စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Friday, June 27, 2008

တရံရောအခါမှ တဘ၀စာသို့

တရံရောအခါ.
တပြည်တရွာမှ ပြည်မြန်မာပြန်
သူငယ်တယောက်သည်
နာကျင်ကိုက်ခဲ ပူပြင်းချမ်းတုန်
ဝေဒနာစုံကို မိဝေးဖဝေး
နယ်တကျေး၌ ခံစားနေခိုက်…….။

တရံရောအခါ
ထိုသူငယ်သည် မိခင်ဖခင်
အဆွေကြင်နှင့် နီးနာသူငယ်ချင်း
ဆရာရင်းတို့ များလှထွေစွာ
ပြည်မြန်မာဝယ် ပျော်ရွှင်မြူးထူး
ကူးလူးဆက်စပ် အပြုံးတပ်ရန်
ကြိုးစားခဲ့ဖူးလေ၏…….။

တရံရောအခါ.
ထိုနယ်မြေမှာ သူတော်တသိုက်
တူပျော်ပိုက်ဖို့ အိပ်မက်သော်ငြား
လက်တွေ့သော်ကား မစွမ်းသောခါ
ထိုသူငယ်သည် စိတ်ပါနာကျင်
ဝဋ်တွင်သမျှ ထိုဘ၀ကို
မေးမှိတ်အောင်းစက် ပြင်မထွက်ပဲ
ခံစားနေလေသတည်း…။

တရံရောအခါ
ထိုသူငယ်သည် စိတ်ရောကိုယ်ပါ
ထုကာထောင်းကာ မခံနိုင်အဆုံး
ဒုံး ဒုံးချမတတ် ခံစားမှတ်၍
နေပါသော်လည်း ဖြေနိုင်စရာ
မရှိကမ္ဘာဝယ် မသွေဖည်နိုင်စွာ
လူ့ခန္ဓာကို အားမာန်လျှော့ချ
ပျော့လျခွေကာ သေလုအောင်ပင်
မရှုမစိမ့် ကြိတ်မှိတ် ခံစားနေလေတော့၏။

တရံရောအခါ
လူသူမမြင် ထိုတခွင်တွင်
သတ္တ၀ါတစ်ခု ကံတစ်ခုဟု
မပစ်လျစ်လျူ ကူယူကယ်ဆယ်
အသက်ဝယ်ခြင်း အကြောင်းရင်းမှာ
မိတ်ဆွေမြတ်တို့ ပြုတတ်ဝန်တာ
တွေးကာပြေးမှ တွေ့လှ ထိုသူငယ်
သနားဖွယ်ကို ဆေးသမားကူ
ဆရာယူ၍ ကယ်တင်အသက်တချောင်း
စွမ်းဆောင်ဖူးသည် ထိုသူမည်သူဖြစ်မည်နည်း ….။

တရံရောအခါ
ဖိုးလှ၏ သခင်တိုးကာဝင်
အမေချစ်၏နို့ လှုကာစို့ဖူးသူ၊

တရံရောအခါ
မတဲ့အမြဲ တဲ့ အမြဲ
ရန်တကျက်ကျက် ထိုးကာနှက်
စကားလုံး သွက်သွက်သုံးကာပက်
ဟာသစွက်ကာ နှောတတ်သူ၊

တရံရောအခါ
အပြုံးတရိပ် ဝှေ့ကာတွေ့၍
မသေတသက် ဆက်ခဲ့ဖူးသူ၊

တရံရောအခါ
မိုးတမ နှင့် ဇွန်တပွင့်
ဟာသ နှင့် အပြုံးတပွင့်
ဆင့်ကာရောယှက် ချက်တိုင်ထွက်သော်
ထိုသူကို ဖွားမြင်ခဲ့၏။

ထိုသူသည်
တရံရောအခါ…
အဖကို လည်း မှန်းကာ ဆွေးဖူးသည်။

ထိုသူသည်
တရံရောအခါ…
အမိအတွက်လည်း တွေးကာ ပူဖူးသည်။

ထိုသူသည်
တရံရောအခါ…
အမကိုလည်း အချစ်ပိုဖူးသည်။

ထိုသူသည်
ယနေ့မှစ ဤဘ၀တွင်
အေးချမ်းအစဉ် တရားအလျင်နှင့်
ရွှင်မွှေ့နှလုံး ပိုက်ကာကျူံးလျက်
လောကီလောကုတ် အမြတ်ထုတ်ကာ
အောင်မြင် မုချရပါစေသတည်း….။


အရိပ်ရေ မွေးနေ့လက်ဆောင်အဖြစ် ငါ လည်း ကဗျာ ရွတ်သွားတယ်နော်။

[+/-] အပြည့်အစုံသို့...

