စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Monday, December 3, 2007

"ထမင်းလုံးတစ္ဆေ"

ရင်ခုန်သံတွေပုံမှန်မဟုတ်ဘူး

နည်းနည်းမြန်နေတယ်

စိတ်ကိုအတတ်နိုင်ဆုံး ငြိမ်အောင်ထားနေရတယ် ။

တခါတခါ အသက်ရှူဖို့မေ့နေတယ်

မျက်စိတွေေ၀၀ါးလားပြီ

အာရုံတွေက ကမောက်ကမ

ခန္ဓာကိုယ် က တောင့်တင်းနေတယ်

အကြောတွေ သေနေသလိုပဲ

အာခေါင်တွေ ခြောက်ကပ်နေတယ်

ရေခွက် ကိုလက်လှမ်းဖို့ အင်အားမရှိဘူး

စိတ်ကိုငြိမ်အောင်ထားပြီး ကြိုးစားတယ်

အားလုံး အချည်းအနှီး ပဲ

ကျယ်လောင်စွာ အော်ချင်တယ်

လည်ချောင်းမှာ တစ်ဆို့ နေတယ်

တစ်စုံတစ်ယောက် ရဲ့ ခြေသံကိုနားစွင့်နေမိတယ်

ဘာမှ မကြားရ ၊ အူနေတယ်

နောက်ဆုံး ပုတီးစိပ်ဖို့ ကြံတယ်

ပုတီး ကိုစမ်းလို့မရဘူး

ရသမျှ ဘုရားစာ ကိုစိတ်ထဲကဆိုမိတယ်

အာရုံတွေ ဘုရား မှာရောက်ချိန်

တဒုန်းဒုန်း တဒိုင်းတဒိုင်း အသံနဲအတူ

ကျွန်တော် လန့်နိုးခဲ့လေ ပြီ ။


Catoon101

[+/-] အပြည့်အစုံသို့...

Brain Work 2

အရိပ်က သယ်ရင်း….လွန်မဆွဲတော့ပါဘူးဟာ ဆိုပြီးတော့ Comment မှာလွန် ၀င်ဆွဲသွားတယ်။ မကြီးပါချူးကလည်း ခေါင်းစဉ်မဲ့ ကာရံမဲ့ဆိုပြီး မကြီး-ပါချူး ဘလော့မှာ ကဗျာတစ်ပုဒ်ရေးဖူးတယ်။ အင်းအဲဒါကို ဖတ်ပြီးတော့ ဒေါက်တာသန်းထွန်း ရေးတဲ့စာအုပ်တွေကိုသွားသတိယတယ်။ကျွန်တော်ဟာ စာရေးဆရာတစ်ယောက် မဟုတ်ပါ ဆိုပြီးရေးလိုက်တာ စာအုပ်တွေကိုမနည်းဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အရိပ်ဆွဲသွားတာလေးကို ပြန်ဆွဲကြည့်ရအောင်……..

အရိပ်ကလည်း…တဖူးဖူးမှုတ်တယ်လို့မပြောပါဘူးဟာ။ တဖူးဖူးလုပ်တယ်လို့ပြောတာပါ။ ငါကဥပမာပြောတာပါ။ တကယ်လို့ မေးတဲ့သူအနေနဲ့ ပြောရင်တော့ပါးစပ်က ပွစိပွစိနဲ့လုပ်နေတာကိုမြင်တယ်လို့ပြောရမှာပေါ့။ သူ့အနေနဲ့တော့ ပူလို့မှုတ်နေတာပဲ ဒါပေမယ့် ဘေးကမြင်တဲ့သူကတော့ ပါးစပ်က ပွစိပွစိပဲမြင်မှာလေ… ပါးစပ်ပွစိပွစိ လုပ်တာနဲ့တော့ ပူလို့ဆိုတာကို တန်းမသိနိုင်လောက်ပါဘူးနော်။

