စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Friday, May 15, 2009

တောက foreigner သာအေး


တောမှာ ၁၆ တန်းအောင်တဲ့ သာအေးတစ်ယောက်......အဆက်အသွယ်ကောင်း agent ဆိုလား ဘာ ဆိုလား နဲ့ နိုင်ခြံကားကိုရောက်ခဲ့တယ်ပေါ့။ဟိုရောက်ရင်ဘဲသာအေးတစ်ယောက်အရင်ရွာမှာတုန်းက မြို့ကိုတောင် မရောက်ဖူးတဲ့ သာအေး အခုတော့ စိုင်ကော်လို့ချုံပေါ်ကငုတ်နဲ့တွေ့တော့တာပေါ့။နိုင်ငံခြား က အဆောက်အအုံ တွေကို ကားတိုက် မတတ် .....နောက်စိနဲ့ မြေကြီး ထိ မတတ် ကြည်ပြီး.......သူ့ကို သူ ဘဝင်လေဟတ်တာပေါ့။ နိုင်ငံခြားကို ရောက်စကဆိုရင်သာအေး ..ညနေစောင်းတာနဲ့.......စာဥကို လွမ်းချင်းတေးတွေ ဆိုတယ်။ မိုးထိမြင့်တဲ့ တိုက်ခေါင်မိုးပေါ်တက်......ဝင်လုဆဲဆဲ နေမင်းကြီးကို ကြည့်ပြီး......ရွာအနောက်ဘက်က.....တောင်တန်းတွေကြားကနေ တရွေ့ရွေ့ပျောက်ကွယ်သွားတဲ့ နေမင်းကြီးကို တမ်းတတယ်။ ရွာအပြင်က....ထန်းရေ...အကြွေးသောက်လို့ရတဲ့ ထန်းတဲ နဲ့ ထန်းတောတွေ ကို အမှတ်ရတယ်။ ခုတော့ သာအေးတစ်ယောက်....aircon မရှိရင် မနေတတ်.....နေကာမျက်မှန်မပါရင် ..နေပူထဲ မသွားတတ်တော့.....ဒါပေမဲ့......မျက်မှန်ကို ....ခေါင်းမှာပဲ........စွတ်တာများသည်.။
ဒီလိုနဲ့.....အမေ့အိမ်နဲ့ဝေးတဲ့ညတွေ......လချီ...နှစ်ချီဖြတ်သန်းပြီး.....တစ်နေ့တော့ သာအေးတစ်ယောက်.......ရွာကို .....အပြီးပြန်ခဲ့တော့တာပေါ့။ ရွာပြန်ရောက်ပြီဆိုကတည်းက....သာအေး လူလိုသူလိုမနေတတ်တော့......အရင်က....လူတိုင်းနဲ့...ပေါင်းသင်းတတ်တဲ့ သာအေး......ခုလူတိုင်းနဲ့ စကားပြောလို့ အဆင်မပြေ........အများပြောတာ သူနားလည်သော်လည်း......သူပြောတာကို အများက.........နားမလည်......အတော်လေး...သာအေး ခေါင်းရှုပ်တာပေါ့။ ရွာရောက်စက...ထောင်ထောင်နဲ့ ..သာအေး.....အိမ်ထဲကနေ...အပြင်မထွက်ရဲ.....လုပ်တာတွေက...အလွဲလွဲ။ လူတွေမြင်ရင် သူကြောက် သလို.......သူ့ကို လူတွေကလည်း မြင်မှာ ပိုပြီးကြောက်ကြသည်။ ဒီလိုနဲ့......ရွာမှာ သူမပျော်.....နိုင်ငံခြားကို ပြန်တမ်းတနေတော့သည်။ ဘာလုပ်လုပ် ဒီစိတ်ဖြစ်နေလေတော့သည်။ တစ်နေ့တော့ အိမ်သာတက်ဖို့.....လာရင်း....နိုင်ငံခြားမှာ...ဗိုလ်ထိုင်တက်ရတာကို ....စဉ်းစား စိတ်ကူးယင် ရင်း.....အားရပါးရ .....ပစ်ထိုင်ပစ်လိုက်တာ........သာအေးတစ်ယောက်....နောက် ကျွမ်းပြန်ပြီး....အိမ်သာထဲ ကျလေတော့ သည်။(၅) ညအိပ် (၆)ရက်လောက်....သာအေး ရေချိုးလိုက်ရသည်။ ထိုနေ့မှစပြီး...သာအေး...နောင်တကြီးစွာရလေ တော့သည်။ "ဘယ်နေရာပဲ ရောက်ရောက်.....ဘဝမမေ့သင့် ပေ"...။



ကောင်းသော စိတ်စေတနာဖြင့်
နတ်နွယ်လင်း (စလင်း)

[+/-] အပြည့်အစုံသို့...

