စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Thursday, August 7, 2008

Happy Birthday

[+/-] အပြည့်အစုံသို့...

ကိုအနတ္တ၏ မွေးနေ့.....

[+/-] အပြည့်အစုံသို့...

Tuesday, August 5, 2008

"မေမေ"

သားချစ်တဲ့ မေမေ
အများနှစ်သက်တဲ့ မေမေ
ပညာမတတ်ပေမယ့်
ကျင်နာတတ်တဲ့ မေမေ
အဿပြာမချမ်းသာပေမယ့်
စေတနာချမ်းသာတဲ့ မေမေ
ဘေးဘယာမများပေမယ့်
ဆွေးခန္ဓာချသွားတဲ့ မေမေ
သြော်……….. မေမေရယ်

မေမေမရှိမှ တမ်းတတ တ
လွမ်းလှပြီး ငိုကြွေးနေတာ
မဟုတ်ရပါဘူး မေမေရယ်

ရင်မှာနွမ်းလှ ပန်းလှပါသောကြောင့်
မှန်းဆခါ တမ်းတတာလဲ
မဟုတ်ရပါဘူး မေမေရယ်

ဖဝါးလက်နှစ်လုံး ပုခုန်းလက်နှစ်သစ်
လူဖြစ်လာအောင် နို့ချိုတိုက်ကျွေး
မွေးမြူးပေးတဲ့ မေမေ့ကျေးဇူး
သားမောင်အထူး ဆပ်ဖူးဆန္ဒ
ပြင်းပြပါသော်လည်း
သြော်…………. မေမေရယ်
တခဏတာ မဟုတ်ဘဲ
တစ်ဘဝစာ ခွဲခွာရတယ်နော်

သံဿရာ တစ်ကွေ့မှာ
တခဏတာ တွေ့ရတွေ့ရ
ဘုံဘဝ လောကဇာတ်ခုံမှာ
ကြုံဆုံကြ လောကဓမ္မတာ
ဘယ်လိုပင် ဖြောင်းဖျဖြောင်းဖျ
ဖြေသိပ်မရတဲ့ မေမေ့သားကို
အဝေးမှာပဲ ပစ်ထားတော့မှာလား
မေမေရယ်………………….

ကောင်းမှုကုသိုလ် ပြုလုပ်လိုတိုင်း
ဖေဖေနဲ့အတူ ဖေးကူမေမေ
ရှိလေသယောင် စိတ်မှာဆောင်လျှက်
မြင်ယောင်နေမိတယ် မေမေရယ်

မျက်ရည်မဆဲ ဝေလျှက်အမျှ
အကြိမ်ကြိမ် အခါခါ
ရှိနေပါလည်း သားရင်ထဲမှာ
မေမေဟာ ထာဝရအမြဲ
ရှင်သန်လျှက်ပါပဲ မေမေရယ်။ ။

သားသိပ်ချစ်ရတဲ့ မေမေရေ............

ဒီကဗျာလေးနဲ့အတူ သားကိုမွေးမြူပေးခဲ့တဲ့နေ့လေးမှာ

မေမေ့ကို လက်ဆယ်ဖြာမိုးပြီး ရှစ်ခိုးပူဇော် ကန်တော့လိုက်ပါတယ်

မေမေရယ်...........

ကုသိုလ်ကောင်းမှုလုပ်ပြီးတိုင်း အမျှဝေတဲ့အခါ

ရောက်ရာဘုံဘဝကနေ မေမေ သာဓုခေါ်ဆိုနိုင်ပါစေလို့

သားဆုတောင်းလိုက်ပါတယ်နော်.............


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Sunday, August 3, 2008

ဆင်ခြင်ပါ ။

လူသည် ...
စဉ်းစားဆင်ခြင်ဉာဏ်ရှိသော သတ္တဝါဖြစ်သည်...။ လုပ်ဆောင်ရန်ရှိသည်တို့ကို စဉ်းစားဆင်ခြင်သုံးသပ်ပြီး ..
လုပ်သင့်မှ ဆက်လက်လုပ်ဆောင်လေ့ရှိသည်..။

သို့သော် ...
လူသည် ... ပတ်ဝန်းကျင် လွှမ်းမိုးမှူ အင်အားကြီးမားလာသောအခါ ..
ဆင်ခြင်တုံ တရားသည် လုပ်ဆောင်ရန် ရှိသည်တို့ကို လုပ်ဆောင်ရန်
တိုက်တွန်းအားပေးနိုင်စွမ်းနည်းပါးသွားသကဲ့သို့ ...
မလုပ်သင့်သည်တို့ကို မလုပ်မိစေရန်
တာမြစ်နိုင်စွမ်းလည်း ... နည်းပါးသွားလေသည်..။

ထိုအခါ ...
လူသည် .. မည်သည့်မကောင်းမှူကို မဆို ပြုလုပ်ရန် အဆင်သင့်ဖြစ်နေတတ်ပေသည်..။

ခိုင်မြဲ

[+/-] အပြည့်အစုံသို့...