ခုဏက Comment ထဲမှာ အရှုံးပေးပါတယ်ဆိုတဲ့ စကားကိုကြားတော့… ကြားဖူးတာလေးတစ်ခုကို သွားသတိယတယ်။ အဲဒါကတော့….တစ်ခါက ကုလသမဂ္ဂမှာ နိုင်ငံနှစ်နိုင်ငံကမိတ်ဆွေနှစ်ယောက်ဟာတော်တော်လေး ရင်းနှီးခင်မင် ကြတယ်တဲ့။ ဒါပေမယ့် သူတို့နှစ်ယောက်ကိုကြည့်ရင် အမြဲတန်း ငြင်းခုန်နေကြတယ်တဲ့။ (ဒို့စကားနဲ့ပြောရင် လွန်ဆွဲတာပေါ့ဟာ ငြင်းခုန်တာကို လူတွေတော်တော်များများက မကောင်းတဲ့အမြင်နဲ့လက်ခံထားကြတာကို။)တစ်နေ့မှာနိုင်ငံတစ်နိုင်ငံကတစ်ယောက်ဟာ ငွေကြေးအခက်အခဲ ဖြစ်လို့ သူ့မိတ်ဆွေဆီကို အကူအညီတောင်ခံပြီးနောက်ပိုင်းမှာ ငွေကြေးကူညီတဲ့သူက ဘာလာပြောပြော အကူအညီရတဲ့သူက အမြဲတန်း အရှုံးပေးနေတော့ အရှုံးပေးတာကိုခံရတဲ့သူက သြော်…ငါမိတ်ဆွေတော့ ငါ့ကို ခင်မင်မှုနည်းသွားပါလားဆိုပြီး အရမ်းဝမ်းနည်းသွားတယ်တဲ့။ အရိပ်ရေ....... နင်လွန်မဆွဲချင်ရင်လဲ နေပါတော့ အရှုံးတော့မပေးပါနဲ့ နင်အရှုံးပေးတာက တစ်ဖက်လူဘယ်လိုခံစားရမလဲဆိုတာကို သတိမထားမိလို့ဖြစ်မှာပါ။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Friday, November 30, 2007

"BRAIN WORK @ လွန်ဆွဲကြရအောင်"

အရိပ်ရေ…
ဆုတောင်းတိုင်းတန်းပြည့်ရအောင် သီလ၊ သမာဓိ၊ ပညာ အားကောင်းနေမှဖြစ်မှာလေ။ အနတ္တက အဲဒီသုံးချက်အားကောင်းနေတယ်လို့ မခံယူထားဘူး။ အဲဒီတော့ ဆုတောင်းတိုင်တန်းပြည့်မှာ မဟုတ်တဲ့အတွက် မိုးရွာပါစေလို့ ဆုမတောင်းဘူးလေ။ မိုးရွာစေချင်ရင် တို့ တစ်ဖွဲ့လုံးလွန်ဆွဲကြမယ်လေ။ အခုတို့နှစ်ယောက်ကစပြီး(စဉ်းစားမှု)လွန်စဆွဲမယ်လေ။ အာလုံးပါဝင် ဆင်နွှဲနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ လွန်စဆွဲမယ့် အကြောင်းအရာလေကတော့ အရိပ် တင်ထားတဲ့ ဒုတိယမေးခွန်းလေကိုပဲ စလိုက်ကြရအောင်လေ။ အဲဒီမေးခွန်းတွေပါတဲ့ အမေးအဖြေ စာအုပ်ရှိရင်လဲ အဲဒီအဖြေမှန်တယ်ဆိုတာကိုအသာထားပြီး အဲဒီမေးခွန်းနဲ့ ဆိုင်တဲ့အဖြေတွေကို အကျိုးအကြောင်းနဲ့ စဉ်းစာကြည့်မယ်လေ။
