စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Saturday, January 3, 2009

၂၀၀၉ နှစ်သစ် ဆုံးဖြတ်ချက်

ဒီလို နဲ့…
နှစ်သစ် အဓိဌာန်ကို
သတိပဌာန် လို သွင်း
မြှားတစင်းလို ခွင်းဖို့
အလင်းရခဲ့တော့တယ်။



၂၀၀၈ ကုန်တဲ့ည
ခုန်နေတဲ့ ရင်တစုံ နဲ့
ဖြစ်ကြောင်းအကုန် ပြန်တွေး
အမှန်ရေးကြည့်တော့……..
ငါ့ဘ၀…ကို
မလှတလှနဲ့ ဖြတ်ခဲ့မိတယ် ဆိုတာ
ငါ့ကိုယ်ငါ …၀န်ခံမိတယ်..။

လား…………လား…………….
မဟာတန်ခိုးရှိတဲ့ အချိန်တွေကို
ဒီလိုဟိုလို နဲ့ ဖြုန်းမိခဲ့ပါ့လား။

နှစ်သစ်ကို ရောက်ဖို့ တည်းတည်းလေးလို
ကဲကဲပိုပိုလေး ကိုယ်စိတ်ကိုဆွဲဆန့်
မနည်းတန့်ခဲ့ရတယ်
နှစ်ဟောင်းက အကျင့်တွေကို။

နှစ်သစ် ဆုံးဖြတ်ချက်အတွက်
သုံးသပ်ခဲ့တော့
မြေကြီးလို ခန္တီရဖို့
ဥာဏ်မီသလိုတွေးဟဲ့….တဲ့။
Attach, Detach
Accept, Reject ကို
စက္ကန့်မလှပ် စွဲမှတ်ဖို့
ငါတို့ အရှင်
အထင်ကရတစ်ပါးက
အမြင်ပြသွားခဲ့တယ်။

ဒီလို နဲ့…
နှစ်သစ် အဓိဌာန်ကို
သတိပဌာန် လို သွင်း
မြှားတစင်းလို ခွင်းဖို့
အလင်းရခဲ့တော့တယ်။

မြေကြီးဟာ
အနံ့ဆိုးဆိုး
မစင်သိုးသိုးတွေပဲ ဖြစ်ဖြစ်
ရနံ့သင်းမွှေး
ပန်းကလေးတွေပဲ ဖြစ်ဖြစ်
အရှိကို အရှိအတိုင်း
လက်ခံထားတတ်သလို။
နံလို့ detach ဖြစ်လို့
Reject မလုပ်သလို
မွှေးလို့ attach ဖြစ်လို့
Accept လည်း မလုပ်တတ်သလို။
ဘာအတွက်မှ မခံစားရတဲ့
အဖြစ်အပျက်ကို အဖြစ်အပျက် လို့
ရှုတတ်တဲ့ စိတ်ကလေး……
ဒါမှမဟုတ် ခန္တီဆိုတဲ့ သည်းခံခြင်းလေး….။

ရေဟာ
စိတ်၊ရုပ်ကြမ်းတမ်းတဲ့
လူသရမ်းတွေ ချိုးချိုး
စိတ်၊ရုပ် ပျော့ပျောင်းတဲ့
လူကောင်းတွေ ချိုးချိုး
သူ့အအေးဓါတ်ကို
အတူတူပက်ဖျန်းပေးနိုင်သလို။
ဆိုးတဲ့ လူမို့ detach ဖြစ်လို့
Reject မလုပ်သလို
ကောင်းတဲ့ သူမို့ attach ဖြစ်လို့
Accept လည်း မလုပ်တတ်သလို။
အားလုံးအတွက်
တူညီတဲ့ မေတ္တာဓါတ်ကလေး…..။

ခန္တီ နဲ့ မေတ္တာ တရား
အများဆုံး လွှမ်းခြုံနိုင်အောင်
စွမ်းကုန်ပြုလို့
ရိုးကုတ်တော့မည့်
၂၀၀၉ ဆီ။

[+/-] အပြည့်အစုံသို့...