Wednesday, July 9, 2008

တနင်္ဂနွေနံနက်ခင်းများ (၁)

ပြီးခဲ့တဲ့ တနင်္ဂနွေက စပြီး ကောင်းတမန် တို့ သူငယ်ချင်း တစ်ဖွဲ့ တနင်္ဂနွေ နံနက်ခင်းတွေ အကြောင်း စပြောတတ်ခဲ့တယ်။

အဲလို အကြံဥာဏ်ကို စပြောတာက ဟိုကောင် ဟော်ရင်ဇွန်။

သူက "အကို ကျွန်တော်တို့ တနင်္ဂနွေ မနက်တိုင်း ပြေးကြရင် ကောင်းမယ်" တဲ့။ ကျန်းမာရေးအတွက်လည်း ကိုယ်လက်လှုပ်ရှားလည်းဖြစ်၊ တပတ်အတွင်း အလုပ်က ရလာတဲ့ ဖိအားတွေ လည်း ဖြေချရအောင် လို့တဲ့။

အင်း ကောင်းပါတယ်။ ကောင်းတမန် လည်း ကိုယ်လက် ဖျတ်လတ်ပြီး စိတ်အမြဲ တက်ကြွနေအောင် ဘယ်လို ထိန်းထားရမလဲ စဉ်းစားနေတုန်း ဒီကောင် လာ စပေးတာ အကိုက်ဖြစ်သွားတယ်။ တကယ်ဆို အားကစား လုပ်မှ တက်တဲ့ ဖျတ်လတ် တဲ့ ၀ိညာဉ်က ကောင်းတမန် ကိုယ်ထဲမှာ သေနေတာ ကြာပြီ။ ဘာလုပ်လုပ် မထိ တထိ ဖြစ်ဖြစ် နေတတ်တယ်။ ခု ပြေးမယ်ဆို အားကစား ၀ိညာဉ် လေး ပြန်တက်လာရင် အလုပ်လုပ်ချိန် မှာ ပိုပြီး ထိရောက်လာနိုင်မယ်လေ။

ဒီလို နဲ့ ပြေးဖို့ နေရာ ရွေးကြတော့ သဘာဝ ပတ်ဝင်းကျင် လှပပြီး လေကောင်းလေသန့်တွေ တ၀ ကြီး ရှုရှိုက်နိုင်တဲ့ နေရာတွေကို စဉ်းစားတော့တာပဲဗျို့။ Landscaping ကောင်းကောင်း၊လှလှ နေရာလေးလည်း ဖြစ်ချင်သေးတယ်။ ခက်တာက စင်္ကာပူက ကျင်းကျင်းလေး လေ။ တောတောင် ရေမြေလှပ တဲ့ နေရာက ရှားသားကလား။ သူတို့တွေက နည်းပညာ အလှ နဲ့ လုပ်စားတဲ့ နိုင်ငံလေ။

ဒါပေမယ့် စင်္ကာပူမှာ အနေကြာပြီဖြစ်တဲ့ ကိုရင် ဟော်ရင်ဇွန်က ဒါမျိုးဆို လာခဲ့ပဲ ဗျို့။ ကိုရင်က မပိုင်ရင် တခု မှ မလုပ်ဖူးလေ။ ခုလဲ သူက ကြိတ်ပြီး အကြံရှိနေပြီသားဗျ။ တောင်တွေ၊တောတွေ နဲ့လှပ၊ မြို့ပြ နဲ့ ကင်းဝေး၊ လေညှင်းလေး တမြမြနဲ့ ပင်လယ် အလှကို လည်း တ၀ ရှု နိုင်တဲ့ ဖေဘာ တောင်တန်း လေးကို ပတ်ပြေးမယ် ဆိုပဲ။  ဖေဘာ တောင် အလှကို အောက်က ပုံမှ ကြည့်ကြဦးဗျာ။ အဲဒါ တောင်အလည် ပတ်လမ်းကနေ ဟိုဘက်က ဆန်တိုစာ ကျွန်း ကို ဆွဲရိုက်ထားတာ။