Friday, May 1, 2009

ပန်းနှင့်ပျား

တကယ်ဆို.

မင်းက ပန်းလေးတပွင့် နဲ့ တူတယ်…။

ဒါဆို.

ကိုယ်ကတော့ ပျားလေးတကောင်ပေါ့။

 

နိယာမက..

အဲဒီပန်းလေးရဲ့ ၀တ်မှုံတွေကြောင့်

အဲဒီပျားလေးကို အသက်ဆက်ခွင့်ပေးတယ်….။

အဲဒီနိယာမအရပဲ..

အဲဒီပျားလေးရဲ့ ကြိုးစားသယ်ယူမှုကြောင့်

အဲဒီပန်းလေးလည်း ၀တ်မှုံကူးနိုင်တယ် မဟုတ်လား..။

 

စဉ်းစားကြည့်ရင်

ပန်းမရှိလို့ ပျားမဖြစ်သလို၊ ပျားမရှိလည်း ပန်းမဖြစ်နိုင်ဘူးလေ..။

အဲဒီလိုပါပဲ

တယောက်မရှိလို့ တယောက်မဖြစ်တဲ့ အချစ်နဲ့

ကိုယ်တို့ ချစ်ခဲ့ကြပြီးသလို

ကိုယ်တို့ဆက်ချစ်နေသမျှ ဘာလိုသေးလဲလို့ ပြောပါရစေ ချစ်သူ…။

 

တခါတလေကျ

ပျားလေးက ပန်းလေးဆီမှာ အမြဲရှိမနေနိုင်သလို

တခါတလေလည်း

ပျာလေးလာတိုင်း ပန်းလေးမှာ ၀တ်မှုံပြည့်နေမှာ မဟုတ်ဘူးနော်။

 

တခါတခါကျ

မုန်တိုင်းထန်ရင် ပန်းလေရဲ့ ပွင့်အိမ်ထဲမှာ

ပျားလေကို ခိုလှုံခွင့်လည်းပေးသေးတယ် မဟုတ်လား။

 

တခါတရံဆို

ပိတုန်းတွေ ပန်းလေးကို လာတွယ်ဖို့ ကြိုးစားရင်

ပျားလေးက ကာကွယ်ပေးတတ်သေးတယ်နော်..။

 

ဘာပဲဖြစ်ဖြစ် ပန်းလေးမင်းက

ပျားလေးကိုယ့်အတွက် ၀တ်မှုံတွေ ၀ှက်ထားပေးဆဲပဲဆိုရင်

ကိုယ်ကျေနပ်ပါပြီ..။

 

ဒါပေမယ့် မင်းတခုတော့ သိထားစေချင်တယ်..

အချိန်တန်လို့ ကိုယ်ပြန်လာပြီဆိုရင်

ကိုယ့်ရဲ့ နောက်ဆုံးပျံသန်းမှုလားရာက

ဟို..အဝေးက ကိုယ့်ပန်းလေး မင်းဆီကိုယ်ပါပဲ ချစ်သူ..။

 

©ကောင်းတမန် (သီရီကုက္ကို)

စင်္ကာပူစံတော်ချိန် ၁ နာရီ ၄၅ မိနစ်

၂၀၀၉-၀၅-၀၁

[+/-] အပြည့်အစုံသို့...

Saturday, April 25, 2009

ဘယ်သူ.ကို အရင်ဖိတ်မလဲ ( Blog တခုတည်းကတွေ.လို.ပါ )

တခါက အိမ်ရှင်မတဦးသည် အိမ်ရှေ့တွင် မုတ်ဆိတ်ဖြူနှင့် အဘိုးအိုသုံးဦး
ထိုင်နေသည်ကို တွေ့လိုက်မိသည်။ ထိုအဘိုးအိုများကို သူမသိပေ။

"အဘိုးတို့ကို ကျွန်မ မသိဘူး။ဒါပေမဲ့ အဘိုးတို့ ဆာနေလောက်မယ်ထင်တယ်။
အိမ်ထဲဝင်ပြီး တခုခု သုံးဆောင်ပါဦးလား" ဟု သူမ လောကွတ်ပြုသည်။