Thursday, June 26, 2008

ကဗျာရွတ်ဆိုခြင်း


ကဗျာမရွတ်ဆိုခင် စကားလေး နည်းနည်းလောက် ပြောခွင့်ပြုပါခင်ဗျာ…….. စိတ်မီးအိမ် ဥယျာဉ်လေးထဲမှာ မွေးနေ့ပွဲကျင်းမတာ အခုဆိုရင် ဒုတိယအကြိမ် ရှိသွားပါပြီ။ ပထမအကြိမ် ကျင်းပတုန်းက အသုံးပြုခဲ့တဲ့ labels လေးကိုပဲ ပြန်ပြီးအသုံးပြုပြီး စိတ်မီးအိမ်မှ စိတ်တူကိုယ်တူ မောင်နှမတစ်စုရဲ့ မွေးနေ့ပွဲလေးတွေကိုလည်း အချိန်တွေသာပြောင်းလဲပေမယ့် တစ်စုတစည်းတည်းလေး ရှိစေလိုတဲ့ဆန္ဒကြောင့်သာပါ။ အစီအစဉ်(၁) အရ မကြီးပါချူးမှ အခမ်းအနား စတင်ကြောင်းကျေညာပေးမှာဖြစ်ပါတယ်။ ယခုလည်း အစီအစဉ်(၁)ကို မကြီးပါချူးမှ အခမ်းအနားစတင်ကြောင်း ကျေညာပေးပြီး ဖြစ်တဲ့အပြင် ကျွေးမွေးဧည့်ခံဖို့ အစီအစဉ်ကိုလည်း အစဉ်အလာမပျက် မကြီးပါချူးဘလော့ဒ်မှာ သွားရောက်သုံးဆောင်နိုင်ရန် ကြိုတင်စီစဉ်ထားမယ်လို့ မျှော်လင့်မိပါတယ်။ ကြွရောက်လာကြတဲ့ ဧည့်သည်တော် မောင်နှမများက စိတ်မီးအိမ်ရဲ့ ဧည့်သည်တော်မှတ်တမ်း (Cbox) မှာလက်မှတ်ရေးထိုးပြီး မကြီးပါချူး ဘက်မှာ စိတ်ကြိုက်စားသုံးနိုင်ပါတယ်။ မကြီးပါချူးနဲ့ စိတ်မီးအိမ်နဲ့က လည်း စွယ်တော်ရွက်ကလေးလိုပါပဲ။ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်သလိုပါပဲ။ ဘာမှအားနာစရာမရှိဘဲ သုံးဆောင်နိုင်ပါတယ်။ (ကောင်းတမန် နဲ့ ခိုင်မြဲ ထက်အရင်ရောက်မှ စိတ်ချရမယ်နော်)ဧည့်သည်တော်များ ကြွရောက်ချီးမြင့်ပေးပြီး ပြန်လည်ထွက်ခွာတဲ့ အခါမှာလည်း မကြီးပါချူးဘလော့ဒ် ဧည့်သည်တော်မှတ်တမ်းမှာ လက်မှတ်ရေးထိုး မှတ်တမ်းတင်သွားကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါတယ်။
ယခုမွေးနေ့ပွဲကို ထူးခြားစွာကျင်းပလိုတဲ့ မောင်နှမတွေရဲ့ဆန္ဒအရ အစီအစဉ်(၃)အနေနဲ့ ကဗျာရွက်ဆို ပေးသွားမှာဖြစ်ပါတယ်။ ရွက်ဆိုသွားမယ့် ကဗျာလေးများကတော့ နံပါတ်(၁) ကြေကွဲလွမ်းဆွမ်မှု အမှတ်တရ ဆိုတဲ့ မွေးနေ့ရှင် အရိပ်ရဲ့ ကဗျာလေးပဲဖြစ်ပါတယ်။ ကြေကွဲလွမ်းဆွမ်းမှု အမှတ်တရ ….ကွ ကွ…..ကွီ ကွီး ……….. (ကဗျာရွက်သံ) ကဗျာလေးကိုရွေချယ်ရတဲ့ အကြောင်းကတော့ မွေးနေ့ရှင်ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်နဲ့ရော မိဘကိုဦးထိမ်ပန်ဆင် ထားတာရော ဖြစ်ပျက်တတ်တဲ့တရားလေးကို ကျေကွဲဝမ်းနည်းဖွယ် သင်ခန်းစာရယူနိုင်ရန် ရေးသားသီကုံးထားတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ နံပါတ်(၂) ခြေရာ ဆိုတဲ့ ကဗျာလေးပဲဖြစ်ပါတယ်။ ခြေရာ…….. ကွိ ကွီ………ကွ ကွ……….