06072008(001)

ဒါနဲ့ ကျွန်တော်တို့ အပြေးအလွှား အဖော်ရှာကြတယ်။  ခိုင်မြဲ ကို ပြောတော့ သူလည်း ပါမှာဆိုတော့ တော်တော် ပျော်သွားတယ်။ အိပ်မက်စိမ်းလည်း လိုက်မယ် တဲ့။ ခိုင်မြဲ နဲ့ သိတဲ့ တခြား အသိ တယောက် လည်း ထပ်တိုးတယ်။

ဒီလို နဲ့ ငါးယောက်ပေါင်း လောင်းကျော် အောင် ပြီးခဲ့ တဲ့ တနင်္ဂနွေ နံနက် က စပြီး တောင်ပတ် ပြေးတဲ့ လုပ်ငန်း စခဲ့တယ် ဗျို့။ တော်တော်တော့ ကျိုင်းသွားတယ်။ သင်ခန်းစာ တွေလည်း ရလိုက်တယ်။ အဲဒါတွေ နောက်မှ ဖောက်သည်ချတာပေါ့။ ရတယ် မဟုတ်လား။ စောင့်ဖတ်ဦးဗျာ...........။

လမ်းကြောင်းမှာ မင်းကွတ်ပင်တွေ၊ ဒူးရင်းပင်တွေ တွေ့လို့  အပင်က လတ်လတ်ဆတ်ဆတ် ကြွေကျတဲ့ ပင်မှည့် စစ်စစ်လည်း စားခဲ့ရသေးတယ်။ နောက်မှ အသေးစိတ် ပြောပြဦးမယ်ဗျာ.....။

ညဉ့်တော်တော် စောင်းနေပြီ။

အိပ်လိုက်ဦးမယ်။

တနင်္ဂနွေ နံနက်ခင်းတွေ အကြောင်း နောက်မှ ဆက်ဦးမယ်။

အစစ အဆင်ပြေကြပါစေ။

[+/-] အပြည့်အစုံသို့...

Tuesday, July 8, 2008

ဇူလိုင် ၁၆

ခရေတန်းတွေပေါများတဲ့
ကျောင်းတော်တွင်း
သူနဲ့ကိုယ်
ခြေရာချင်းထပ်ခဲ့တဲ့နေရာလေး
ဂျီဟောဆောင်လို့
တစ်ချိန်က နံမည်ကြီးခဲ့တဲ့
အဆောင်မှာ
ကောင်မလေးတစ်ယောက်
နံနံက်မိုးသောက်
အလင်းရောက်တဲ့အချိန်ကစပြီး
သူလာမလားလို့
အဆောင်ပြတင်းပေါက်ကနေ
မျှော်နေမိတယ်
သူငယ်ချင်းတွေက
ရွှေတိဂုံဘုရားသွား
J'Donuts စားမယ်လိုက်မလား
သူပြန်လာရင် အတူတူ
ဘုရားသွား အတူတူသွားစားမှာကို
သူလည်းသတိရနေမယ်လို့
ယုံကြည်မိတယ်အချိန်တွေ
တစ်ရွေ့ရွေ့ ကုန်ဆုံးသွား
မျှော်လင့်ချက်တွေ
ကုန်ခမ်းသွား
အဆောင်ပိတ်ချိန် ၆ နာရီ၊
နေမင်းလည်းတောင်စွယ်ပေါ်
မေးတင်သွားပြီ
ရင်ထဲမှာလည်း
နေဆယ်စင်း ပမာဖြစ်ခဲ့ပြီလေ
သြော်.......ဇူလိုင် ၁၆ ရဲ့
နိဂုံးလေးပေါ့နော်......

ktmgkalay


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Monday, June 30, 2008

မွေးနေ့ပိတ်ပွဲ.....

အားလုံး မင်္ဂလာပါခင်ဗျာ

(အသံက နာနေသေးတယ်။ မွေးနေ့တုန်းက မကြီးပါချူး ဘလော့ဂ်မှာ ကိုကြီးကျော်တို့၊ အနတ္တ တို့၊ ခမ တို့ နဲ့ ၀ိုင်းကောင်းလို့ ရေခဲစိမ်တာများသွားလို့ဗျာ..။)