"အိမ်ရှင်ယောက်ျားရှိနေလား" အဘိုးအိုက မေးသည်။

"မရှိဘူး...အပြင်သွားလိုက်တယ်"
"ဒါဆို အဘိုးတို့ အိမ်ထဲကို ၀င်လို့မရသေးဘူး"

ညနေ လင်ယောက်ျား ပြန်လာသောအခါ အိမ်ရှင်မက အကြောင်းစုံကို ပြောပြလိုက်သည်။
"ကိုယ်အိမ်ရောက်နေပြီပဲ...သူတို

့ကို ပြန်သွားဖိတ်လိုက်ပါဦး"

အိမ်ရှင်မက အဘိုးအို သုံးဦးအား အိမ်ထဲဝင်ခဲ့ဖို့ ဖိတ်ခေါ်ပြန်သည်။
"အဘိုးတို့ သုံးယောက်စလုံး အိမ်တအိမ်ထဲကို ပြိုင်တူဝင်လို့ မရဘူး"
"ဘာဖြစ်လို့လဲ...အဘိုး" အိမ်ရှင်မက တအံတသြနှင့် မေးသည်။
"သူ့နာမည်က ဓနဥစ္စာတဲ့" အဘိုးအိုတဦးက အခြားတဦးကို ထိုးပြပြီးပြောသည်။ ဆက်၍
"သူကတော့ အောင်မြင်ခြင်း၊ အဘိုးက ချစ်ခြင်းမေတ္တာ၊ အိမ်ထဲကို ဘယ်သူအရင်
ဝင်ရမလဲဆိုတာ တူမလေးယောက်ျားနဲ့ အရင် သွားတိုင်ပင်ကြည့်လိုက်ဦး"

အိမ်ရှင်မမှာ အိမ်ထဲဝင်ပြီး လင်ယောက်ျားကို အကြောင်းစုံ ပြောပြပြန်သည်။
"အော်.. ဒီလိုကိုး... ဒါဆိုရင် ဓနဥစ္စာကို အရင်ဆုံးဖိတ်လိုက်ရအောင်"

"ဘာဖြစ်လို့ အောင်မြင်ခြင်းကို အရင်မဖိတ်တာလဲ" အိမ်ရှင်မက အတွန့်တက်သည်။

"ချစ်ခြင်းမေတ္တာကို အရင်ဆုံး ဖိတ်လိုက်ရင် မကောင်းဘူးလား"
ထောင့်တနေရာတွင် ထိုင်ပြီး သူတို့ပြောသော စကားကို နားထောင်နေသည့်
ချွေးမဖြစ်သူက အကြံပြုသည်။

"အင်း....ကောင်းတယ်။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်" ချွေးမ၏ အကြံကို
သူတို့ထောက်ခံလိုက်ကြသည်။ "ချစ်ခြင်းမေတ္တာကို အရင်ဖိတ်ပါတယ်။ အိမ်ထဲကို
ကြွပါ" အိမ်ရှင်မက ဖိတ်ခေါ်လိုက်သည်။ ချစ်ခြင်းမေတ္တာဟုသော အဘိုးအိုက
အိမ်ထဲဝင်သည်နှင့် ကျန်အဘိုးအို နှစ်ဦးက လိုက်ဝင်လာသည်။

" သုံးယောက်လုံး ပြိုင်တူဝင်လို့ မရဘူးဆို ကျွန်မက သူ့ကိုပဲ
အရင်ဖိတ်လိုက်တာ။ အဘိုးတို့က ဘာလို့ လိုက်ဝင်လာရသလဲ"

"တကယ်လို့ တူမက ဥစ္စာဓန သို့မဟုတ် အောင်မြင်မူကို အရင်ဖိတ်ရင်
ကျန်တဲ့နှစ်ဦးက လိုက်ဝင်လို့မရဘူး။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်ဆိုရင်
သူဘယ်ကိုသွားသွား ကျန်တဲ့နှစ်ဦးက လိုက်ကိုလိုက်ရတယ်။ ဘယ်နေရာမှာဖြစ်ဖြစ်
ချစ်ခြင်းမေတ္တာဆိုတာ ရှိရင် ဥစ္စာဓနနဲ့ အောင်မြင်မူ ဆိုတာလည်း ရှိမှာပဲ"
အဘိုးအို တဦးက ရှင်းပြသည်။

သူတို့နေရာမှာ သင်သာဆိုရင် ဘယ်သူ့ကို အရင်ဆုံးဖိတ်မလဲ.....ဟဲဟဲ

[+/-] အပြည့်အစုံသို့...

