စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Monday, August 25, 2008

အလွမ်းများ……..

Photobucket" border="0" alt="" />


တမ်းတစွာဖြင့်
ချစ်သူ့ပုံရိပ်
မျက်ဝန်းမှတဆင့်
ရင်ထဲရောက်ရှိ
ထိုစဉ်ခဏ
အလွမ်းဖြစ်…..

ရင်ခုန်စွာဖြင့်
ချစ်သူ့စကား
ပြန်လည်ကြားစဉ်
နှလုံးသားထဲ
ပဲ့တင်ထပ်သွား
ထိုစဉ်ခဏ
အလွမ်းဖြစ်…..

ဝေးနေစဉ်ခဏ
အချိန်ကာလများ
ခံစားချက်ကြောင့်
ဖြစ်ပေါ်တတ်သော
အလွမ်းမျာကို
မုန်းမိသည်။…


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Sunday, August 24, 2008

.............အကျယ်ကြီး................

တစ်ခါက ဆန္ဒမဲပေးဖို့ စည်းရုံးရေးမှူးတစ်ယောက်ဟာ ကျေးတောရွာကလေး တစ်ခုကို ရောက်လာခဲ့သတဲ့။ သူလာရောက်ပြီး မယ်ဆွယ်ဖို့ရောက်လာတဲ့ အဲဒီရွာကလေးဟာ ရှေးရိုးရာ တောင်ယာလုပ်ငန်းကိုပဲ လုပ်ကိုင်ပြီး ရိုးသားအေးဆေးစွာ အသက်မွေး နေထိုင်ကြသတဲ့။ ပညာတတ်ရယ်လို့လည်း မရှိ။ ဗဟုသုတကလည်း နည်းပါး ပြီးတော့ အကြောင်းအရာတစ်ခုကို လှေနံဓါးထစ်မှတ်သား ထားကြတဲ့သူတွေပေါ့လေ။ အဲဒီတောရွာလေးမှာ စည်းရုံးရေးမှူးက မဲဆွယ်ပြီး အာဘောင်အာရင်သန်သန်နဲ့ ဟောပြောနေတာကို အောက်က ရွာသားတွေက မျက်လုံးလေးပြူးပြီးနားထောင်းနေကြတာပေါ့လေ။ အဲဒီတော့ စည်းရုံးရေးမှူးက အင်း…… ရွာကလူတွေကတော့ ထောက်လည်းမထောက်ခံဘူး။ ဆန့်လည်းမဆန့်ကျင်ဘူး။ ဘာလုပ်ရမလဲ ဘာပြောရမလဲမသိတော့ သူက ဆက်ပြော ရတာပေါ့။ အဲဒီလိုပြောနေရင်းနဲ့ အခုကျွန်တော်ပြောဆိုနေတာကို ထောက်ခံကြတယ်ဆိုရင် အားလုံး အကျယ်ကြီး သုံးခွန်းအော်ပေးပါလို့လေ။ အဲဒါနဲ စကားလည်းဆုံးရော အောက်မှာလာရောက်နားထောင်း နေကြတဲ့ ရွာသားတွေက အော်ပြောလိုက်ကြတယ်။

အကျယ်ကြီး……........ အကျယ်ကြီး…………………. အကျယ်ကြီး ………………………….

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...


အနတ္တ

[+/-] အပြည့်အစုံသို့...