( ကဗျာရွတ်သံ) အဲဒီကဗျာလေးကို ရေးသားသီကုံးတဲ့သူကတော့ ကိုကြီးကျော် ဖြစ်ပါတယ်။ ကိုကြီးကျော်ရဲ့ကဗျာတွေဟာ အထူးကောင်းမွန်တဲ့အကြောင်း ပြောပြစရာမလိုလောက်ဘူးလို့ ပြောပါရစေ။ (ဟီဟိ မပြောတတ်တာလည်း ပါတာပေါ့နော) ဒီကဗျာလေးကို ရွက်ဆိုရတဲ့အကြောင်းကတော့ စာသားလေးတွေကလည်း အဓိပ္ပါယ်ရှိရှိ ရပ်တည်နေပြီး သည်းခံခွင့်လွတ် အနင့်နာခံ အကျိုးဆောင်ပေးမယ်၊ နောက်ဆုံးမှာ မရှောင်လွှဲနိုင်မဲ့လမ်းကို လျှောက်လှမ်းရင် ကဗျာဆိုတဲ့ ခြေရာလေးကို ကျန်ထားရစ်ခဲ့မယ်ဆိုပြီး ရေးဖွဲ့ထားလို့ပါ။ နံပါတ်(၃) ကဗျာကတော့ ရိုးသားချင်တယ် ဆိုတဲ့ သနပ်ခါးရေးတဲ့ ကဗျာလေးပဲဖြစ်ပါတယ်။ ရိုးသားချင်တယ်…………. ကွကွိ……………. ကွိကွ……… ( ကဗျာရွတ်သံ) သူ့ကဗျာကတော့ လူငယ်တွေ (အထူးသဖြင့် အနော်တို့လိုပေါ့ …ဟီဟိ ….ကိုကြီးကျော်တို့၊ ကောင်းတမန်တို့၊ ခိုင်မြဲတို့ ပါဘူး ) ဖြစ်ပျက်တတ်တဲ့ သဘောသဘာဝလေးကို သီကုံး ဖွဲ့ဆို ထားလို့ပဲဖြစ်ပါတယ်။ ကဗျာထဲက သူ့ရဲ့ ပွင့်လင်းမှုတွေ ဘယ်လိုပင် ရိုက်ချိုး ခံခဲရ ခံခဲရ၊ အဖြူရောင်နှလုံးသားကိုပဲ စိတ်အရောင်စုံထဲမှာ ဘယ်လောက်ပင် နစ်မွန်းခြင်း ခံခဲရ ခံခဲရ၊ သူဘယ်လိုပဲ ခံစားခံစားနေပါစေ သူ့ရဲ့စိတ်အစဉ်ကတော့ အေးမြတဲ့ အရိပ်စစ်ကိုပဲတမ်းတရင်း ရိုးသားမှုကို လက်ကိုင်ထားလို့ပဲ ဖြစ်ပါတယ်။ ကဗျာရှင်တမ်းတတဲ့ အရိပ်စစ်လေးကို ကဗျာရှင်နဲ့အတူ စိတ်မီးအိမ်က မောင်နှမများ (လာရောက်လည်ပါတ်သူများလည်း ပါဝင်ပါသည်) ကလည်း အရိပ်ရဲ့ မွေးနေ့ပွဲမှာ ပျော်ပျော်ပါးပါး ဆင်နွှဲ စားသောက်ရင် ဘဝအတွက် အရိပ်စစ်လေး လည်း တွေ့ဆုံနိုင်ပါစေ………..လို့ ဆုတောင်းမေတ္တာပို့သရင်း အနတ္တ ကဗျာရွတ်ခြင်း ပြီးဆုံးကြောင်း ကျေညာအပ်ပါတယ် ခင်ဗျာ…………….. ရွှီး………….. ဖြောင်း………… ဖြောင်း……………. ဖြောင်း....................
ခုမှပဲနားငြီးသက်သာသွားတော့တယ် ဥသြ လည်ပင်းနင်နေတဲ့အသံကြီးနဲ့ မျောက်အစာတောင်းနေတာလား ကျနေတာပဲ အောက်ကနေတဲ့သူတွေကိုမှ အားမနာ သူ့နာမည်ပါ တိုင်း အကောင်း အောင်းမေ့နေလာ မသိဘူးနော်….. (အစားအသောက်ဘက်ကို စိတ်ရောက်နေတဲ့ ခိုင်မြဲရဲ့ ငြီးတွားသံပဲဖြစ်ပါတယ်) ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