Thursday, March 26, 2009

ထူးအိမ်သင်ရေးဖွဲ.ခဲ.တဲ.ကဗျာလေးပါနှစ်သက်မယ်ထင်မိပါတယ်


အိမ်မက်သည်သူ
သူသည် အသက်ဖြစ်စေ
ဆောင်းနှောင်းလျှင်
နွေဦး၏။
နွေဦး၌ နှင်းကြွင်းသည်။
နှင်းကြွင်းပြယ်သော်လည်းသစ္စာကြွင်းစေ။
မြတ်နိုးခြင်း ကြွင်းစေ။
သျှပ်မှူးကျော်

[+/-] အပြည့်အစုံသို့...

Sunday, March 22, 2009

ဥယျာဉ်မှူး အနတ္တ နှင့် အရိပ် သို့ ...

ပျော်စရာတွေကို သိမ်းဆည်းပါ။
မိတ်ဆွေ ...
ပျော်စရာ ဆိုသည်မှာ သင်သိမ်းဆည်းမထားလျှင်
အချိန်ကြာလာသည်နှင့်အမျှ မေ့ပျောက်သွားလေ့ရှိပါသည်။
သင့်ရဲ့ ပျော်စရာတွေကို သိမ်းဆည်းဖို့ သတိရပါ။
ထို့နောက် ပျော်စရာတွေကို မကြာခဏပြန်လည်
ဖော်ထုတ်ကြည့်ရှူပါ။
ထိုအချိန်က ..
သင် ပျော်ရွှင်ခဲ့သည်ထက် ပိုမိုပျော်ရွှင်ရပါလိမ့်မည်။

ခိုင်မြဲ

[+/-] အပြည့်အစုံသို့...

Friday, March 20, 2009

အနတ္တ နှင့် အရိပ်တို့အတွက် မင်္ဂလာလက်ဆောင်

ထူးမြတ်မင်္ဂလာ အနတ္တ နှင့် အရိပ် ကမ္ဘာ

image

၂၀၀၉ ခုနှစ်

မတ်လ ၂၉ ရက်နေ့

မဏ္ဍပ်ထိုးတက်ဟေ့ လို့

မောင်းတွေတကျော်ကျော်

ခေါင်းတွေတဖေါ်ဖေါ် နဲ့

ပေါင်းဆွေတပျော်ပျော် ဖြစ်လို့

ကောင်းတွေတမျှော်မျှော် လင့့််ရော့ထင့်။

 

၁၃၇၀ ပြည့်တဲ့နှစ်

တန်ခူးလဆန်း ၄ရက်မှာ

အထူးလှ (ပိတောက်) ပန်းလေး တခက်နဲ့

သမုဒယ အနမ်းလေး ပါစွက်လို့

အယုအယ ပဌာန်းရှေး ရေစက်ကပါလာတော့

အခုကစ အလှမ်းမဝေး ဆွေဆက်ကမ္ဘာထိ

အနေတက်အောင် သပြေနှက်လို့

အောင်လဖက် နဲ့ အောင်ရက်တွေလည်း

ဝေနေကြရော့ထင့်။

 

အနှီမင်္ဂလာမောင်နှံ အနတ္တ နဲ့ အရိပ်ဆိုတာ

ကြင်သူနှစ်ဦး အဆင်တူထူးပုံများ

သခင်ဖိုးလှကြီးရဲ့ သား နဲ့ သမီး ဆိုလည်းဟုတ်

စိတ်မီးအိမ် ရဲ့ အား နဲ့ ထီး ဆိုလည်း ဟုတ်ပဲလေ။

ဖော်ရွေမှုက သဒ္ဓါတူ

စာနာမှုက သမာယူ လောက်ကြတယ်။

ဇာတိ ဟိုအညာက ဆိုပြန်တော့

အပိုအထာတွေလည်း မလိုပြန်ဘူးလေ။

 

သမိုင်းဝင် ဟို…စလင်းမြို့ က

ဝက်သည်းကန်ပြင်မှာ

အမှတ်အသဲဥာဏ်အလျင်နဲ့

သစ္စာထိုးမယ့် အနတ္တ………..။

 

အညာတပြင်…..ထို … ပခုက္ကူက

သမိုင်းဝင် သီဟိုဠ်ရှင်ဘုရားမှာ

တူနှစ်ကိုယ်ယှဉ်သွားလို့

အသဲရင်ကြားက

အကြင်နာအားနဲ့

မေတ္တာပွားမယ့် အရိပ်………။

 

