စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Sunday, December 23, 2007

ဆိတ်ငြိမ်မှူ့ကို နားထောင်ပါ

မိတ်ဆွေ......

တိတ်ဆိတ်ငြိမ် သက်သော
တနေရာသို့ သွားပါ။
ဆိတ်ငြိမ်မှူ့ သည်
ဘာနှင့် တူသလဲ ဆိုသည်ကို နားထောင်ပါ။
သင်…မထင်မှတ်ဆုံးသော အချိန်တွင်
ဆိတ်ငြိမ်မှူ့ကို ရရှိလိမ့်မည်။
ထို့နောက်…….
သင့်ကိုသင် သတိမထားမိသောအချိန်မှာပင်
ငြိမ်းချမ်းမှူ့ ကို ရရှိပြီးဖြစ်နေပါလိမ့်မည် ။….။
ခိုင်မြဲ

1 comment:

PARCHUU said...

ခိုင်မြဲရေ ဆိတ်ငြိမ်မှုကို မကြီးကြိုက်တယ် အလုပ် လုပ်ချိန်သာ လူအများကြီးနဲ့လုပ်ရတာကို သဘောကျတယ် နားချိန်မှာ ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်ကို နှစ်ချိုက်တယ်