Thursday, August 21, 2008

မျှမျှတတ ဖြစ်ချင်သူ

တရားသူကြီး ၀ိန်းအာသာမှာ စားသောက်ဆိုင်တစ်ဆိုင်တွင် အမှုတစ်ခုနှင့် ပတ်သက်ပြီး တရားလိုရှေ့နေတို့ကို အလွတ်သဘောခေါ်ယူတွေ့ဆုံ၏ ။ လူစုံသော် ရှေ့နေများက ၀ိန်းအာသာကို မေးခွန်းထုတ်သည် ။
ရှေ့နေများ ။ ။ ဆရာ ကျွန်တော်တို့ကို ခေါ်တဲ့ကိစ္စလေး အမိန့်ရှိပါဦး ။
ဝိန်းအာသာ ချက်ချင်းအဖြေမပေး ။ ရေတစ်ခွက်ငှဲ့သောက်သည် ။သက်ပြင်းတစ်ချက်ချသည် ။ ပြီးမှပြန်ပြော၏ ။
ဝိန်းအာသာ ။ ။ ကမ်းပို့စ် ၊ မောင်ရင်ဟာ တရားလိုရှေ့နေ ။မင်းဘက်ကိုအနိုင်ရဖို့အတွက် ကိုယ့်ကိုဒေါ်လာ ၁၅၀၀၀ လာကန့်တော့တယ် ။ လီယွန် မင်းကတော့ ကျွန်တော် တရားခံရဲ့ ရှေ့နေပါလို့ဆိုပြီး ကိုယ့်ကို ဒေါ်လာ ၁၀၀၀၀ ပူဇော်တယ် ။ ဟုတ်တယ်နော် ။
ရှေ့နေများ မျက်နှာပျက်သွားကြသည် ။ ၀ိန်းအာသာကို အဖြေပေး၏ ။
ရှေ့နေများ။ ။ဟုတ်....ဟုတ်ပါတယ်ခင်မျာ ။ အဲ့ဒါ......။
ဝိန်းအာသာ။ ။ကိုယ်ဟာ တရားသဖြင့် လုပ်ရတာကိုပဲ နှစ်သက်တယ် ။ ဒီတော့.......။
ရှေ့နေများ ခေါင်းစိုက်ကျသွားကုန်သည် ။ ၀ိန်းအာသာမှာ စကားမဆက်တော့ပဲ ၄င်း၏လက်ဆွဲအိတ်အတွင်းမှ ဒေါ်လာ ၅၀၀၀ ကို ရေတွက်ထုတ်ယူ၏ ။ ပြီးသော် ရှေ့နေကမ်ဒပို့စ်ထံ ကမ်းပေးရင်းပြော၏ ။
ဝိန်အာသာ ။ ။ ကိုယ်ဟာ မျှမျှတတသမားဆိုတာ မောင်ရင်တို့သိစေချင်လို့ခေါ်တွေ့တာ ။ ရော့ ကမ်းပို့စ်၊ မင်းက ၅၀၀၀ ပိုနေတယ် ။ ပြန်ယူလိုက် ။

[+/-] အပြည့်အစုံသို့...

ငါ မဟုတ်သော ငါ


လူတစ်ချို့ကပြောကြတယ်
မင်းနဲ့ငါ့ကို ခွဲလို့မရဘူးတဲ့


တခါတခါ မင်းအကြောင်းတွေးနေရင်
ဘယ်သူမှမသိတဲ့ ငါ့ဒိုင်ယာရီကို
ငါပြန်ဖတ်နေမိသလိုပါပဲ

တခါတခါ နေ့စဉ်မှတ်တမ်းရေးနေရင်
မင်းအကြောင်းတွေကို စာစီကုံးသလိုပါပဲလား

မင်းနဲ့ငါ ကိုသေချာစဉ်းစားနေရင်ပဲ
ငါအသက်ရှင်နေတာ ငါ့အတွက်လား
ဒါမှမဟုတ် မင်းအတွက်လား

ငါကိုယ်ငါ သေချာမဝေခွဲနိုင်တာလား
မင်းနဲ့ငါ့ကို သေချာ မခွဲခြားနိုင်တာလား

လူအများက ပြောကြပါတယ်
လူဆိုတာ ကို့ကိုယ်ကို အချစ်ဆုံးတဲ့
အဲဒီစကားသာမှန်ခဲ့ရင်တော့…..
ငါအချစ်ဆုံးက မင်းလေးပေါ့ စိတ်မီးအိမ်ရယ်…..

မှတ်ချက်။ ။ ငါသည် အနတ္တ မဟုတ်ပါ။ ဥယျာဉ်မှူးများသာ ဖြစ်ပါသည်။
မင်းသည် စာဖတ်သူမဟုတ်ပါ။ စိတ်မီးအိမ်သာ ဖြစ်ပါသည်။

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Tuesday, August 19, 2008

စိတ်မီးအိမ်အတွက် အမှတ်တရ..