ထို အနတ္တ နဲ့ အရိပ် ရေ

တသက်စာအတွက် လက်ထပ်ယူတဲ့

ရက်မြတ်တန်ခူးမှသည်……

အသက်နဲ့ထပ်တူ ချစ်ကြည်နူးလို့

ချစ်ခြင်းမှသည် ချစ်ခြင်းဆောက်၍

ချစ်ခြင်းတွေဆင့် ချစ်ခြင်းတွေပဲပွင့်ကာ

ချစ်ခြင်းအနှစ်တွေနဲ့

မုန်းခြင်းမပါ

အပြုံချင်းသာ ဖလှယ်လို့

အဆုံးစာရင်းမရှိ ၊ နှလုံးချင်းထိ၍

ထင်းပုံခေါင်းချတဲ့အထိ

ပေါင်းရပါစေသား

စိတ်မီးအိမ်ဖွားမှ

ဆုတောင်းမေတ္တာ ပို့သလိုက်သည်

မင်္ဂလာချိန်ညီ အခါတော်မီ။

 

© ကောင်းတမန်

 

စင်္ကာပူစံတော်ချိန် ညနေ ၆ နာရီ ၁၂ မိနစ်

၂၀၀၉ ခုနှစ် မတ်လ ၂၀ ရက်

[+/-] အပြည့်အစုံသို့...

Friday, March 13, 2009

ဖွင့်ဟ၀န်ခံချက်

စိတ်မီးအိမ်မှ သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေ။

အခြေအနေအရပ်ရပ်ကြောင့် စိတ်မီးအိမ် နဲ့ ကာလအတန်ကြာ ဝေးကွာနေခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်နော်။

အခြေအနေ အရပ်ရပ်ဆိုတဲ့ အထဲမှာ မင်္ဂလာကိစ္စတော့ မပါဘူးပေါ့ (ဟဲ……ဟဲ….)။

ဘာလို့လဲဆိုတော့ ကိုအနတ္တက အားလုံး စီစဉ်ပေးနေတာဆိုတော့ အရိပ်ကလည်း အလုပ်ကိစ္စတွေ အကြောင်းပြုပြီး လစ်နေလို့ ရတာပေါ့လေ…ဟီ…ဟိ။

အနတ္တကိုတော့ သွားမပြောကြနဲ့နော်။ သွားပြောလို့ကတော့ မင်္ဂလာဆောင်ကြရင် မုန့်မကျွေးတော့ဘူး။

အင်း အနတ္တ နဲ့ အရိပ်တို့က သခင်ဖိုးလှကြီးရဲ့ ရင်ခွင်အောက်မှာ အတူတူ ခိုလုံနေတုန်းကတော့ မဆုံဖြစ်ခဲ့ကြဘူးလေ…။ အဲဒီတုန်းက အနတ္တကလည်း သူ့ကိစ္စတွေနဲ့ ရှုတ်နေတယ် ထင်ပါရဲ့။

ဒါပေမယ့် ဒီလောက် နာမည်ကြီးတဲ့ အရိပ်ကို တွေ့အောင်မရှာနိုင်ခဲ့တဲ့ အနတ္တကို စိတ်တော့ ဆိုးချင်သားပဲ..။ နောက်ပြီး အရိပ်ကိုလည်း အထင်ကြီးမနေနဲ့ဦးနော်။ နာမည်ကြီးတယ်ဆိုတာ ကျောင်းလစ်တဲ့ နေရာမှာ ပြောတာပါ..။

နောက်တော့မှ စိတ်တူကိုယ်တူ သူငယ်ချင်းတွေ ဆုံဆည်းခွင့်ရအောင် ဖန်တီးထားတဲ့ စိတ်မီးအိမ်ဆိုတဲ့ ဥယျာဉ်လေးထဲကျမှပဲ ဆုံတွေ့ရတော့တယ်။ ဖူးစာပဲ နေမှာပေါ့နော်…။ဟဲ……………….ဟဲ….။အဲဒီအတွက် အနတ္တ နဲ့ အရိပ်ကို ဆုံတွေ့အောင် ဖန်တီးပေးခဲ့တဲ့ ကိုကြီးကောင်းတမန် ကို မေ့ပစ်လို့မရနိုင်တော့မယ့် အကြောင်းအရာတွေနဲ့အတူ စိတ်မီးအိမ်ထဲမှာ ထာဝရ ကျေးဇူးတင်နေမှာပါ။ ဘ၀ တသက်တာအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ကောင်းတစ်ခု ပေးခဲ့လို့ပေါ့။