“ပူသေးလို့” ဆိုတဲ့အဖြေကို စဉ်းစာကြည့်လိုက်တယ်။ ဘာမှမစားရခြင်း အကြောင်းပြချက် အတွက်တော့ခိုင်လုံပါတယ်။ဒါပေမယ့် စံပါယ်ပြောသလို မကြိုက်လို့တို့၊ မကြီးပါချူးပြောတဲ့ စားဖို့ရာ ဇွန်းရှာမတွေ့လို့ပါ တို့၊ အတူတူစားဖို့စောင့်နေတာတို့၊ အချိန်မကျသေးလို့ တို့ အားလုံးဟာ ဘာမှမစားပဲဒီအတိုင်းထိုင်နေတယ် ဆိုတဲ့အကြောင်းအတွက် ပြောလို့ရတာပဲလေ။ ပူသေးလို့ ဆိုတဲ့အဖြေနဲ့ပါတ်သက်ပြီးတော့ လက်မခံနိုင်စရာ အချက်တစ်ချက်ကတော့ အဲဒီလူနာတွေဟာ သူတို့ကိုဧည့်ခံတယ်ဆိုတဲ့အသိစိတ်လေ၀င်ပြီးတော့ မရှိကို အရှိထင်ပြီးစားနေတယ်စားမယ်….ဆိုရင် ပူသေးလို့ ဆိုတဲ့ အသိဝင်ရင် သူကဒီအတိုင်းထိုင်နေမယ်ထင်သလား။ ဘယ်လိုမှ ဒီအတိုင်းထိုင်နေတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ပူနေတဲ့ဆန်ပြုတ်ကို အေးအောင်လို့ လေနဲ့မှုတ်နေမှာပေါ့။ ဒါဟာအမြဲတန်းဖြစ်လေ့ဖြစ်ထရှိတဲ့အလေးအကျင့်ပဲလေ။ အနတ္တနောက်ဆုံးဖြေတဲ့ အဖြေက အစားအသောက်ကိုအချိန်နဲ့စားတာ။ စားဖို့အချိန်မရောက်သေးလို့ ဆိုပြီးဖြေခဲ့တယ်နော်….. အဲဒီလိုဖြေရတဲ့အကြောင်းကတော့… နံပါတ်တစ်… မေးခွန်မှာကို ပြောလိုက်တဲ့အချိန်မှာတို့၊ မေးလိုက်တဲ့အချိန်မှာတို့ဆိုပြီး နမိတ်ပြဆက်စပ်စကားလုံးတွေပါလို့ပဲ။ နံပါတ်နှစ် အရူးကတစ်မူးသာ ဆိုတဲ့စကားပုံနဲ့လဲညီညွတ်သွားအောင်… အစားကိုအချိန်နဲ့စားတာ၊ စားဖို့အချိန်မရောက်သေးလို့ ဆိုပြီး သာမန်လူတွေထက်သာအောင်ဖြေလိုက်တာလေ။ အဲဒီအဖြေနဲ့ပါတ်သက်ပြီး အရိပ်ရဲ့အဖြေမှန်နဲ့ မကိုက်ညီဘူးဆိုရင်တော့ လက်ခံပါတယ်။(အဖြေမှန်တယ်ဆိုတာကိုလက်ခံတာမဟုတ်ပါ။) ဒါပေမယ့် အဖြေကမှားနေသေးတယ်ဆိုတာကို ဘယ်လိုအကြောင်းကြောင့်လဲဆိုပြီး အရိပ်လွန်ဆွဲမယ့် အကြောင်းအကျိုးလေးကို သိချင်ပါတယ်။