ဒီနေ့ Chatting ထဲမှာ အရိပ် လေးစားယုံကြည်ရသော မကြီးပါချူးနဲ့ စိတ်မီးအိမ် အကြောင်း စကားပြောဖြစ်ကြတယ်….. ဆွေးနွေး ဖြစ် တာကတော့ အခုတလော စိတ်မီးအိမ်ဥယျာဉ်လေး ခြောက်သွေ့နေတဲ့အကြောင်းပေါ့နော်.... စိတ်မီးအိမ်ကို သံယောဇဉ်ရှိသူတွေ အတွက်တော့ အားတဲ့အချိန် ဥယျာဉ်လေးမှာ ခဏတာလာရောက် အပန်းဖြေရင်း ပိုစ့်အသစ်လေးတွေလည်း ပျော်ပျော်ရွှင်ရွင် ဖတ်ချင် ကြတာပေါ့လေ… ဖြစ်နိုင်ရင် ဥယျာဉ်မှူးတွေလည်း အချိန်ရမယ်ဆိုရင်တော့ အခွင့်သင့်တိုင်း အသစ်အသစ်လေးတွေဖန်တီးနိုင်ရင် အကောင်းဆုံးပါပဲလို့ တောင်းဆိုပါတယ်…အချိန်အကြာကြီးတော့ ပစ်မထားသင့်ပါဘူးနော်.. ဟုတ်တယ်မို့လား…
စိတ်မီးအိမ်ဆိုတဲ့ ဥယျာဉ်လေးကို ကိုကြီးကောင်းတမန်ရဲ့ အသိပေးကမ်းလှမ်းချက်အရ စတင်သိရှိခဲ့တဲ့ အချိန်ကစပြီးတော့ ပိုစ့်လေးတွေ မတင်ရသေးခင်အချိန်ကတည်းကပေါ့နော် အရိပ် ကိုယ်တိုင်လည်း စိတ်ပါဝင်စားမှုတွေနဲ့ နေ့စဉ်ရက်ဆက် စိတ်အပန်းဖြေရင်း ရောက်ရှိ ခဲ့ပါတယ်… ဒီနေ့ထိ (ကွန်နက်ရှင်မရတဲ့နေ့တွေကလွဲလို့ပေါ့) ကွန်ပြူတာရှေ့ရောက်တာနဲ့ အရင်းဆုံးသတိရတာ စိတ်မီးအိမ်မှာ ဘာသစ်ပင်လေးတွေပေါက်နေမလဲ ဆိုတဲ့ အတွေးတွေနဲ့ပေါ့… ဒီလိုနဲ့ပဲ သံယောဇဉ်များစွာဖြင့် သူငယ်ချင်းတွေနဲ့ ဆုံတွေ့ကြရင်း အေးမြတဲ့ မေတ္တာတရားတွေနဲ့ တစ်ယောက်ကိုတစ်ယောက် အားပေးအဖော်ပြုခဲ့တဲ့ နေရာလေးတခုဟာ စိတ်မီးအိမ်ပါပဲ.. အခုလည်း စိတ်မီးအိမ် ကို တန်ဘိုးထားမြတ်နိုးတဲ့အနေနဲ့ အရိပ် ရဲ့ ခံစားမှုလေးတွေကို ကဗျာအဖြစ် ဖွဲ့သီလိုက်ပါတယ်…အရိပ်ရဲ့အကျင့်က ရင်ထဲ မှာရှိနေတာကို ပေါ်လွင်အောင် ဖော်ပြမပေးတော့ လေးနက်တဲ့ခံစားချက်တွေဟာ အဓိပ္ပာယ်ပြည့်စုံနိုင်မှာမဟုတ်ဘူးဆိုတာ သိပါတယ်… ဒါပေမဲ့လည်း သူငယ်ချင်းအားလုံး မျှဝေခံစားနားလည်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်.. စိတ်မီးအိမ်ကို အသက်သွင်း ဖန်တီးပေးခဲ့ သော သူငယ်ချင်းများကို အထူးကျေးဇူးတင်ရှိပါတယ်…


“ စိတ်မီးအိမ် ”

ငါ ၀မ်းနည်းမိတိုင်း
မင်းကိုရင်ဖွင့်ခဲ့သလို
ငါပျော်ရွှင်ခဲ့တိုင်းလည်း
မင်းကို မျှဝေခံစားပေးခဲ့မိတယ်..