အနတ္တကို ပိုင်ဆိုင်ခွင့်ရတဲ့ အတွက်လည်း ပျော်ရွင်ကျေနပ်မိပါတယ်။

ကောင်းတမန်ရေ……

အဲဒီ ကျေးဇူးအတွက် မြန်မာပြည် ပြန်လာမှပဲ နွေးထွေးစွာ ကြိုဆိုတော့မယ်နော်။ ရေနွေးတိုက်ပြီး မီးလှုံခိုင်းမှာကို ပြောတာပါ…..။ ဟား………ဟား….ကြောက်ပြီးတော့ ပြန်မလာပဲ မနေနဲ့ဦးနော်….။

ခိုင်မြဲရေ……….

နင်လည်း ကောင်းတမန်ကို အားကိုးပြီး ရှာခိုင်းနော်…….။ ငါထင်ပါတယ်။ နောက်ဆုံး နင့်ကို ယူမယ့်သူမရှိတော့ရင်တောင် အင်ဒိုက ကုလားမတစ်ယောက်လောက်နဲ့တော့ အဆင်ပြေအောင် စီစဉ်ပေးနိုင်မှာပါဟာ။ မျှော်လင့်စောင့်စားနေနော်….။

သူငယ်ချင်း အားလုံးကို အသိပေးရင်းနဲ့ အနတ္တ နဲ့ အရိပ်တို့ရဲ့ မင်္ဂလာပွဲကို ပူးတွဲပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်သောကြောင့် စိတ်မီးအိမ်မှ ခင်မင်ကြတဲ့ ဥယျာဉ်မှုးများ နှင့် အရိပ် မဆုံဖြစ်ပေမယ့် နောက်မှ ရောက်လာကြတဲ့ ဥယျာဉ်မှုး အသစ်များကို ခင်မင်ရင်းနှီးစွာ ဖိတ်ကြားပါတယ်နော်….။

သူငယ်ချင်းလည်း ဘ၀အဖော်မွန်တွေ အမြန်ဆုံးရှာတွေ့နိုင်ပါစေလို့ ဆန္ဒပြုရင်း……….။

အားလုံးကို ကျေးဇူးတင်ပါတယ်…………….။

clip_image002

ဘယ်လိုပဲဖြစ်ဖြစ် အနတ္တ နဲ့ အရိပ်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို ပူးတွဲပါအစီအစဉ်များအတိုင်း ကျင်းပမည်ဖြစ်သောကြောင့် စိတ်မီးအိမ်မှ ခင်မင်ကြတဲ့ ဥယျာဉ်မှူးများ နှင့် အရိပ် နဲ့ မဆုံဖြစ်ပေမဲ့ နောက်မှရောက်လာကြတဲ့ ဥယျာဉ်မှူးအသစ်များကို ခင်မင်ရင်းနှီးစွာ ဖိတ်ကြားရင်း အသိပေးအကြောင်းကြားအပ်ပါတယ်…။

သူငယ်ချင်းများအားလုံးလည်း ဘ၀အဖော်မွန်တွေ အမြန်ဆုံးရှာတွေ့နိုင်ပါစေလို့ ဆနပြုရင်း….

အားလုံးကို ကျေးဇူးတင်ပါတယ်…။

ပေးဆပ်ရင်းသာ

ရင်ခုန်စွာ ချစ်မိပြီဆိုကတည်းက

မုန်းဖို့မဟုတ်ခဲ့ဘူး…

ဖြူစင်တဲ့ စေတနာတခု ဖြစ်တည်ခဲ့တာ

လက်တုံ့ပြန်ဖို့ မဟုတ်ခဲ့ဘူး…

ခိုင်မာတဲ့ သံယောဇဉ် ငြိတွယ်ခဲ့ရတာ

နာကြည်းဖို့ မဟုတ်ခဲ့ဘူး…

မြတ်နိုးမိတဲ့ နောက်ဆက်တွဲ

အသည်းခွဲဖို့ မဟုတ်ပြန်ဘူး…

နာကျင်မှု မျက်ရည်တွေ သူမမြင်စေခဲ့တာ

မာယာမဟုတ်ပါဘူး . . .

အရာအားလုံးအတွက် ငဲ့ညှာမှုတွေနဲ့

အဝေးကို ရှောင်ပြေးခဲ့ရင်လည်း

မချစ်လို့တော့ မဟုတ်ပါဘူး…

အရိပ်

[+/-] အပြည့်အစုံသို့...