မှတ်ချက်။ ။ ဆရာဝန်တွေသွားမေးတဲ့လူနာက ဘာမှမစားပဲ ဒီအတိုင်းထိုင်းနေတယ် ဆိုတဲ့ နေရာမှာ ဘာမှမစားပဲတဖူးဖူးနဲ့ လုပ်နေတယ်ဆိုရင် အရိပ်ရေ…. နင်ပြောတဲ့ အဖြေကို လက်ခံပါတယ်။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

တောသားလူလည် …………………

တခါတုန်းကပေါ့ မြို့ထဲကို အထုပ်အပိုးတွေထမ်းပြီး ပင်ပင်ပန်းပန်းပုံစံနဲ့တက်လာတဲ့ တောသားတွေကို ကြည့်ပြီးတော့ မြို့သားတစ်ယောက်က ဘေးမှာရှိနေတဲ့သူကို ဘာပြောလိုက်လဲဆိုတော့ တွေ့လား တောသားတွေက ညံ့လွန်းလို့ တောမှာ ပိုက်ဆံကို ပင်ပင်ပန်းပန်းရှာစားနေကြရတာပေါ့ ဦးနှောက်ကလည်း အသိဥာဏ်နည်းပါးလွန်းတယ်လို့ ဝေဖန်ပြောဆိုလိုက်တာကို တောသားက ကြားသွားပြီးတော့ မခံမရပ်နိုင်ဖြစ်သွားတယ်ပေါ့နော် ….။ အဲ့လိုကြားသွားပြီးတော့ တောသားက အဲ့ဒီဝေဖန်ပြောဆိုတဲ့ မြို့သားရှေ့ကိုသွားပြီးတော့ ခင်ဗျားက ကျုပ်တို့ကို အဲ့လိုပြောတယ်ဆိုရင် ခင်ဗျားနဲ့ ကျွန်တော်နဲ့ မေးခွန်းတခုကိုမေးပြီး အလောင်းအစားလုပ်ကြမယ်ပေါ့ ခင်ဗျားသဘောတူလားဆိုတော့ မြို့သားက တောသားကို အထင်သေးပြီးတော့ မေးစမ်းပါ ခင်ဗျားမေးတဲ့ဘယ်မေးခွန်းကိုမဆို ကျုပ်ဖြေနိုင်တယ်ပေါ့ ပြီးတော့ အလောင်းအစားအနေနဲ့ ကျွန်တော်ဖြေနိုင်ရင် ခင်ဗျားက ကျွန်တော့ကို လောင်းတဲ့ငွေရဲ့ 1 ဆဘဲ ပေးပါပေါ့ ကျွန်တော်ရှုံးရင်တော့ ခင်ဗျားကို အဆ 100 ပေးမယ်ဆိုပြီး မေးခိုင်းတယ်တဲ့ အဲ့ဒါနဲ့ တောသားက (1) လေထဲမှာလည်း ပျံနိုင်တယ်၊ (2) ခြေထောက်တွေလည်း ပါတယ်ပေါ့ လို့ပြောတဲ့အချိန်မှာ မြို့သားက ဘာကို စဉ်းစားမိလဲဆိုတော့ အင်း ဒီကောင်တော့ လေယာဉ်ကို မမြင်ဘူးလို့ပြောနေတာဖြစ်မယ်ပေါ့ဆိုပြီး ရယ်နေတာပေါ့ အဲ့မှာ တောသားက ဘာဆက်ပြောလဲဆိုတော့ (3) မြက်လည်း စားတယ် နောက်ပြီး (4) အဲ့အကောင်က ၀ူး လို့လည်း အော်တယ်လို့ ပြောလိုက်တဲ့အချိန်မှာတော့ မြို့သား မှာ တွေဝေသွားတယ်တဲ့ အဲ့လိုပြောပြီးတော့ တောသားက အဲ့ဒါ ဘာကောင်လဲဗျာလို့ မေးလိုက်တော့ မြို့သားမှာ စဉ်းစားလို့ အဖြေမထွက်လာဘူးတဲ့ နောက်ဆုံးတော့ အရှုံးပေးပါတယ်ဆိုပြီးတော့ လောင်းကြေးငွေရဲ့ အဆ 100 ပေးလိုက်ရတယ်တဲ့ အဲ့ဒါနဲ့ တောသားက သူပေးတဲ့ငွေကိုယူပြီး လှည့်ပြန်မယ်လုပ်တော့ မြို့သားက ကဲ ခင်ဗျားပြောတဲ့အကောင်က ဘာကောင်လဲဆိုတာလေးတော့ ပြောခဲ့ပါဦးဆိုတော့ တောသားက…….. ကျွန်တော်လည်း မသိပါဘူးခင်ဗျာဆိုပြီး လောင်းကြေးငွေရဲ့ 1 ဆ ပြန်ပေးလိုက်တယ်တဲ့ ဟားဟားဟား…..
အင်း အရိပ်ကို လူကြီးတစ်ယောက်ပြောပြတဲ့ ဟာသလေးတခုပါ…. ဥယျာဉ်မှူးအားလုံးကို လက်ဆင့်ကမ်းလိုက်ပါတယ်နော်
အရိပ်ပြောချင်တာကတော့ လူတိုင်းကို စိတ်အထင် ဒါမှမဟုတ်ရင် အမြင်နဲ့ အထင်မသေးတတ်ဖို့ပါဘဲ ……
လူတွေမှာလည်း သူ့အစွမ်းအစနဲ့ သူရှိကြတာပါဘဲလေနော်
အားလုံးကို ကျေးဇူးတင်ပါတယ်………

အရိပ်

[+/-] အပြည့်အစုံသို့...