Wednesday, December 24, 2008

ဘ၀ လှေခါး

ဘ၀ဆိုတာ
ကိုယ့်ခြေထောက်နဲ့ ကိုယ်
တက်ရတဲ့ ရိုးရိုးလှေခါးပါ။

တခါတလေမှာ
အဲဒီလှေခါးကို
ကိုယ်ကိုယ်တိုင်ပဲ
ရိုက်ချိုးဖူးကြတယ်။

တခါတလေမှာ
အဲဒီလှေခါးကို
ကိုယ်ကိုယ်တိုင်ပဲ
တည်းတည်းလေး
ချိတ်ထားတတ်သေးတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်
ချိတ်မိဖို့က အဓိကပါပဲ။

ကျိုးသွားတဲ့ လှေခါး
မချိတ်မိတဲ့ လှေခါး
တည်းတည်းလေး ချိတ်မိနေတဲ့ လှေခါး
ဘယ်လို လှေခါးဖြစ်ဖြစ်
တခါ ဖြစ်ဖူးသွားရင်
နောက်ထပ် အဲလိုမကြုံရအောင်
လုပ်ရဦးမယ်။


ဘာဖြစ်လို့လဲ ဆိုတော့
အဲဒီ ဘ၀ ဆိုတဲ့
ရိုးရိုး လှေခါးကို
ဥာဏ်၊ ၀ီရီယ နဲ့ လုံ့လ ဆိုတဲ့
ကျူပ်တို့ ခြေထောက်တွေနဲ့ တက်ပြီး
အောင်မြင်မှု ဆိုတဲ့ ပန်းတိုင်ကို
ကျူပ်တို့ ဆွတ်ခူးရဦးမှာ မို့ပါ။

ဒါပေမယ့်
ကျူပ်တို့ဟာ
ကျူပ်တို့ကိုယ်တိုင် ယုံတယ်၊
အဲဒီ လှေခါးကို တက်ကျော်နိုင်ရမယ်လို့။

ဘာပဲဖြစ်ဖြစ်
ဘ၀ဆိုတာ
ကိုယ့်ခြေထောက်နဲ့ ကိုယ်
တက်ရတဲ့ ရိုးရိုးလှေခါးလေးတခုပါ။


အိုင်ဒီယာ

သိင်္ဂီသက်

အသက်သွင်းသူ
ကောင်းတမန်




[+/-] အပြည့်အစုံသို့...

Monday, December 22, 2008

Screen Saver ဆိုတာ



ဘီလ်ဂိတ် တယောက် သေဆုံးလို့ ဘ၀ကူးဖို့ရန် သိကြားမင်း နဲ့ တွေ့နေပါတယ်။

သိကြားမင်း။ ။ ကောင်းပြီ။ ဘီလ်ဂိတ် မင်းကို နတ်ပြည် ပို့ရမလား၊ ငရဲပြည်ပို့ရမလားဆိုတာ ငါတောင် ဆုံးဖြတ်ရ တော်တော်ခက်နေတယ်ကွ။ မင်းက ကွန်ပျူတာပညာနဲ့ တကမ္ဘာလုံးကို အကျိုးပြုခဲ့လို့ အိမ်တိုင်းနီးပါးလည်း ကွန်ပျူတာတွေ နဲ့ ဖြစ်နေပြီ။ အံ့မခန်းဖွယ်ရာ အစွမ်းရှိတဲ့ Windows ဆိုတာလည်း ထွင်ပေးခဲ့သေးတယ်။ ဒီတော့ ငါလည်း မင်းအတွက် ငါ အရင်တစ်ခါမှ မလုပ်ဖူးသေးတာ လုပ်ပေးချင်တယ်။ ဒီတော့ မင်း ဘယ်ပြည်ကို သွားမလဲ ဆိုတာ မင်းစိတ်ကြိုက် ရွေးချယ်ခွင့်ပေးတယ်ဗျာ။