မွေးနေ့ အမှတ်တရ....

ရက်ပေါင်း နှစ်ရာခုနှစ်ဆယ်ကျော်
အကျဉ်းအကြပ်ထဲမှာ
ပျော်ပိုက်ခဲ့ပြီးမှ
လွတ်လပ်ပြီဟေ့… လို့
အသံကုန် ဟစ်ပြီး..
လောကကြီးကို မိတ်ဆက်ရင်းနဲ့
အမေ့ အမောတွေ
ပြေစေခဲ့ပြီပေါ့….

အပြောကျယ်တဲ့ လောကအလယ်မှာ
ပျော်စရာလည်း ကြုံရသလို
ညစ်လိုက် လစ်လိုက်နဲ့
တလှည့်တပြန်
အလှည့်အခံနဲ့ပေါ့…..

ဖြစ်မြဲ ဓမ္မတာ လောက၀ိဟာမှာ
သင်အံလေ့ကျက်
တိုးတက်သိဥာဏ်
စိတ်ကြံ့ခိုင်ရင်း
သာယာငြိမ်းအေး
ဘ၀လေးကို
သူငယ်ချင်း အရိပ်လေးပိုင်ဆိုင်နိုင်ပါစေ…..

အခြေအနေအရ စိတ်မီးအိမ်သို့ မ၀င်ရောက်နိုင်သော သူငယ်ချင်း ဒီဒီ (Peace) မှ ပေးပို့ထားသော မွေးနေ့အမှတ်တရ ကဗျာလေးအား သူငယ်ချင်းများအားလုံး ခံစားနိုင်ရန်အတွက် မျှဝေလိုက်ပါတယ်…..
မွေးနေ့လက်ဆောင်နှင့် မွေးနေ့ဆုတောင်းပေးပို့သည့်အတွက် မယု (jasmine) ၊ ဒီဒီ (peace) အား ကျေးဇူးတင်ရှိပါသည်။

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

အခမ်းအနားအစီအစဉ်(၃)

အခမ်းအနား အစီအစဉ် (၁) အရ …
မကြီး ပါချူး ခေါင်းပေါင်း တကားကားဖြင့် အပြေးအလွှား (အလုပ်များ၍ နောက်ကျ နေသဖြင့်) ၀င်ရောက်လာပါပြီခင်ဗျာ…..။
မကြီးပါချူး စင်ပေါ်ကို အမြန်တက်သွားပြီး မိုက်ခရုန်းဖုန်းမှတဆင့် အခမ်းအနား ဖွင့်လှစ်ပေါတော့မယ် ခင်ဗျ..။
……………………………………………………………………………………………………….
စိတ်မီးအိမ်က သူငယ်ချင်းတို့ရေအရိပ်ရဲ့ မွေးနေ့ပွဲ အခမ်းအနားလေးကို ဖွင့်လိုက်ကြရအောင်နော်၁၉…….. ခုနှစ် မိုးတွေ ဖြိုင်ဖြိုင်ရွာသွန်းမဲ့ ဇွန်လရဲ့ မိုးရာသီအချိန် ၂၈ ရက်နေ့ စနေနေ့မှာ လူ့ပြည်ကို ပျော်ရွှင်မြူးတူ ခုန်ပေါက်ပီ ညီမငယ်လေးတစ်ယောက် ရောက်ရှိလို့ လာခဲ့ပါတယ်။ (အူဝဲ မအော်ဘဲ ဟား ဟား ဟား….. လို့များ ရီလာမလားဘဲ… :P)အဲဒီညီမလေးကို မကြီး စပီး သိလိုက်တာက အရိပ်ဆိုတဲ့ နာမည်ကလေးကို စသိတာပါ။ စိတ်မီးအိမ် ဘလော့ဂ်မှာ သွက်လက်တဲ့ စကားလုံး အသုံးအနှုံးနှင့် ရိုးရှင်းတဲ့ ၀ါကျ ဖွဲ့တည်မှုတွေကို မကြီးစပီး သတိထားခဲ့မိတယ်။စကားပြောဖြစ်ကြ၊ တွေ့ဖြစ်ကြတော့လဲ ပြုံးချိုတဲ့ မျက်နှာကလေးဟာ တစ်ခါတွေ့ပီးရင် နောက်ထပ် ဘယ်တော့မှ မေ့မရတဲ့ မျက်နှာပိုင်ရှင် ကလေးပါ။ ရိုးရှင်းတဲ့ စိတ်ထားလေးရှိပီး ဟာသကလေးတွေနဲ့ သူများမတွေးဖြစ်တဲ့ ဘက်ကနေ တွေးပီး ပြောတတ်တဲ့ ဟာသမင်းသမီးလေးလဲ လုပ်တတ် သေးတယ်။အရိပ်အကဲ သိတတ်ပီး သူများကို အဆင်ပြေအောင် ကူညီဘို့ ၀န်မလေးတဲ့ လိမ္မာတဲ့ ညီမငယ်လေး တစ်ယောက် ဆိုတာကို မကြီးသိလိုက်ရတယ်။ မကြီးအတွက်တော့ သူငယ်ချင်းကောင်း တစ်ယောက် ညီမကောင်း တစ်ယောက် ရလိုက်တယ်လို့ ခံစားမိပါတယ်။၂၀၀၈ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ အရိပ် ရဲ့ ………… နှစ်မြောက် ( သည်းခံပါ မွေးနေ့ရှင်မှ ပိတ်ပင်ထားပါသဖြင့်…. :P )မွေးနေ့မှာ စိတ်မီးအိမ်က သူငယ်ချင်းတစ်စု စုပေါင်းလုပ်ကြမယ်လို့ သိလိုက်ရတော့ မကြီး ၀မ်းမြောက် ကြည်နူးဖြစ်မိပါတယ်။ စိတ်မီးအိမ် သူငယ်ချင်း တစ်စုရဲ့ သူငယ်ချင်းမ အရိပ်အပေါ်မှာ သံယောဇဉ် ဖွဲ့တည်မှုလေးကို အကောင်အထည် ဖေါ်လိုက်ကြရအောင်နော်………….မကြီးဘလော့ဂ်မှာလဲ အရိပ်ရဲ့ မွေးနေ့ပွဲလေးကို မကြီး စဉ်းစားထားသမျှ မကျန်ရအောင် လုပ်ပေးမယ်လို့ စီစဉ်ထားပါတယ်။ သူငယ်ချင်း အားလုံးကို မကြီး ဒီနေရာကနေ ဖိတ်လိုက်ပါတယ်။မွေးနေ့ရှင် အရိပ် (အေးအေးသိန်း) ဟာ…. စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည့်စုံပါစေ။ ဘ၀တစ်လျှောက်လုံး အခက်အခဲမရှိ အားလုံးကို ပြုံးရွှင်စွာ ကျော်ဖြတ်နိုင်ပါစေ။ လိုရာဆန္ဒမှန်သမျှ အားလုံးပြည့်စုံတဲ့သူ ဖြစ်ပါစေလို့ ဒီနေရာကနေ စိတ်မီးအိမ် သူငယ်ချင်း တစ်စုနဲ့အတူ မကြီးပါချူး ဆုတောင်းပေးလိုက်ပါတယ်။
…………………………………………………………………………………………………………………….

