တောသားလူလည် …………………
တခါတုန်းကပေါ့ မြို့ထဲကို အထုပ်အပိုးတွေထမ်းပြီး ပင်ပင်ပန်းပန်းပုံစံနဲ့တက်လာတဲ့ တောသားတွေကို ကြည့်ပြီးတော့ မြို့သားတစ်ယောက်က ဘေးမှာရှိနေတဲ့သူကို ဘာပြောလိုက်လဲဆိုတော့ တွေ့လား တောသားတွေက ညံ့လွန်းလို့ တောမှာ ပိုက်ဆံကို ပင်ပင်ပန်းပန်းရှာစားနေကြရတာပေါ့ ဦးနှောက်ကလည်း အသိဥာဏ်နည်းပါးလွန်းတယ်လို့ ဝေဖန်ပြောဆိုလိုက်တာကို တောသားက ကြားသွားပြီးတော့ မခံမရပ်နိုင်ဖြစ်သွားတယ်ပေါ့နော် ….။ အဲ့လိုကြားသွားပြီးတော့ တောသားက အဲ့ဒီဝေဖန်ပြောဆိုတဲ့ မြို့သားရှေ့ကိုသွားပြီးတော့ ခင်ဗျားက ကျုပ်တို့ကို အဲ့လိုပြောတယ်ဆိုရင် ခင်ဗျားနဲ့ ကျွန်တော်နဲ့ မေးခွန်းတခုကိုမေးပြီး အလောင်းအစားလုပ်ကြမယ်ပေါ့ ခင်ဗျားသဘောတူလားဆိုတော့ မြို့သားက တောသားကို အထင်သေးပြီးတော့ မေးစမ်းပါ ခင်ဗျားမေးတဲ့ဘယ်မေးခွန်းကိုမဆို ကျုပ်ဖြေနိုင်တယ်ပေါ့ ပြီးတော့ အလောင်းအစားအနေနဲ့ ကျွန်တော်ဖြေနိုင်ရင် ခင်ဗျားက ကျွန်တော့ကို လောင်းတဲ့ငွေရဲ့ 1 ဆဘဲ ပေးပါပေါ့ ကျွန်တော်ရှုံးရင်တော့ ခင်ဗျားကို အဆ 100 ပေးမယ်ဆိုပြီး မေးခိုင်းတယ်တဲ့ အဲ့ဒါနဲ့ တောသားက (1) လေထဲမှာလည်း ပျံနိုင်တယ်၊ (2) ခြေထောက်တွေလည်း ပါတယ်ပေါ့ လို့ပြောတဲ့အချိန်မှာ မြို့သားက ဘာကို စဉ်းစားမိလဲဆိုတော့ အင်း ဒီကောင်တော့ လေယာဉ်ကို မမြင်ဘူးလို့ပြောနေတာဖြစ်မယ်ပေါ့ဆိုပြီး ရယ်နေတာပေါ့ အဲ့မှာ တောသားက ဘာဆက်ပြောလဲဆိုတော့ (3) မြက်လည်း စားတယ် နောက်ပြီး (4) အဲ့အကောင်က ၀ူး လို့လည်း အော်တယ်လို့ ပြောလိုက်တဲ့အချိန်မှာတော့ မြို့သား မှာ တွေဝေသွားတယ်တဲ့ အဲ့လိုပြောပြီးတော့ တောသားက အဲ့ဒါ ဘာကောင်လဲဗျာလို့ မေးလိုက်တော့ မြို့သားမှာ စဉ်းစားလို့ အဖြေမထွက်လာဘူးတဲ့ နောက်ဆုံးတော့ အရှုံးပေးပါတယ်ဆိုပြီးတော့ လောင်းကြေးငွေရဲ့ အဆ 100 ပေးလိုက်ရတယ်တဲ့ အဲ့ဒါနဲ့ တောသားက သူပေးတဲ့ငွေကိုယူပြီး လှည့်ပြန်မယ်လုပ်တော့ မြို့သားက ကဲ ခင်ဗျားပြောတဲ့အကောင်က ဘာကောင်လဲဆိုတာလေးတော့ ပြောခဲ့ပါဦးဆိုတော့ တောသားက…….. ကျွန်တော်လည်း မသိပါဘူးခင်ဗျာဆိုပြီး လောင်းကြေးငွေရဲ့ 1 ဆ ပြန်ပေးလိုက်တယ်တဲ့ ဟားဟားဟား…..
အင်း အရိပ်ကို လူကြီးတစ်ယောက်ပြောပြတဲ့ ဟာသလေးတခုပါ…. ဥယျာဉ်မှူးအားလုံးကို လက်ဆင့်ကမ်းလိုက်ပါတယ်နော်
အရိပ်ပြောချင်တာကတော့ လူတိုင်းကို စိတ်အထင် ဒါမှမဟုတ်ရင် အမြင်နဲ့ အထင်မသေးတတ်ဖို့ပါဘဲ ……
လူတွေမှာလည်း သူ့အစွမ်းအစနဲ့ သူရှိကြတာပါဘဲလေနော်
အားလုံးကို ကျေးဇူးတင်ပါတယ်………
အရိပ်
2 comments:
အရိပ်ရေ… အဲဒီဟာသကို အနတ္တလည်းဖတ်ဖူးပါတယ်။ ဒါပေမယ့် အနတ္တဖတ်ဖူးတဲ့အကြောင်းက တောသားလူလည်ဆိုတာတော့ မဟုတ်ဘူး။ ပရော်ဖက်ဆာတစ်ယောက်နဲ့ ရိုးရိုးစီးပွားရေးသမားတစ်ယောက်ဆိုပြီးတော့ ဖတ်ဖူးတာလေ။ ဘာပဲဖြစ်ဖြစ် အတူတူပါပဲ။
အရိပ်
ကောင်းလိုက်တာ မင်းစာမှာ ယူစရာတွေ အများကြီးဘဲရှိတယ်
Post a Comment