ဘီလ်ဂိတ်။ ။ ငရဲပြည် နဲ့ နတ်ပြည် ဘာကွာလို့လဲဗျ။

သိကြားမင်း။ ။အကောင်းဆုံးကတော့ မင်းကိုယ်တိုင် အဲဒီပြည်နှစ်ခု ကို အစမ်းကြည့်ပြီးမှ ဆုံးဖြတ်ချက်ချသင့်တယ်။ ကဲလာ..ပြောနေကြာတယ်..ငါတို့ ငရဲပြည်ကို အရင် သွားကြည့်ရအောင်။

ဘီလ်ဂိတ်လည်း အလွန်မတန် အံ့အားသင့်ရပြီလေ။ လား…..လား….သူပထမဆုံးမြင်ရတာက သဲဖြူဖြူတွေ ထူထပ်ပြီး အင်မတန် ကြည်လင်သန့်စင်နေတဲ့ ပင်လယ်ကမ်းစပ်တွေ အနားသတ်ထားတဲ့ အပြာရောင် ပင်လယ်ပြင်ကြီးက တမျှော်တခေါ်ပဲ။ အဲဒီ ကမ်းခြေတွေမှာ ထောင်သောင်းချီတဲ့ မဒီ လန်းလန်းလေးတွေ ရေကစားရင်း ရယ်လို့ မောလို့၊ ပင်လယ် စားသောက်စာတွေလည်း ပေါပါဘိသနဲ့။ နေကလည်း သာပြီး အပူချိန်က လည်း သမလို့။ အားလုံးဟာ အင်မတန် ပြည့်စုံပြီး အားရစရာတွေချည်းပဲ မြင်နေရသတဲ့။

ဘီလ်ဂိတ်။ ။ ငရဲပြည်တောင် ဒီလောက် လန်းနေတာ…။ကျူပ် နတ်ပြည်ကို ကြည့်ချင်လွန်းလို့ ထိန်းတောင် မထိန်းနိုင်တော့ဘူးဗျာ။

သိကြားမင်း။ ။ ကဲလာ…။ ဒါဆို လည်း နတ်ပြည်တက်ကြည့်ကြတာပေါ့။

ဘီလ်ဂိတ်လည်း အဖြူရောင် တိမ်ထူထူတွေနဲ့ လှပလွန်းတဲ့ ကောင်းကင်ပြာတခုလုံးရဲ့ ထောင်ပေါင်းစုံမှာ နတ်သမီးပျိုတွေ စောင်းတီးပြီး သီချင်းဆို နေတာ တွေ့သတဲ့။ သူ့စိတ်ထဲမှာ နတ်ပြည်ဟာ သာယာပါတယ်။ ဒါပေမယ့် သေချာတာက ငရဲပြည်လောက် မလန်းဘူးလို့ တွေးတောနေမိတယ် တဲ့။ ဒါကြောင့် ထွေထွေထူးထူး စဉ်းစားမနေပဲ…

ဘီလ်ဂိလ်။ ။ သိကြားမင်းကြီး……..ကဲ ကျူပ်ကို ငရဲပြည်ကိုပဲ အခုမနှေး အမြန်ပြေးခွင့်ပြုပါတော့။
လို့ပြောတော့..။

သိကြားမင်း။ ။ ကဲ မင်းစိတ်ဆန္ဒအတိုင်း ရောက်စေ။

လို့ပြောပြီး ငရဲပြည်ကို ပို့ပေးလိုက်သတဲ့။
နောက်နှစ်ပတ်အကြာမှာ သိကြားမင်းကြီးက သန်းကြွယ်သူဌေးဟောင်း ကွန်ပျူတာ ပညာရှင်ဟောင်းကြီး အဆင်ပြေမပြေ ငရဲပြည်ဆင်းပြီး အကဲလာခတ်သတဲ့။ အဲဒီ အချိန်မှာ ဘီလ်ဂိတ်ဟာ အလွန်ပူပြင်းတဲ့ မီးတောက် တွေကြား အော်ရင်း ငြီးရင်း နဲ့ ပူလောင်လွန်းတဲ့ ကျောက်ဂူ နံရံရဲရဲတွေပေါ်မှာ တောက်တက်ကပ်သလို တွယ်ကပ်နေရသတဲ့။ ပြီးတော့ ငရဲသားတွေကလည်း မီးခရင်းဂွတွေနဲ့ သူ့ကို ၀ိုင်း ထိုးပြီး သွေးသံ တရဲရဲ ဖြစ်အောင် နှိပ်စေနေသတဲ့။

