"ငွေလမင်း"
အလင်းကိုယ်တိုင် မပိုင်ဆိုင်သော်လည်း
အများအကျိုး တဆင့်ပိုးသယ်
လောင်မြိုက်အပူ သူစုပ်ယူပြီး
အေးမြအလင်း ဖြန့်ဝေရင်းဖြင့်
အများကောင်းကျိုး သယ်ပိုးရွက်ဆောင်
ထွန်းပြောင်လှသည့် ငွေလမင်း။
သူ့အလင်းရောင် မျှော်ဆောင်ပွင့်သည့်
ကုမုန္ဒြာပန်း ရေမှာလန်းအောင်
တာဝန်မယွင်း မလင့်ဟင်းဘဲ
သတိဆောင်သည့် ငွေလမင်း။
စန္ဒာလမင်း ထွန်းလင်းပလျှင်
ရေငါးတသိုက် မပျော်ပိုက်ဘဲ
တံငါမုဆိုး ဇွတ်မတိုးအောင်
စွမ်းဆောင်ရှာသည့် ငွေလမင်း။
အများအကျိုး ထိုထိုသယ်ပိုး
အားကျိုးမာန်တက် ရွက်ဆောင်ပေမဲ့
ဖေးမအဖော် မပေါ်သောကြောင့်
တစ်ကိုယ်တည်းလွမ်း မှန်းဆတမ်းတ
နွမ်းလျှဘဝ သနားစရာ
အားငယ်ရှာသည့် ငွေလမင်း။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
3 comments:
ကြယ်ကလေးတွေကို မတွေ့သေးလို့ ငွေလမင်းက အားငယ်နေတာ နေမှာပါ....... ကြယ်လေးတစ်လုံးလောက် ရှာပေးလိုက်ပါလား
အနတ္တရေ..... ကောင်းလွန်းလို့ ဘာမှတ်ချက်ပေးရမလဲကို မသိတော့ပါဘူးဟာ .. ငါလည်း လသာနေတာကို မြင်ရင် လမင်းကြီးကို ထိုင်ကြည့်ဘူးတယ် အဲ့ဒီအချိန်မှာ ခံစားမိတာကတော့ အေးချမ်းနေတယ်လေ ... နင့်လိုတော့ မစဉ်းစားမိခဲ့ဘူး။
အောင်မလေးဗျာ ....
ညီညွတ်နေလိုက်ကြတာ ..
အေးချမ်းမှူတွေ ပေးချင်တဲ့ သူနဲ့
အေးချမ်းမှူတွေ ရချင်တဲ့ သူနဲ့
အားကျမိပါရဲ့ ...
အနတ္တ တို့များ ...
ကောင်းစားလိုက်တာ ...။
ငါ့ ကို လည်း ကဗျာစပ်နည်း သင်ပေးပါဦးဟ...။
Post a Comment