မကြီး ပါချူးမှ အရိပ် ခေါ် အေးအေးသိန်း ခေါ် မလေး ပေါကြည်မ (အဲယောင်လို့ ငယ်နာမည်ပါခင်ဗျ..ကျေးဇူးပြု၍ ပြန်မမေးကြပါနဲ့။) ၏ မွေးနေ့ အခါတော် မင်္ဂလာ ကို ဖွင့်လှစ်ပေးသည့်အတွက် အထူးပင် ၀မ်းမြောက်ကျေးဇူးတင်ပါသည် ခင်ဗျာ..။

ရွှီး………….
ဖြောင်း……..ဖြောင်း……….ဖြောင်း……..
……………………………………………….
………………………………………………..
၎င်းနောက်……………….

ဟဲ့ အရိပ် အရေးတည်းဆို…..။ တက်လေ…စင်ပေါ်…….။ နင်ကလည်းမွေးနေ့ကို ပေါ့ပေါ့ပါးပါးလေး ၀တ်လာပါဆို။ အချိတ်ထမီ ကြီး တခွမ်းခွမ်းနဲ့။ တော်ကြာ….ချော်လဲဦးမယ်။ ပရိသတ်တွေ စောင့်နေပြီ…။ ပရိသတ်တွေကို လှမ်းပြီး မျက်စ လဲ ပစ်မပြနဲ့ဦးနော်…။ငါ အော်လိုက်တော့မယ်..။ နင် အဖွင့်အမှာစကား ပြောဖို့…….။
သြော်…..အရေးထဲမှ……နင် အပျော်လွန်ပြီး ခုန်မနေနဲ့လေ…………….။
မကြီးရေ အရိပ်ကို ထိန်းပါဦး…………………………။

၎င်းနောက် အစီအစဉ် (၂) အရ မလေး အရိပ်မှ မွေးနေ့ အဖွင့်အမှာစကား ပြောကြားပေးသည်ကို လည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ..။ သြော်…ဟဲ…ဟဲ…. ယောင်လိုပါ ဧည့်သည်တော်များခင်ဗျာ…….။ ကျွန်တော် အစားအသောက်တွေဆီ စိတ်ရောက်သွားလို့ပါခင်ဗျာ.။ သြော်….ဟုတ်ပေါင်……
မလေး အရိပ် အဖွင့်အမှာစကား မပြောရသေးပါဘူးခင်ဗျာ…..။ မလေး အရိပ်မှ မွေးနေ့ အဖွင့်အမှာစကား ပြောကြားပေးပါရန် စင်မြင့်ပေါ်သို့ ဖိတ်ခေါ်အပ်ပါတယ်။