မိုးလင်းတိုင်း
မင်းဆီကိုရောက်ခဲ့သလို
မိုးချုပ်တိုင်းလည်း
မင်းကို နှုတ်ဆက်ခဲ့ရတယ်….

နေ့ရက်တွေတိုင်း
ဥယျာဉ်အရိပ်ထဲမှာ
ဘ၀အမောတချို့ ဖြေဖျောက်ခဲ့သလို
အေးမြတဲ့ မေတ္တာတရားတွေလည်း
ငါခံစားရရှိခဲ့ပါတယ်….

ငါ့ဆီက
အရောင်စုံလင်တဲ့ ခံစားမှုတွေ ပေးခဲ့မိပေမဲ့
မင်းဆီက
ကြင်နာနွေးထွေးမှုတွေပဲ ငါ ရရှိခဲ့ပါတယ်.
စိတ်မီးအိမ်ရယ်…...

အရိပ်

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Saturday, August 16, 2008

ယဉ်ကျေးသိမ်မွေ့ပါ ..။

မည်သည့် အချိန် ... မည်သည့် နေရာ ...
မည်သူနှင့် မဆို ...
ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံပါ ..။
ထိုသို့ ပြုလုပ်သည့်အတွက်
အများဆုံး အကျိုးခံစားရမည့်သူမှာ ...
သင်သာ လျှင်ဖြစ်သည်ကို သတိရပါ ..။

ခိုင်မြဲ

[+/-] အပြည့်အစုံသို့...

ဆိုင်ချင်မှ ဆိုင်မည့် အတွေးများ သို့မဟုတ် ရောက်တတ်ရာရာ စိတ်ကိုလွှတ်ပေးခြင်း


(၁)


မနေ့က ကျွန်တော် ဆရာနှင့် ကျောင်းစာကိစ္စ ဆွေးနွေးကြသည်။

သူက…….

ယနေ့ ကမ္ဘာတွင် ပုံပြင်စာအုပ်များ မလိုတော့။ တိုးတက်နေသော သိပ္ပံ ပညာသည် လူအားလုံးကို ၎င်းအား လိုက်မမှီနိုင်စေရန် ဖြစ်စေ၏။ ထို့ကြောင့် ပုံပြင်စာအုပ်များကို ခေါက်ထားရန်သာ ရှိတော့၏။ …

ဟု ဆိုသည်။


မဆီမဆိုင် “ဖိုးလမင်းရေ ထမင်းဆီဆမ်း၊ ရွှေလင်ပန်း နဲ့ ပေးပါလား၊ ဟ၀ှား…ဟ၀ှား.. ဟ၀ှား” ကို သွားသတိရသည်။ ကလေးငယ်ကို စကားမြန်မြန် ပြောတတ်လာစေရန်၊ ပါးစပ်မှ လေမှုတ်တတ်လာစေရန် အိမ်ရှေ့ကွပ်ပျစ်ပေါ်မှ လမင်းကို ကြည့်ရင်း အမိ သို့မဟုတ် အဖ လုပ်သူက ပါးစပ်ကို လက်နှင့်ပိတ်ကာ ဖွင့်ကာ ရှေ့မှ ဆိုပြသည်။ ထိုအခါ ကလေးငယ်လည်း လူကြီးကိုတုကာ လက်ကို ပါးစပ်ဝ၌ ပိတ်၍ဖွင့်၍ လေကို ကြိုးစားမှုတ်ပေမည်။ ထို အသက်အရွယ်သည် ကလေးငယ်၏ စကားပြောတတ်ရန် လမ်းစနေသော အရွယ်ဖြစ်ပေမည်။



(၂)


ပြီးခဲ့သည့် တနင်္လာနေ့မှ စ၍ ကျွန်တော် အဖျားမိသည်။ မိုးမိရာမှ စသည် ထင်သည်။ ရာသီဖျားဟု လည်း ဆိုနိုင်ပေမည်။ သူငယ်ချင်းတွေလည်း ချောင်းဆိုး၊နားစေး ဖြစ်နေကြသည်။ ဆေးခန်းသွားပြလျှင် ဒေါ်လာ ၈၀ ခန့် အနည်းဆုံး ကုန်ပေဦးမည်။