မဟုတ်ပါဘူးဗျာ........။ မွေးနေ့ပွဲမှာ မြောက်ကြွ မြောက်ကြွ ဖြစ်နေတဲ့ အရိပ်မ ကို လိုက်အော်နေရတာနဲ့ အသံနာနေတာပါခင်ဗျာ....။ဒါတောင် မကြီးရှိနေလို့။ နို့မဟုတ်ရင် မလွယ်ဘူးဗျ....။ သူ့ချည်း ဓါတ်ပုံဝိုင်းရိုက်ရအောင် ရုပ်ရှင်မင်းသမီး မဟုတ်ဘူးဆိုလို့ မကြီး နဲ့ ကျွန်တော် ချော့လိုက်ရတာဗျာ.........။

ဒီလို နဲ့ လိုရင်းကို မရောက်တော့ဘူး။ ကောင်းတမန် တို့က စကားပြောရင် အဲလိုချည်းပဲ ဗျို့.......။ သည်းခံကြပါရှင်........။ အဲယောင်လို့ပါဗျာ......။ သည်းခံကြပါခင်ဗျာ....။

ပထမ ဦးစွာ မွေးနေ့မှာ သူငယ်ချင်းတွေ ဂုဏ်ပြုတာကို ကျေနပ်ပျော်ရွှင်စွာ လက်ခံပေးတဲ့ မလေးအရိပ် (သူများတွေခေါ်တာ အရိပ်လေးဆိုလား..ဘာလား ..ဟိုနေ့က ကြားလိုက်မိသလိုပဲ...ခင်ဗျားတို့ရော ကြားမိသေးလား) ကို အများကြီး ကျေးဇူးတင်ပါတယ်။

ဒုတိယက တော့ အလုပ်တွေ မအားမလပ်ကြတဲ့ ကြားထဲက မွေးနေ့ပွဲကို ကမကထ ပြု လုပ်ပေးသွားတဲ့ မကြီးပါချူး၊ ကဗျာတွေ ရွတ်ဆို လက်ဆောင်ပေးခဲ့ကြတယ့် စံပယ်၊peace၊ကိုကြီးအနတ္တ၊ကိုကြီးကျော် (လာရင်ကွယ် အရက်ပုလင်းကိုသာ ဆက်ကြပါ....ဟား.....ဟား စတာပါဗျာ.)၊ ရွှေအိမ်စည်၊ ကိုကောင်းတမန် (ဟာ..ကောင်းတမန် ဆိုတာ ငါပါလား.....ဟား......ဟား ..မေ့သွားလို့ပါဗျာ)၊ ဒေါက်တာဘေဘီ၊ ကိုခိုင်မြဲ (ခွက်ပုံးအမြဲ ခုတ်တတ်သူ.........မနေ့က တွေ့ခဲ့လို့.....ဟဲ....ဟဲ...) နဲ့ အခြား လာရောက်လည်ပတ်သူ အားလုံးကို ကျေးဇူးအထူးတကယ် တင်ရှိပါတယ်ဗျာ......။

တတိယ အနေနဲ့ကတော့ မလေးအရိပ်အတွက် အစစ အရာရာ မမောပန်းစွာ တက်ရောက်အားပေးသူတွေ နဲ့ မွေးနေ့ရှင် မလေး အရိပ်ဟာ ရှေးရေစက်ရှိသည်နှင့် အညီ စိတ်မီးအိမ်မှာ အဖွဲ့သားတွေအနေနဲ့ ဒီဘ၀မှာ တွေ့ဆုံခွင့်ရကြသလို၊ နောက်နောင်ဘ၀တွေမှာလည်း သံသရာဝဲထဲက မထွက်နိုင်ခင် (ဆရာကြီးလိုလို နဲ့ တရားစကားတွေ ပြောနေပြီ.....ကြည့်နေ....ကြည့်နေ...) ဘ၀ အားလုံးမှာ ပြန်လည် ဆုံဆည်းနိုင်ကြစေပြီး ဘ၀ခရီးလမ်းကို မိဘ၊မိတ်ဆွေသင်္ဂဟ တို့နှင့် သဟဇာတ ပြည့်စွာ ဖြတ်ကျော်နိုင်စေ၍ လောကီ၊လောကုတ် နှစ်ထုတ် သေချာအောင် တယောက်နဲ့ တယောက် ကူညီဖေးမ ရင်း မောင်နှမ မေတ္တာ တိုးပွားကာ အေးချမ်းပီတီ ဖြာကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

စတုတ္ထ အနေဖြင့် အခမ်းအနား အစီအစဉ် (၇) အရ မွေးနေ့ မင်္ဂလာ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာအပ်ပါတယ်။

မွေးနေ့ မင်္ဂလာ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာအပ်ပါတယ်။

မွေးနေ့ မင်္ဂလာ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာအပ်ပါတယ်။


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...