"ဘုရားထူးရခြင်း အကြောင်း"
ရှေးခေတ်ဘုရင်းတွေက ခေါ်ရင်ပြောရင် ဘုရားဆိုပြီးပြန်ထူးတဲ့အလေ့အကျင့်က အခုနောက်ပိုင်း မင်းအဆက်ဆက်ထိအောင် ပါလာတယ်ဆိုပဲ။ အဲဒီလိုဘာကြောင့် ထူးရတာလဲဆိုရင် အစက အုပ်ချုပ်ရေးစနစ်မှာ ဘုရင်စနစ်မထွန်ုးကာခင်ကပေါ့ သူ့အဖွဲ့၊ ကိုယ့်အဖွဲ့ နဲ့ စုစုပြီး နေလာလိုက်တာ နောက်ဆုံး အခက်အခဲတွေ၊ ပြဿနာတွေဖြစ်လာတဲ့ အခါမှာ ဦးဆောင်ပြီး ဖြေရှင်းပေးတဲ့သူကို သူတို့က ဦးစီးဦးဆောင်အဖြစ်၊ ရှင်ဘုရင် အဖြစ် တင်မြှောက် ကြတာပေါ့လေ။ ဒါပေမယ့် အဲဒီပုဂ္ဂိုလ်တွေက လက်မခံဘူး ဖြစ်နေကြတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ဘုရားဆုပန်ပြီး ပါရမီဖြည့်ကျင့်နေကြတဲ့သူတွေဖြစ်နေလို့ မလို့ပဲ။ တကယ်လို့သူတို့ဟာ ဘုရင်တင်မြှောက်မှုကို လက်ခံလိုက်ရင် လုပ်ငန်းတွေက အရမ်းများပြီး ပါရမီဖြည့်ရမယ့်အကြောင်းတွေ၊ ဘုရားဆုပန်ထားတာတွေကို မေ့လျှော သွားနိုင်တယ် ဆိုပြီ လက်မခံကြဘူးတဲ့။ ဒါပေမယ့် အခက်အခဲတွေ၊ ပြဿနာတွေ ဖြစ်လာလိုက်ရင် သူတို့ပဲ ဦးစီးဦးဆောင်ဖြေရှင်းပေးကြရတာပဲတဲ့။ သူတို့ရဲ့ လက်ရုံးရည်၊ နှလုံးရည်ကို ဘယ်သူမှ မမီကြဘူးတဲ့လေ။ နောက်ဆုံးမှာ သူတို့ကို တောင်းပန်ပြီး မင်း လုပ်ဖို့ပြောကြရတာပေါ့။ ရှင်ဘုရင်လုပ်တဲ့အခါမှာလဲ သူတို့ဘုရားဆုပန်ထားတဲ့ အကြောင်းကို မမေ့မလျှော့အောင် သတိပေးကြမယ်ပေါ့။ ဘယ်လိုသတိပေးကြမလဲဆိုရင် သူတို့ကို ခေါ်ဆိုတဲ့အခါမှာ ဘုရား ထူးပြီး သတိပေးမယ်ဆိုပြီး ဂတိခံလိုက်ကြတယ်။ တကယ်လည်း ခေါ်ဆိုတဲ့အခါမှာ ဘုရား ဆိုပြီး သတိလည်းပေးရင်း ပြန်လည်းထူးရင်း ကနေပြီး နောက်ပိုင်းမှာ ရှင်ဘုရင်အဆက်ဆက်ကို ဘုရားထူးရတာတွင်သွားသတဲ့။
အဲဒီအကြောင်းလေးကိုတွေးပြီး သူငယ်ချင်းတွေဆုံဖို့ စိတ်မီးအိမ်ဆိုတဲ့ ဥယျာဉ်လေး တည်ဆောင်လိုက်တဲ့အခါမှာ ဘယ်လိုသစ်ပင်မျိုးကို စိုက်သင့်လည်းလို့ စဉ်းစားလိုက်တဲ့အခါ အရင် Google group မှာတုန်းက တချို့သူငယ်ချင်းတွေက ပို့စ်တွေဘာလို့မတင်ဖြစ်တာလဲ ဆိုတော့ မအားလို့တဲ့။ သူငယ်ချင်းတွေ မအားဘူးဆိုတာကို သိတော့သိပါတယ်။ ဒါပေမယ့် နွေးနွေးထွေးထွေး နေချင်တဲ့ဆန္ဒကြောင့် နည်းနည်း အချိန်ပေးစေချင်မိတာပေါ့လေ။ ဟုတ်တော့လည်း ဟုတ်ပါတယ် သူတို့လုပ်နေတာနဲ့ နှိုင်းစာကြည့်ရင် အနတ္တ အလုပ်လုပ်တယ် ဆိုတာက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့တာကို။ အဲဒီတော့ မအားတဲ့ သူငယ်ချင်းတွေကို သတိလည်းပေးရင် ကိုယ်လည်း သတိဝင်လာနိုင်တယ် သစ်ပင်လည်းစိုက် ဖြစ်တယ်ဆိုပြီတော့ ဘာသာရေးနဲ့ပါတ်သက်တဲ့ အကြောင်းလေးတွေကို စိုက်ပျိုးဖို့ စိတ်ကူးပြီး အနတ္တ သိသလောက်ကလေး စိုက်ပျိုးလိုက်တာပါ။ တကယ်တော့ အနတ္တလည်း ဘာသာတရားကို နှစ်နှစ်ကားကား၊ နက်နက်ရှိင်းရှိင်း ယုံကြည်မိတာလေးပဲရှိပါတယ်။ ဘာမှဟုတ်တိပတ်တိ မလုပ်ဖြစ်ပါဘူး။ မအားမလပ်တဲ့ သူငယ်ချင်းတွေ အနတ္တ ရေးထားတာကို ဖတ်ပြီး သတိလေး ဝင်လာတယ်ဆိုရင် အနတ္တ ဘုရားထူးရကျိုးနပ်ပြီပေါ့။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
1 comment:
အနတ္တရေ... ပထမဆုံးအနေနဲ့ စိတ်မီးအိမ်ရဲ့ ဥယျာဉ်မှူးတစ်ယောက်အဖြစ် အချိန်တော်တော်ကြာအောင် သစ်ပင်မစိုက်ဖြစ်တဲ့အတွက် လေးလေးနက်နက်တောင်းပန်ပါတယ်။ အဲ့ဒီအချိန်တွေမှာ အနတ္တ သစ်ပင်အသစ်လေးတွေ စိုက်ပေးထားလို့လည်း ကျေးဇူးတင်ပါတယ်။ ဥယျာဉ်လေးကို စိမ်းလန်းစိုပြေအောင်လုပ်ပေးထားလို့ပါ။
Post a Comment