သိကြားမင်း။ ။ဟေ့ကောင်.. ဘီလ်ဂိတ်..။ မင်း နေရတာ အဆင်ပြေလားကွ။

ဘီလ်ဂိတ်။ ။ ခင်ဗျားပဲ လာခံစားကြည့်ပါ့လားဗျာ။ ဒီလောက် ပူပြင်းဆိုးရွားနေတာ…….ဘာအဆင်ပြေရမလဲ…….။ ကျူပ်မျှော်လင့်ထားတာနဲ့ တော့ တခြားဆီပဲ……။ ဒါနဲ့ ငရဲပြည်က ဘာဖြစ်လို့ ကျူပ်ရောက်မှ ပြောင်းလဲသွားရတာလဲ။ ကျူပ်မလာခင် မြင်တာကတော့ လှပတဲ့ ကမ်းခြေတွေမှာ လန်းလန်း…လန်းလန်းနဲ့ မဒီတွေ ရေကစားနေကြတာလေဗျာ။

သိကြားမင်း။ ။ အို့………ဘီလ်ဂိတ်……..။ အဲဒါ ခင်ဗျား ထွင်ခဲ့တဲ့ Screen Saver လေဗျာ.။

မှတ်ချက်။ ။ နိုင်ငံခြားဟာသ ကို အဓိပ္ပာယ် ပြန်ဆိုပါသည်။

[+/-] အပြည့်အစုံသို့...

ငါ လိုချင်တာ

စစ်သားလေး တယောက်ဟာ တပ်ထဲက လမ်းပေါ်မှာ တွေ့သမျှ စာရွက်မှန်သမျှကို ကောက်ပြီး ဖြန့်ဖတ်ကြည့်လိုက်၊ ပြန်လွှင့်ပစ်လိုက်နဲ့ အလုပ်ရှုပ်နေသတဲ့။ ပါးစပ်ကလည်း

“ငါလိုချင်တာ ဒီစာရွက် မဟုတ်သေးပါဘူး”

လို့ စာရွက်တရွက် ဖတ်ပြီးတိုင်း ညည်းညူ နေသတဲ့။

တပ်ထဲက လမ်းတကာလှည့်ပတ်သွားရင်း သူအဲလို အချိန်အတော်ကြာ ထူးဆန်းစွာ ပြုမူနေတာ ဗိုလ်ကြီး တဦး တွေ့သွားပြီး သူ့ကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့ စီစဉ်ပေးလိုက်သတဲ့။ စိတ်ပညာဆရာဝန်က စစ်သားလေးဟာ စိတ်ဖောက်ပြန်ယိုယွင်းနေတာ သေချာနေလို့ စစ်တပ်မှ အနားယူခိုင်းဖို့ ဆေးစာတစ်စောင် ရေးပေးလိုက်တယ်တဲ့။

ဒီတော့မှ စစ်သားလေးက သဘောကျစွာ ပြုံးပြီး

“အင်း ငါလိုချင်တာ ဒီစာရွက်ပဲကွ “

လို့ ကြုံးဝါးပြီး စစ်တပ်ကနေ အပြေးထွက်ခွားသွားသတဲ့။

သင်ခန်းစာ။ ။ ဘ၀မှာ မည်သို့သော အခြေအနေမှ မဆို မိမိလိုချင်တာ ရရန် နည်းလမ်းများစွာ ရှိသည်။ မိမိသာ အမြင်ကျယ်၍ ဦးနှောက်ကို လွှာသုံးရန် လိုအပ်ပေသည်။



မှတ်ချက်။ ။ နိုင်ငံခြားဟာသ ကို အဓိပ္ပာယ် ပြန်ဆိုပါသည်။

[+/-] အပြည့်အစုံသို့...

Saturday, December 20, 2008

ဂါထာတစ်ပုဒ်မှ သဒ္ဓါတစ်ထုပ်

ဂါထာတစ်ပုဒ်မှ သဒ္ဓါတစ်ထုပ်



တနေကွယ် သေနယ်သို.

