက် အသုံးဝင်ပါတယ်။

ဒီလို ဆော့ဖ်ဝဲ ကို မြန်မာမှု ပြုပေးလိုက်တာကတော့ http://my.openoffice.org/ ဆိုတဲ့ စီမံကိန်းကို အကောင်အထည်ဖော်နေသူတွေပဲ ဖြစ်ပါတယ်။

အခု ဒီစာမျက်နှာဟာ သူ့ကို သုံးပြီး ပထမဆုံး ရေးထားတဲ့ စာပါ။ အားလုံးကို မြန်မာပြုထားတဲ့ ဆော့ဖ်ဝဲရဲ့ Screenshot ပုံလေးကို တွဲတင်ပေးလိုက်ပါတယ်။

image

အထက်ပါပုံမှာ မြင်ရတဲ့ အတိုင်း Menu bar, title bar, toolbar, status bar အစရှိတာတွေကို မြန်မာလိုမြင်ကြရပါတယ်။ တခြား လုပ်ဆောင်ဖို့ သုံးတဲ့ အရာတွေကို လည်း မြန်မာဘာသာ နဲ့ တွေ့ရပါတယ်။

ကျွန်တော် ဒီကောင်ကို သုံးတာ ဒါ ပထမဆုံး အကြိမ်ပါ။ နည်းပညာပိုင်းဆိုင်ရာ အားသာချက်၊ အားနည်းချက်များကို မလေ့လာရသေးသဖြင့် မဆွေးနွေးနိုင်ပါ။ သို့ရာတွင် ၎င်း၏ ကောင်းကျိုးများကိုတော့ ခန့်မှန်းကြည့်မိပါတယ်။

၁။ ဆော့ဖ်ဝဲ တခုလုံး မြန်မာမှု ပြုထားသဖြင့် မြန်မာများ စာစီ၊စာရိုက် နဲ့ တခြားအရာများကို လွယ်ကူစွာ သင်ယူလေ့ကျင့်နိုင်ခြင်း။

၂။ ၎င်းမှ အခြေခံ၍ တခြား ဆော့ဖ်ဝဲများကိုပါ (ဥပမာ - Microsoft Office) မြန်မာမှု ပြုလာနိုင်ပါက ပို၍ အကျိုးများနိုင်ခြင်း။

၃။ ထို့ထက်တဆင့်ပိုတက်၍ မြန်မာများရေးသော မြန်မာဆော့ဖ်ဝဲများ ဖန်တီး ထုတ်ဝေလာနိုင်ခြင်း။

စတ့ ကောင်းကျိုးများ မြင်မိပါသည်။

အနာဂတ် ကွန်ပျူတာ ပရိုဂမ်ဆိုင်ရာ နည်းပညာ တိုးတက်ရေးအတွက် အထောက်အကူ ပြုသည်ဟု ထင်မြင်မိပါသည်။

စမ်းသုံးလိုသူများ အပေါ်တွင် ဖော်ပြခဲ့သော ၀ဘ်ဆိုက်ဒ် စာမျက်နှာတွင် ဆော့ဖ်ဝဲကို လမ်းညွှန်နှင့်တကွ ဒေါင်းနိုင်ကြပါကြောင်း..။

ကောင်းတမန် (သီရိကုက္ကို)

[+/-] အပြည့်အစုံသို့...

Saturday, May 23, 2009

DOCTOR ( ဆရာဝန် )

ခေါင်းစဉ်ကိုကြည့်ပြီး အနတ္တကတော့ မူလတန်းကစာတွေကို ပြန်ပြီးလေ့လာနေပြီလို့ ထင်ကြလိမ့်မယ်။ အမှန်တော့လည်း ဟုတ်ပါတယ်လို့ ပြောရမလိုပါပဲ။ မူလတန်းကစာတွေကိုတောင် မမှတ်မိတော့လို့ပါ။ ဥယျာဉ်ထဲကို ဝင်လို့မရတာကြာနေတော့ ရောက်ရောက်ခြင်း ပြောချင်တာတွေ လျှောက်ပြောနေမိပြီနော်....

အားလုံး မင်္ဂလာပါ... အနတ္တကြားဖူးတာလေးကို ပြန်ပြီးမျှဝေ လိုက်တာပါ မှားနေတာ၊ လိုနေတာ လေးများတွေ့ရင် အမှန်ရောက်အောင် ပြန်ပြီးမျှဝေပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ....... အဲဒါကတော့.....

မင်းတုန်းမင်းတရာကြီး လက်ထက်အခါမှာ အင်္ဂလိပ်ဆေး ကုတဲ့ DOCTOR တစ်ယောက်လာရောက်ပြီး အမှုထမ်းရင်း ဆေးကုသပေးနေတယ်တဲ့.... အဒီအချိန်တုန်းကတော့ လူနာတွေကရော Doctor နဲ့ဆက်ဆံတဲ့သူတွေကရော Doctor ကို ဆရာလို့ပဲခေါ်ကြတယ်တဲ့ ... မြန်မာလိုတိုက်ရိုက်အဓိပ္ပါယ် မရှိသေးဘူးတဲ့ မြန်မာမင်းမှုထမ်းတွေထဲကလည်း ဆေးပညာတတ်ကျွမ်းတဲ့သူတွေက အဲဒီဆရာဆီမှာ တပည့်ခံပြီး ပညာသင်ယူကြသတဲ့... အဲဒီလို လက်ဆင့်ကမ်းသင်ယူပြီး မင်းမှုထမ်းလာရင်းနဲ့ ဘုရင်က ဝန်မင်း တစ်နေရာ ချီးမြှင့်မြှောက်စားလိုက်သတဲ့... အဲဒီနောက်ပိုင်းကစပြီး... Doctor ကို ဆရာလို့တင်မခေါ်ကြတော့ပဲ ဆရာဝန်လို့ ပြောင်းလဲခေါ်ဝေါ်လာကြသတဲ့.... အဲဒီအချိန်ကနေပြီး အခုအချိန်အထိ Doctor ကို ဆရာဝန်လို့ မြန်မာလို တရားဝင် သုံးစွဲလာကြတယ်ဆိုပဲ.....