Wednesday, November 28, 2007

"ပတ္တမြား ရွှေဂူ"

မကြီးပါချူးက လ၀န်းဝိုင်းစက်လင်းထိန်နေတာကို ကြည့်ပြီး အိမ်ကိုလွမ်တယ်တဲ့။ အင်းအနတ္တကတော့ လမင်းနဲ့ ပါတ်သတ်တဲ့ ကိုးတန်းတုန်းက ကဗျာလေးကိုသတိရတာနဲ့ ပြန်လည်း ခံစားနိုင်အောင် တင်ပေးလိုက်ပါတယ်။

“ပတ္တမြားရွှေဂူ”

ပြစ်မရှိ ပြစ်ရှာ……..
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျှက်ပင်သာ။
ပတ္တမြားရွှေဂူကိုလ
ဝက်များကညူစူစွာတိုက်နှဲ့
ပွတ်လေလေ ဂူရွှေမှာ အရောင်ထွက်တယ်
ရှေ့ကထက်ကဲ။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Tuesday, November 27, 2007

WHY?????????????????

ကောင်းတမန်က ပိုကောင်းအောင်၊ ပိုအဆင်ပြေအောင်ဆိုပြီး အကျဉ်းချုံး၊ အပြည့်အစုံသို့ တွေတင်နိုင်အောင်ဖန်တီးထားတယ်။ ကိုတိုင်လဲတင်တယ်။ ဒါပေမယ့် အနတ္တတို့ ဘက်မှာတော့ အကျဉ်းချုံးရေးထားတာပဲ ဖတ်လို့ အဆင်ပြေပြီး၊ အပြည့်အစုံသို့ ကိုသွားလိုက်ရင် ( Page Not Found )
The requested URL was not found on this server. Please visit the Blogger homepage or the Blogger Knowledge Base for further assistance.

ဆိုပြီးပေါ်လာတယ်။ အစကို ပြန်ရောက်သွားတယ်ဆိုပါတော့။ အဲဒီတော့ ဖတ်လို့မရဘူးလားဆိုတော့ မဟုတ်ပါဘူး။ ဖတ်လို့ရပါတယ်။ ဒါပေမယ့် နံပါတ်(၁) comments ကိုသွားလိုက်ရတယ်။ နောက်ပြီတော့မှ နံပါတ်(၂) ခေါင်းစဉ်ခွဲလေး(စိတ်မီးအိမ် မဟုတ်ပါ) ကိုနိုပ်ပြီးဆက်သွားလိုက်ရင်တော့ အပြည့်အစုံ ဖတ်လို့ရသွားတာပေါ့။ အကျဉ်းချုံး နဲ့ အပြည့်အစုံကို ခွဲတင်လို့်ကတော့ ဖတ်ရတဲ့သူအတွက် ရသနှစ်မျိုး ခံစားလို့ရသွားတာပေါ့။ ဒါပေမယ့် အနတ္တတို့ဘက်မှာရှိတဲ့ သူတွေအတွက် အချိန်ကိုချွေတာစွာအသုံးချနိုင်စေရန် အနတ္တအနေနဲ့ တခါတည်း အကျဉ်းချုံးမှာပဲ အပြည့်အစုံတင်ပေးလိုက်ပါတယ်။ အဲဒီလိုဖြစ်နေတာတွေကတော့ ကျော်ဆီသုံးနေရလို့ဖြစ်မယ်ထင်ပါတယ်။
မှတ်ချက်။ ။ အနတ္တတို့ဘက်မှ တစ်ခြားသူများ မည်သို့ ရင်ဆိုင်ရသည်မသိပါ။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

"အမေး၊ အဖြေ"

