မျှဝေခံစားခြင်း
အရိပ်ရဲ့ စိတ်မကောင်းခြင်းများစွာဖြင့် ကို ဖတ်လိုက်ရတဲ့ အခါမှာ အနတ္တ တို့ အဖွဲ့ထဲကမဟုတ်ပေမယ့် သခင်ဖိုးလှကြီးရဲ့သားတစ်ယောက် ထပ်မံဆုံးရှုံးမှုအတွက် အရိပ်နှင့်အတူမျှဝေခံစားရင်း အမှတ်တရ ကဗျာလေး ရေးဖွဲ့ပေးလိုက်ပါရစေ……..
"ဖြစ်ပါစေလား ဖြစ်စေလား"
ဖဝါးလက်နှစ်လုံး၊ ပခုံးလက်နှစ်သစ်
ဖြစ်တည်လာရ လူ့ဘဝတွင်
ငယ်ရာကကြီး တစ်ခရီးတည်း
ကြိုးပန်းအားထုတ်၊ လောကီဒုက်ကို
မရပ်မနား တသွားတည်းသွား။
သွားဖန်များလာ ခရီးထွာလျှင်
ပေစာတစ်ထပ် ရင်မှာအပ်လို့
လောကအကျိုး ဒို့သယ်ပိုးစို့
စိတ်မှာတမ်းတ မှန်းဆရည်မျှော်
လှမ်းကာပျော်လျှက် ရှိသပလဲ။
မှတ်ထင်မထား မဲမိုက်မှောင်သွား
ဘဝကံကြမ္မာ ဇာတ်ဆရာရယ်
ကြွေချိန်မရောက် သက်မပျောက်ခင်
ဆင်ချင်သတိ အသိဝင်အောင်
ရှေ့ဆောင်လမ်းပြ ကူလှည့်ပါ့လား။
မတော်တဆ တွေ့ကြုံလာရ
ခုကိစ္စလည်း အိမ်မက်ပမာ
ဖြစ်ပါစေလား ဖြစ်စေလား...........
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
2 comments:
အနတ္တရေ....... အရိပ်နဲ့ အတူမျှဝေခံစားပေးတဲ့အတွက် ကျေးဇူး နော်
အနတ္တရေ
စောမင်းသန်း အတွက် မှတ်တိုင်လေး စိုက်ပေးတာ ၀မ်းသာတယ်ဗျာ။
ဘာပဲ ပြောပြော သူ့ကို အမှတ်ရနေကြမှာပါ။
အရိပ်တို့ အဖွဲ့သား တစ်ယောက် ကို စိတ်မီးအိမ် မှာ မှတ်တိုင် စိုက်ထားပေးတယ်နော် အရိပ်။
Post a Comment