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Friday, May 15, 2009

တောက foreigner သာအေး


တောမှာ ၁၆ တန်းအောင်တဲ့ သာအေးတစ်ယောက်......အဆက်အသွယ်ကောင်း agent ဆိုလား ဘာ ဆိုလား နဲ့ နိုင်ခြံကားကိုရောက်ခဲ့တယ်ပေါ့။ဟိုရောက်ရင်ဘဲသာအေးတစ်ယောက်အရင်ရွာမှာတုန်းက မြို့ကိုတောင် မရောက်ဖူးတဲ့ သာအေး အခုတော့ စိုင်ကော်လို့ချုံပေါ်ကငုတ်နဲ့တွေ့တော့တာပေါ့။နိုင်ငံခြား က အဆောက်အအုံ တွေကို ကားတိုက် မတတ် .....နောက်စိနဲ့ မြေကြီး ထိ မတတ် ကြည်ပြီး.......သူ့ကို သူ ဘဝင်လေဟတ်တာပေါ့။ နိုင်ငံခြားကို ရောက်စကဆိုရင်သာအေး ..ညနေစောင်းတာနဲ့.......စာဥကို လွမ်းချင်းတေးတွေ ဆိုတယ်။ မိုးထိမြင့်တဲ့ တိုက်ခေါင်မိုးပေါ်တက်......ဝင်လုဆဲဆဲ နေမင်းကြီးကို ကြည့်ပြီး......ရွာအနောက်ဘက်က.....တောင်တန်းတွေကြားကနေ တရွေ့ရွေ့ပျောက်ကွယ်သွားတဲ့ နေမင်းကြီးကို တမ်းတတယ်။ ရွာအပြင်က....ထန်းရေ...အကြွေးသောက်လို့ရတဲ့ ထန်းတဲ နဲ့ ထန်းတောတွေ ကို အမှတ်ရတယ်။ ခုတော့ သာအေးတစ်ယောက်....aircon မရှိရင် မနေတတ်.....နေကာမျက်မှန်မပါရင် ..နေပူထဲ မသွားတတ်တော့.....ဒါပေမဲ့......မျက်မှန်ကို ....ခေါင်းမှာပဲ........စွတ်တာများသည်.။
ဒီလိုနဲ့.....အမေ့အိမ်နဲ့ဝေးတဲ့ညတွေ......လချီ...နှစ်ချီဖြတ်သန်းပြီး.....တစ်နေ့တော့ သာအေးတစ်ယောက်.......ရွာကို .....အပြီးပြန်ခဲ့တော့တာပေါ့။ ရွာပြန်ရောက်ပြီဆိုကတည်းက....သာအေး လူလိုသူလိုမနေတတ်တော့......အရင်က....လူတိုင်းနဲ့...ပေါင်းသင်းတတ်တဲ့ သာအေး......ခုလူတိုင်းနဲ့ စကားပြောလို့ အဆင်မပြေ........အများပြောတာ သူနားလည်သော်လည်း......သူပြောတာကို အများက.........နားမလည်......အတော်လေး...သာအေး ခေါင်းရှုပ်တာပေါ့။ ရွာရောက်စက...ထောင်ထောင်နဲ့ ..သာအေး.....အိမ်ထဲကနေ...အပြင်မထွက်ရဲ.....လုပ်တာတွေက...အလွဲလွဲ။ လူတွေမြင်ရင် သူကြောက် သလို.......သူ့ကို လူတွေကလည်း မြင်မှာ ပိုပြီးကြောက်ကြသည်။ ဒီလိုနဲ့......ရွာမှာ သူမပျော်.....နိုင်ငံခြားကို ပြန်တမ်းတနေတော့သည်။ ဘာလုပ်လုပ် ဒီစိတ်ဖြစ်နေလေတော့သည်။ တစ်နေ့တော့ အိမ်သာတက်ဖို့.....လာရင်း....နိုင်ငံခြားမှာ...ဗိုလ်ထိုင်တက်ရတာကို ....စဉ်းစား စိတ်ကူးယင် ရင်း.....အားရပါးရ .....ပစ်ထိုင်ပစ်လိုက်တာ........သာအေးတစ်ယောက်....နောက် ကျွမ်းပြန်ပြီး....အိမ်သာထဲ ကျလေတော့ သည်။(၅) ညအိပ် (၆)ရက်လောက်....သာအေး ရေချိုးလိုက်ရသည်။ ထိုနေ့မှစပြီး...သာအေး...နောင်တကြီးစွာရလေ တော့သည်။ "ဘယ်နေရာပဲ ရောက်ရောက်.....ဘဝမမေ့သင့် ပေ"...။



ကောင်းသော စိတ်စေတနာဖြင့်
နတ်နွယ်လင်း (စလင်း)

[+/-] အပြည့်အစုံသို့...