အဟမ်း……အဟမ်း ………….
ဟဲ့ အရိပ်မ……ခုန်ပေါက်မနေနဲ့လေ။ မိုးပျံပူဖောင်းတွေ ခေါင်းနဲ့ ဆောင့်လို့ ပေါက်ကုန်မယ်။
စတော့ အဖွင့်အမှာစကား…..။
……………………………………………………………………………………………………………………
အဟမ်း…….အဟမ်း……… (Clearing throat)
စိတ်မီးအိမ် ဥယျာဉ် နှင့် မကြီးပါချူးဘလော့တွင် ကျင်းပပြုလုပ်ပေးသော မွေးနေ့ပွဲအစီအစဉ်သို့ တက်ရောက်အားပေးကြသော သူငယ်ချင်းများအားလုံးနှင့် အခြေအနေအရ မတက်ရောက်နိုင်သော သူငယ်ချင်းများအားလုံး ကို ဒီနေရာကနေ ပထမဆုံးအနေဖြင့် မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်….ဘ၀ပေးကံအရ လူ့လောကထဲသို့ မွေးဖွားရောက်ရှိလာခြင်းအတွက် ကောင်းမှုကုသိုလ်လုပ် အသိအမှတ်ပြုကြတဲ့ မွေးနေ့မွေးရက်လေးမှာ မိဘနှစ်ပါးရဲ့ ကျေးဇူးတရာများကို အောက်မေ့တမ်းတရင်း စိတ်တူကိုယ်တူ သူငယ်ချင်းများရဲ့ မွေးနေ့ဆုတောင်းအမှတ်တရလေးတွေကို ပိုင်ဆိုင်ခွင့်ရချင်ပါတယ်… တာဝန်ကိုယ်စီနဲ့ ဘ၀လမ်းခရီးလျှောက်လှမ်းနေကြရပေမဲ့ မအားလပ်တဲ့ကြားက သူငယ်ချင်းများရဲ့ ရင်ထဲက အမှတ်တရပိုစ့်လေးတွေ တင်ပေးကြပါလို့ မေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်နော်… နောက်တချိန်မှာ အခွင့်အရေးပေးခဲ့မယ်ဆိုရင်တော့ မကြီးပါချူးအပါအ၀င် စိတ်မီးအိမ်မှ မောင်နှမများနှင့် နေရာတခုမှာ စုံစုံညီညီ ဆုံတွေ့ခွင့်ရချင်ပါတယ်…. ဖြစ်ခွင့်ရှိမယ်လို့လည်း မျှော်လင့်ပါတယ်… မဆုံနိုင်ကြသေးတဲ့ ကာလတွေမှာ ကိုယ်စီဘ၀တွေအတွက် အဓိပ္ပာယ်ရှိအောင် နေထိုင်ဖို့ ကြိုးစားရင်း ဘယ်တော့မှမပြောင်းလဲတဲ့ နွေးထွေးမှု သံယောဇဉ်တွေနဲ့ စိတ်မီးအိမ်ဥယျာဉ်လေးမှာ ဒီ့ထက်ပိုပြီး စိမ်းလန်းစိုပြေသာယာလာအောင် ဥယျာဉ်မှူးများအနေဖြင့် အမှတ်တရသစ်ပင်လေးတွေ စိုက်ထူပေးကြပါလို့လည်း တိုက်တွန်းအပ်ပါတယ်… အထီးကျန်မှုတွေဖြင့်မိသားစုနဲ့ဝေးနေတဲ့အချိန်လေးမှာ စိတ်မီးအိမ်ဥယျာဉ်နဲ့ မကြီးပါချူးဘလော့မှာ ရင်းနှီးနွေးထွေးတဲ့မေတ္တာတရားတွေနဲ့ မွေးနေ့ပွဲကျင်းပပေးခဲ့တဲ့အတွက်လည်း အတိုင်းအဆမရှိ ၀မ်းမြောက်ကြည်နှူးမိပါတယ်….လို့အမှာစကားပြောကြားရင်း 28.6.2008 ( စနေနေ့ ) မှာ မွေးနေ့ကိတ်လာစားကြပါလို့ ဖိတ်ခေါ်အပ်ပါတယ်….မှတ်ချက်။ ။ အခမ်းအနားအစီအစဉ်ဖွင့်လှစ်ပေးခဲ့တဲ့ မကြီး မှ အလိုက်သိစွာဖြင့် မွေးနေ့ရှင်၏ အသက်အား မဖော်ပြပေးသောကြောင့် မွေးနေ့ကိတ်များများကျွေးပါမည်။ :P
…………………………………………………………………………………………………………………..
မလေးအရိပ် အဖွင့်အမှာစကား ပြောကြားပေးသည်ကို အထူးကျေးဖူးတင်ရှိပါတယ်ခင်ဗျာ.။

ပရိသတ်များမှ အသက်မေးမြန်းခြင်း မရှိသည့်အတွက်လည်း ကျေးဇူးတင်ပါသည်ခင်ဗျာ..။

အခမ်းအနား အစီအစဉ် (၃) အရ မွေးနေ့ရှင်အရိပ်အတွက် ဥယျာဉ်မှူးများနှင့် တက်ရောက်အားပေးသူများမှ အမှတ်တရ ပိုစ့်များ တင်ပေးခြင်း။
………………………………..
ပို့စ်များ စောင့်ဆိုင်းလျက်ရှိ…………..။

ဟေ့……အနတ္တ…..ဒီဘက်ကို လာ…………။
သြော်.ဒီကောင် ခေါ်နေတာ ကို အရိပ် ရှိတဲ့ ဘက်ပဲ ပြေးကပ်နေတယ်။
မင်း နောက်ကျ နေတာလား………………။
ကိုကြီးကျော်တို့၊ ခိုင်မြဲ တို့ ရော လှမ်းမှာ မတွေ့ခဲ့ဘူးလား……….။
မကြီးဘက်မှာ ခဏနေ သွားစားရအောင်……………။

ကဗျာရွတ်ကြဖို့လည်း ပြင်ထားကြဦး……………………။
…………………………………………………………………………………………………………….။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

မွေးနေ့ရှင်မှ အဖွင့်အမှာစကားပြောကြားခြင်း..