မဆီမဆိုင် သားဖျားနေလျှင် အမြဲ ပူနေတတ်သော အမေ့ကို လွမ်းသည်။ လဖက်ရည်ကျအောင် နှပ်ထားသည့် စဉ့်ရေနွေးအိုးကြမ်း၊ မနောဆန် နှင့် ချက်ထားသော ထမင်းဆီဆမ်းပူပူ၊ ဧရာဝတီ၏ မြစ်ကြိုးအင်းများက ထွက်သော ရေချိုငါးကြော် သေးသေးလေးများကို ပြေးသတိရသည်။ မြင်းမိုရ်းကုန်း ဟုခေါ်သော အခိုးထုတ်ဆေးကို သောက်စေကာ စောင်ခေါင်းမြီးခြုံစေ၍ အိပ်ခိုင်းမည်။ ၁၅ မိနစ်ခန့် ကြာသောအခါ လေမ၀င်စေရန် လက်ကို စောင့်အောက်မှာ လျှိုကာ အမေသည် သား၏ အပူချိန်ကို အထိအတွေ့ဖြင့် မှန်းဆလိမ့်မည်။ ဆေးတန်ခိုးဖြင့် အပူကျလာလျှင် ကိုယ်ခံအားကောင်းလာစေရန် အမဲသားပြုတ်ကြော် ကို ကျွေးလိမ့်မည်။ မဟုတ်ပါက အနှိပ်ဆရာသည် ၎င်း၊ ဒေါက်တာရမ်းကု (လိုင်စင်မဲ့ ဆေးဆရာများကို ကျွန်တော်တို့ ရွာတွင် ခေါ်သော နာမည်) သည် ၎င်း အမေ၏ ဧည့်သည် ဖြစ်ပေတော့မည်။



(၃)


ခုစာရေး နေသည့် အချိန်တွင် ကျွန်တော့ အခန်းဖော် ဗီယက်နမ်သည် အိပ်ရာဝင်စပြုလေပြီ။ အချိန်က နံနက် ၅ နာရီ နှင့် မိနစ် ၅၀။ သူခုမှ အိပ်ရာဝင်ရခြင်း အကြောင်းမှာ သောကြာနေ့ ညတိုင်းကို သူ လင်းအောင် ကုန်ဆုံးစေခြင်းကြောင့်ဖြစ်သည်။ အကြောင်းမှာ သူ့ကောင်မလေး ဗီယက်နမ်တွင် နေသူကို လွမ်းဆွတ်၍ ညလုံးပေါက် သူတို့ အင်တာနက် လိုင်းပေါ်မှာ မျက်နှာပါ မြင်နိုင်သော နည်းလမ်းများဖြင့် တိုက်ရိုက်ပြောဆိုကြသောကြောင့်ဖြစ်သည်။ ဗီယက်နမ်ရှိ သူ့ကောင်မလေး၏ အိမ်တွင် အင်တာနက်လိုင်းများ ချိတ်နိုင်နေပြီ ဖြစ်ကြောင်း သူကတခါတလေ ကျွန်တော့်ကို ကြွားတတ်သည်။ အင်တာနက် တပ်ဆင်ခ၊ သုံးခ နှုန်းထားများ တော်တော်သက်သာ နေပြီ ဆိုကြောင်းလည်း ပါတတ်သည်။


မဆီမဆိုင် ကျွန်တော်တို့ရွာမှ တက္ကသိုလ်ထိ ကျောင်းပြီး၍ ဆက်သွယ်ရေးရုံးတွင် အလုပ်လုပ်နေသော အကိုတယောက်၏ လုံးပန်းမှုကြောင့် ရွာတွင် တယ်လီဖုန်း တစ်လုံးခန့် ဆင်နိုင်သော နေ့က ကျွန်တော် သူငယ်ချင်းများကို ငါတို့ရွာမှာ ခု ဖုန်းတိုက်ရိုက်ဆက်လို့ ရပြီ ဟု မိမိကြွားခဲ့ တာကို ပြန် သတိရမိသည်။ သို့ပေမယ့် ယခုထိ နိုင်ငံရပ်ခြားမှ ခေါ်ဆိုလျှင် အသံရှင်းလင်းစွာ မကြားရသည့်အပြင် ခေါ်ဆိုအောင်မြင်ဖို့ပင် အင်မတန် ခဲယဉ်းနေတတ်သေးသည်။