တစ်ရက်ကူးတဲ့၊

ကြားလိုက်ရထိုစကား

အသားများပင် တုန်ခါမိ။


ဘ၀သက်တမ်းရဲ.

နှစ်ပိုင်းတစ်ပိုင်း

စိတ်ရိုင်းတွေနဲ.ငါကြီးပြင်း

မသိခြင်းတွေနဲ.နေ.စဉ်။


သံသရာ

ခန္ဓာမှာရှိဤစကား

မသိငြားခဲ့လေတော့

တဏှာစေတဲ့ဘဝ

ငါနေခဲ့ရပေါ့။


အ၀ိဇ္ဇာ၊တဏှာအကြောင်းခံ

ဖောက်ပြန်တဲ့တရားငါမသိ

ဥာဏ်မျက်စိမရှိခဲ့လို.

သံသရာတကြော

အဖန်ဖန်မျောခဲ့ရပြီ။


သတိကင်းခဲ့လို.

မသိခြင်းနဲ.စ ငါ့ဘ၀ကို

သိခြင်းမှာရပ် ခရီးပြတ်ဖို.

စိတ်ကိုဆုံးမ

ကျွန်ုပ် အလုပ်စပါတော့မည်။


မျက်ရည်ပြုတ်ဖို.

ကျွန်ုပ်အလုပ်လုပ်ပါတော့မည်။


by

Red Rose

[+/-] အပြည့်အစုံသို့...

Friday, December 12, 2008

မွေးနေ့လက်ဆောင်

မထင်မှတ်ပဲ သိကျွမ်း
ဝါသနာလဲ တူဆန်းတဲ့
ကျွဲတို့ရဲ့ခေါင်းဆောင် အကိုကြီးကျွဲရေ ...
ကဗျာမဆန် သချာင်္ဆန်တဲ့
လူ့ဘောင်လောက ထောင့်တနေရာမှာ
လောကဓံရဲ့ အလှည့်အပြောင်း
ကောက်ကြောင်းလေး တခုနဲ့
အတိတ်ရဲ့ အိပ်မက်ဆိုးတွေ
ဆိတ်သုန်းကွယ်ပျောက် အလင်းရောက်တဲ့
ဒီရက်ဒီခါ မွေးနေ့ချိန်မှ
နောက်များစွာသော မွေးနေ့များတိုင်
အကိုကြီးနားမှာ ပျော်ရွင်မှုတွေ
ဝပ်တွားခရ ရှိနေကြလို့
ရည်ရွယ်ပန်းတိုင် လျှောက်လှမ်းနိုင်ကာ
ဘ၀သရဖူ ခင်နဲ့အတူ ဆွတ်ခူးနိုင်ဖို့
ဒီကဗျာနဲ့ ဆုတောင်းလိုက်တယ် ကိုကျွဲရေ ...

ရော်ရွက်ရင့်

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Thursday, December 11, 2008

တပ်လှန့်ခြင်း သို့ သတိပေးခြင်း

တပ်လှန့်ခြင်း သို့ သတိပေးခြင်း

မြတ်ဗုဒ္ဓဟာ
သတ္တ၀ါအားလုံးရဲ့ အမြင့်မြတ်ဆုံးဖြစ်တဲ့
ဘုရားအဖြစ်ကို
ပရမတ္ထတရားနဲ့ ရောက်တော်မူခဲ့တယ်။
သတ္တ၀ါတွေကို
ကမ္ဘာလောကကို
ခုထက်ထိ စစ်မှန်တဲ့ တရားဓမ္မ နဲ့
အေးမြ နေစေခဲ့တယ်။

Richard Bach ရဲ့
Jonathan Livingston Seagull ဟာ
ဘယ်ငှက်မှ မပျံသန်း မရောက်ရှိဘူးတဲ့
ထူးကဲတဲ့ ဘုံတွေ၊ အမြင့်တွေကို
တကိုယ်ရေ ပြည့်စုံခြင်း နဲ့အတူ
တောင်ပံအပျက်ခံပြီး ပျံတက်ခဲ့ဖူးတယ်။