စိတ်မီးအိမ် ဥယျာဉ် နှင့် မကြီးပါချူးဘလော့တွင် ကျင်းပပြုလုပ်ပေးသော မွေးနေ့ပွဲအစီအစဉ်သို့ တက်ရောက်အားပေးကြသော သူငယ်ချင်းများအားလုံးနှင့် အခြေအနေအရ မတက်ရောက်နိုင်သော သူငယ်ချင်းများအားလုံး ကို ဒီနေရာကနေ ပထမဆုံးအနေဖြင့် မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်….

ဘ၀ပေးကံအရ လူ့လောကထဲသို့ မွေးဖွားရောက်ရှိလာခြင်းအတွက် ကောင်းမှုကုသိုလ်လုပ် အသိအမှတ်ပြုကြတဲ့ မွေးနေ့မွေးရက်လေးမှာ မိဘနှစ်ပါးရဲ့ ကျေးဇူးတရာများကို အောက်မေ့တမ်းတရင်း စိတ်တူကိုယ်တူ သူငယ်ချင်းများရဲ့ မွေးနေ့ဆုတောင်းအမှတ်တရလေးတွေကို ပိုင်ဆိုင်ခွင့်ရချင်ပါတယ်…

တာဝန်ကိုယ်စီနဲ့ ဘ၀လမ်းခရီးလျှောက်လှမ်းနေကြရပေမဲ့ မအားလပ်တဲ့ကြားက သူငယ်ချင်းများရဲ့ ရင်ထဲက အမှတ်တရပိုစ့်လေးတွေ တင်ပေးကြပါလို့ မေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်နော်…

နောက်တချိန်မှာ အခွင့်အရေးပေးခဲ့မယ်ဆိုရင်တော့ မကြီးပါချူးအပါအ၀င် စိတ်မီးအိမ်မှ မောင်နှမများနှင့် နေရာတခုမှာ စုံစုံညီညီ ဆုံတွေ့ခွင့်ရချင်ပါတယ်…. ဖြစ်ခွင့်ရှိမယ်လို့လည်း မျှော်လင့်ပါတယ်…

မဆုံနိုင်ကြသေးတဲ့ ကာလတွေမှာ ကိုယ်စီဘ၀တွေအတွက် အဓိပ္ပာယ်ရှိအောင် နေထိုင်ဖို့ ကြိုးစားရင်း ဘယ်တော့မှမပြောင်းလဲတဲ့ နွေးထွေးမှု သံယောဇဉ်တွေနဲ့ စိတ်မီးအိမ်ဥယျာဉ်လေးမှာ ဒီ့ထက်ပိုပြီး စိမ်းလန်းစိုပြေသာယာလာအောင် ဥယျာဉ်မှူးများအနေဖြင့် အမှတ်တရသစ်ပင်လေးတွေ စိုက်ထူပေးကြပါလို့လည်း တိုက်တွန်းအပ်ပါတယ်…

အထီးကျန်မှုတွေဖြင့်မိသားစုနဲ့ဝေးနေတဲ့အချိန်လေးမှာ စိတ်မီးအိမ်ဥယျာဉ်နဲ့ မကြီးပါချူးဘလော့မှာ ရင်းနှီးနွေးထွေးတဲ့မေတ္တာတရားတွေနဲ့ မွေးနေ့ပွဲကျင်းပပေးခဲ့တဲ့အတွက်လည်း အတိုင်းအဆမရှိ ၀မ်းမြောက်ကြည်နှူးမိပါတယ်….လို့အမှာစကားပြောကြားရင်း 28.6.2008 ( စနေနေ့ ) မှာ မွေးနေ့ကိတ်လာစားကြပါလို့ ဖိတ်ခေါ်အပ်ပါတယ်….

မှတ်ချက်။ ။ အခမ်းအနားအစီအစဉ်ဖွင့်လှစ်ပေးခဲ့တဲ့ မကြီး မှ အလိုက်သိစွာဖြင့် မွေးနေ့ရှင်၏ အသက်အား မဖော်ပြပေးသောကြောင့် မွေးနေ့ကိတ်များများကျွေးပါမည်။ :P

Photobucket

အရိပ်

[+/-] အပြည့်အစုံသို့...

မွေးနေ့ပွဲ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေငြာခြင်း ....

စိတ်မီးအိမ်က သူငယ်ချင်းတို့ရေ
အရိပ်ရဲ့ မွေးနေ့ပွဲ အခမ်းအနားလေးကို ဖွင့်လိုက်ကြရအောင်နော်

၁၉…….. ခုနှစ် မိုးတွေ ဖြိုင်ဖြိုင်ရွာသွန်းမဲ့ ဇွန်လရဲ့ မိုးရာသီအချိန် ၂၈ ရက်နေ့ စနေနေ့မှာ လူ့ပြည်ကို ပျော်ရွှင်မြူးတူ ခုန်ပေါက်ပီ ညီမငယ်လေးတစ်ယောက် ရောက်ရှိလို့ လာခဲ့ပါတယ်။ (အူဝဲ မအော်ဘဲ ဟား ဟား ဟား….. လို့များ ရီလာမလားဘဲ… :P)