(၄)


မနေ့ညက ရေနံ နှင့် ဓါတ်ငွေ့ အင်ဂျင်နီယာ နယ်ပယ် တွင် စက်မှု အင်ဂျင်နီယာများ၏ အခန်း ကဏ္ဍ အကြောင်း သင်ကြားပေးသော အတန်းတစ်ခု တက်ရောက်ခဲ့သည်။ ဆရာက ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ ပေါများသော နိုင်ငံများသည် ထို ပေါများသည့် အချက်ပေါ် အခြေခံ၍ မိမိတို့၏ စီးပွားရေး မဏ္ဍိုင်ကို ခိုင်အောင် တည်ဆောက်ကြသည် ဟု ဆိုသည်။ ထို့ပြင် ခေတ်မှီတိုးတက်သော တွင်းတူး၊ဆီသန့် စသည့် စက်များ၊ နည်းလမ်းများ ကို မိမိတို့ အင်အားဖြင့် စတင် ကြိုးပမ်းကြသည်။ မိမိတို့ အင်အင်းဖြင့် မနိုင်တော့သောအခါ နိုင်ငံခြား ကုမ္ပဏီ လက်ထဲ အပ်ကြရသည်ချည်း ဖြစ်သည် ဟု ဆိုသည်။


မဆီမဆိုင် ကျွန်တော် သုံးတန်းလောက်တုန်းက အညာက ကျွန်တော်တို့ ရွာနားတွင် နိုင်ငံခြားဖက်စပ် ရှာဖွေသည် ဆိုသော ရေနံ စီမံကိန်းကို ပြေးသတိရသည်။ ရေနံစိမ်း ရှိမရှိ ရှာဖွေရင်း ရွာဟိုး အနောက်ဘက် ရခိုင်ရိုးမ အစွယ်အပွားများမှ သည် ဟိုး အရှေ့ ဘက် ဧရာဝတီမြစ် ကမ်းခြေအထိ ခေတ်မှီစက်များဖြင့် မြေကြောများကို ကွန်ပျူတာနည်းလမ်းများဖြင့် စမ်းနေသည်များကို အံ့သြစွာ ငေးကြည့်ဖူးခဲ့သည်။ ထို့အပြင် အမှတ်မမှားလျှင် မှန်မည်ဖြစ်သော ဂျာမဏီက ပညာရှင်များ၊ နောက်တွင် ကပ်ပါလာသော စကဒ် တိုတို နှင့် မြန်မာ အတွင်းရေးမှုးမများ၊ ရွက်ဖျင်တဲများ၊ ဘီယာဗူးခွံများ၊ ငယ်ငယ်က နားမလည်နိုင်ခဲ့သော ပလစ်တစ် အကွင်းများ၊ ထူးဆန်းသော ထမင်းကြော်ချက်နည်းများ၊ ရွာမှ မျှစ်ကြော်ကို အငမ်းမရ စားသုံးတတ်ကြသော ထို နိုင်ငံခြားသားများ၊ ရွာထဲကို ဖုန်မွှန်သည်ဟု ဆို၍ ၀င်တောင် မ၀င်နိုင်သော ထိုမြန်မာ အတွင်းရေးမှုးမများ၊ လိုရာကို ရဟတ်ယာဉ်များဖြင့် သာသွားသော ထို နိုင်ငံခြားသား ပညာရှင်များနောက် ကားကြီးများဖြင့် အပြေးလိုက်ကြရသည့် မြန်မာအလုပ်သမားများ၊ နားမလည်နိုင်သော ကွန်ပျူတာ မျက်နှာပြင်ပေါ်မှ ကမ္ဘာမြေကြီး၏ ဖြတ်ပိုင်းပုံများ၊ ကြွင်းကျန်ခဲ့သော အမှိုက်ပုံများအကြား ဘီယာဗူးခံမှအစ၊ ပလတ်စတစ် ခါးပတ် အဆုံး ရှာဖွေ ပျော်ရွှင်နေကြသော ကျွန်တော်၏ သူငယ်ချင်းများ ကိုလည်း ပြေးမြင်မိပြန်သည်။

[+/-] အပြည့်အစုံသို့...