Hemingway ရဲ့
အဘိုးအိုဟာ
သာမန်လှေနဲ့ မရောက်နိုင်တဲ့
ပင်လယ်ပြင် ဟိုး အနက်နဲဆုံး နေရာမှာ
ဘယ်တံငါလောကမှာမှ မရဘူးတဲ့
ဧရာမ ငါးကြီးကို
အဘိုးအို တယောက်တည်းရဲ့
အင်းအားနဲ့ အမိဖမ်းပြီး
ကမ်းအထိလည်း သယ်လာခဲ့ဖူးတယ်။

Eleanor Porter ရဲ့
ပေါ်လီယာနာဟာ
မိဘမဲ့ကလေး ပေမယ့်
The Glad Game လို့ခေါ်တဲ့
ဘယ်လောက်ဆိုးနေတဲ့အရာက မဆို
အကောင်းတွေ ပျော်စရာတွေရှာတဲ့
လမ်းစဉ်ကို သူထွင်ခဲ့တယ်။
သေချာစဉ်စားတော့
ဗုဒ္ဓဘာသာရဲ့ အဆုံးအမ တချို့ နဲ့
ထပ်တူကျနေတာ တွေ့ရပြန်တယ်။

Lab ပစ္စည်းတွေ သိပ်မရှိသေးတဲ့
ခေတ်မှာ ဦးနှောက်ဆိုတဲ့
အထိရောက်ဆုံး Lab ကို သုံးပြီး
ထူးခြားတဲ့ သိပ္ပတွေ့ရှိချက်တွေကို
Newton လို၊ Einstein လို သိပ္ပံပညာရှင်တွေက
ရှာတွေ့ခဲ့တာတောင်
နောက်လူတွေက Lab ရှိပါရဲ့
မှီအောင် မနည်း တွေးယူကြရတယ် ဆိုပဲ။

ဒါတွေ အားလုံးကို အနှစ်ချူပ်တော့
လူ၊ငှက်၊သတ္တ၀ါ၊ ဘယ်ဟာမဆို
တစ်ဦးချင်းစီမှာ
သူမတူတဲ့ ထူးခြားတဲ့ ၀ိသေသ၊
စိတ်၊ဥာဏ်၊ပါရမီ ရှိကိုရှိကြတယ်လေ။

အဲဒီတော့
ငါတို့ဟာ
ငါတို့ကိုယ်တိုင်လည်း တနေရာရာမှာ
ကြီးကျယ်မြင့်မြတ်နေတယ်။
တနေ့နေ့မှာ ထူးခြားပြောင်မြောက်တဲ့
အောင်မြင်မှုတခုခု
ရကို ရမယ်လို့
ယုံကြည်ချက်၊မျှော်လင့်ချက် ထားရမလို
သူများတွေ အပေါ်မှာလည်း
ထိုနည်းလည်းကောင်းပဲ ယုံကြည်မျှော်လင့်ချက် ထားရမယ်။

ဘာဖြစ်လို့လဲ ဆိုတော့
ဒီကမ္ဘာကြီးဟာ
မတူညီတဲ့ စွမ်းအားတွေနဲ့
တူညီအောင် ဖွဲ့စည်းထားလို့ပါပဲ။
ပြီးတော့ တန်းတူရည်တူရှိမူကို အလေးထားသလို
သဘာမတူဖို့လဲ သဘောတူတတ်ရမယ်။
အဲဒီလိုမှာသာ မတူညီတဲ့
တစ်သီးပုဂ္ဂလ အောင်မြင်မှုတွေက
ကမ္ဘာ့လူသားတွေအတွက်
ကြီးမားတဲ့ အောင်မြင်မှု
အေးချမ်းမှု အသွင် ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ငါတို့ မမေ့ရမှာက
သိပ္ပံ ပညာနဲ့
ဗုဒ္ဓလမ်းစဉ်ဟာ
ဆုံမှတ် တခုတည်း ဖြစ်တဲ့နေ့ ရောက်အောင်
ငါတို့ ကြိုးစားရမယ် ဆိုတာပါပဲ။

ကောင်းတမန်

[+/-] အပြည့်အစုံသို့...