အနတ္တကြားဖူးတာကတော့ အမေးနွားကျောင်းသား၊ အဖြေပညာရှိ လို့။ အင်းအခုတော့ အရိပ်ကမေးတယ်။ အနတ္တတို့က မဖြေနိုင်။ ( သြော်… အရိပ်လည်း နွားကြောင်းသားမဟုတ်သလို၊ အနတ္တလည်း ပညာရှိ မဟုတ်သကို)
အမေး၊အဖြေ နဲ့ ပါတ်သက်စဉ်းစားလာရင် မိလိန္ဒမင်းကြီးနဲ့ အရှင်နာဂသိန်း တို့ရဲ့ အမေး၊အဖြေ ကိုရေးထားတဲ့ မိလိန္ဒသညာ ကျမ်းစာအုပ်ကို အမြဲတန်း သတိယမိတယ်။ အဲဒီထဲက မှတ်မိတာလေးတစ်ခုလောက်ဆွေနွေးပါရစေ…
မိလိန္ဒမင်းကြီး။ ။ မြတ်စွာဘုရားဟာ အလုံးစုံကိုသိတော်မူတယ်၊ အနန္တမေတ္တာရှိတယ် ဆိုပြီး ဒေ၀ဒတ်ကို ဘာဖြစ်လို့ ရဟန်းဝတ်ဖို့ ခွင့်ပြုရတာလဲ။ ဒေ၀ဒတ် ရဟန်းဝတ်ရင် သံဃာတွေကို ဂိုဏ်းခွဲမယ်။ သံဃာတွေကိုဂိုဏ်းခွဲရင် ငရဲမှာ တစ်ကမ္ဘာ ၀တ်ခံရမယ်ဆိုတာကို မသိဘူးလား လို့မေးတယ်။ အဲဒီအခါမှာ
အရှင်နာဂသေန။ ။ မြတ်ဘုရားက အလုံးစုံကိုသိတော်မူတာ မှန်ပါတယ်။ ဒေ၀ဒတ်ကို ရဟန်းဝတ်ပေးတာကလည်း ငရဲကို တစ်ကမ္ဘာ ကာလပါတ်လုံး ၀ဋ်ဆင်းရဲ ခံရအောင်လို့၊ အနန္တမေတ္တာမရှိလို့ မဟုတ်ပါဘူးတဲ့။ ဖြည့်ကျင့်လာတဲ့ပါရမီနဲ့ ရဟန်း ၀တ်တဲ့ ကံ အဟုန်တွေကြောင့် ငရဲမှာ တစ်ကမ္ဘာ ၀ဋ်ဆင်းရဲခံရပြီတဲ့နောက်မှာ ပစ္ဆေကဗုဒ္ဓါဖြစ်ပြီး နိဗ္ဗါန်ရောက်မှာကိုသိလို့ ဖြစ်ပါတယ်တဲ့။ အကယ်၍ ရဟန်းဝတ်ခွင့်မပြုဘူးဆိုရင် သံဃာဂိုဏ်းခွဲတဲ့ကံ ဖြစ်မလာဘူး၊ တစ်ကမ္ဘာ ကာလပါတ်လုံး ငရဲမှာ ၀ဋ်ဆင်းရဲ မခံရဘူးဆိုပေမယ့် နောင် သံသရာမှာ ကမ္ဘာပေါင်းများစွာ ၀ဋ်ဆင်းရဲခံပြီး လည်ပါတ်နေရမှာကို မဟာ ဂရုဏာတော် ဖြစ်တော်မူလို့ ဖြစ်ပါတယ်ဆိုပြီး ဖြေပေးခဲ့ပါတယ်။ ( မှတ်မိသလို ရေးလိုက်ခြင်းဖြစ်ပါသည်။ အတိအကျကို မိလိန္ဒသညာ မှာ ဖတ်ရှု့နိုင်ပါသည်။) ဆရာတွေက တပြည့်တွေအပေါ်မှာ အပါယ်ဘုံကို လားရောက်စေချင်တဲ့ စိတ်ဆန္ဒ မရှိဘူးဆိုတာကို လောကနီတိမှာ ရေးသားထားတဲ့ ကဗျာလေးတစ်ပုဒ်ကို(မှတ်မိသလို) ဖောက်သည်ချပါရစေ….

အိုးထိန်းသည်ချိန့် အိုးကွဲစိမ့် ခတ်လိမ့်မည်မဟုတ်
တင်တယ်စိမ့်ငှါ ချင့်ချိန်ခါ သင့်စွာသူရိုက်ပုတ်
ဆရာသမား တပြည့်အား ပါယ်လားစိတ်မဟုတ်
အတတ်ပညာ ကြောင်းကြောင့်သာ သင့်စွာသူရိုက်ပုတ်

ဟဲ ဟဲ အဲဒီကဗျာလေးရပြီးတဲ့နောက်ပိုင်း စာမရလို့ ဆရာကရိုက်တဲ့အခါမှာ၊ အကြောင်းတစ်ခုခုကြောင့် ဆိုဆုံးမတဲ့အခါမှာ ဘယ်တော့မှ စိတ်မဆင်းရဲတော့ဘူး။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကိုလည်း ဒီကဗျာလေးနဲ့ ဒီနေရာကနေ ကန်တော့လိုက်ပါရစေ……………


မှတ်ချက်။ ။ အရိပ် နွားကျောင်းသား ဟုတ်၊ မဟုတ် သေချာမသိပါ။ အနတ္တစိတ်အထင်ဖြင့် ရေးလိုက်ခြင်းဖြစ်ပါသည်။ သေချာသိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...