အဲဒီညီမလေးကို မကြီး စပီး သိလိုက်တာက အရိပ်ဆိုတဲ့ နာမည်ကလေးကို စသိတာပါ။ စိတ်မီးအိမ် ဘလော့ဂ်မှာ သွက်လက်တဲ့ စကားလုံး အသုံးအနှုံးနှင့် ရိုးရှင်းတဲ့ ၀ါကျ ဖွဲ့တည်မှုတွေကို မကြီးစပီး သတိထားခဲ့မိတယ်။

စကားပြောဖြစ်ကြ၊ တွေ့ဖြစ်ကြတော့လဲ ပြုံးချိုတဲ့ မျက်နှာကလေးဟာ တစ်ခါတွေ့ပီးရင် နောက်ထပ် ဘယ်တော့မှ မေ့မရတဲ့ မျက်နှာပိုင်ရှင် ကလေးပါ။ ရိုးရှင်းတဲ့ စိတ်ထားလေးရှိပီး ဟာသကလေးတွေနဲ့ သူများမတွေးဖြစ်တဲ့ ဘက်ကနေ တွေးပီး ပြောတတ်တဲ့ ဟာသမင်းသမီးလေးလဲ လုပ်တတ် သေးတယ်။

အရိပ်အကဲ သိတတ်ပီး သူများကို အဆင်ပြေအောင် ကူညီဘို့ ၀န်မလေးတဲ့ လိမ္မာတဲ့ ညီမငယ်လေး တစ်ယောက် ဆိုတာကို မကြီးသိလိုက်ရတယ်။ မကြီးအတွက်တော့ သူငယ်ချင်းကောင်း တစ်ယောက် ညီမကောင်း တစ်ယောက် ရလိုက်တယ်လို့ ခံစားမိပါတယ်။

၂၀၀၈ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ အရိပ် ရဲ့ ………… နှစ်မြောက် ( သည်းခံပါ မွေးနေ့ရှင်မှ ပိတ်ပင်ထားပါသဖြင့်…. :P )မွေးနေ့မှာ စိတ်မီးအိမ်က သူငယ်ချင်းတစ်စု စုပေါင်းလုပ်ကြမယ်လို့ သိလိုက်ရတော့ မကြီး ၀မ်းမြောက် ကြည်နူးဖြစ်မိပါတယ်။ စိတ်မီးအိမ် သူငယ်ချင်း တစ်စုရဲ့ သူငယ်ချင်းမ အရိပ်အပေါ်မှာ သံယောဇဉ် ဖွဲ့တည်မှုလေးကို အကောင်အထည် ဖေါ်လိုက်ကြရအောင်နော်………….

မကြီးဘလော့ဂ်မှာလဲ အရိပ်ရဲ့ မွေးနေ့ပွဲလေးကို မကြီး စဉ်းစားထားသမျှ မကျန်ရအောင် လုပ်ပေးမယ်လို့ စီစဉ်ထားပါတယ်။ သူငယ်ချင်း အားလုံးကို မကြီး ဒီနေရာကနေ ဖိတ်လိုက်ပါတယ်။

မွေးနေ့ရှင် အရိပ် (အေးအေးသိန်း) ဟာ…. စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည့်စုံပါစေ။ ဘ၀တစ်လျှောက်လုံး အခက်အခဲမရှိ အားလုံးကို ပြုံးရွှင်စွာ ကျော်ဖြတ်နိုင်ပါစေ။ လိုရာဆန္ဒမှန်သမျှ အားလုံးပြည့်စုံတဲ့သူ ဖြစ်ပါစေလို့ ဒီနေရာကနေ စိတ်မီးအိမ် သူငယ်ချင်း တစ်စုနဲ့အတူ မကြီးပါချူး ဆုတောင်းပေးလိုက်ပါတယ်။



Posted by parchuu to စိတ်မီးအိမ် at June 26, 2008 3:33 PM

[+/-] အပြည့်အစုံသို့...

Wednesday, June 25, 2008

မွေးနေ့ပွဲ ဖိတ်ကြားလွှာ

စိတ်မီးအိမ်၏ ဥယျာဉ်မှုး တစ်ဦးဖြစ်သော အရိပ်၏ မွေးနေ့သည် ဇွန်လ ၂၈ ရက်နေ့တွင် ကျရောက်မည် ဖြစ်ပါသည်။

ထိုမွေးနေ့မင်္ဂလာ အခါတော်မြတ် ကို အောက်ပါ အစီအစဉ်များဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ စိတ်မီးအိမ် မှ မောင်နှမ အားလုံးနှင့် နီးစပ်ရာ သူငယ်ချင်း၊ မိတ်ဆွေအားလုံး တက်ရောက်အားပေးကျရန် ဖိတ်ခေါ်အပ်ပါသည်။

မွေးနေ့အစီအစဉ် ကျင်းပမည့် နေ့ရက် ….. 26.06.2008 – 28.06.2008
မွေးနေ့ အစီအစဉ် ကျင်းပမည့် အချိန် …… အဆင်ပြေသောအချိန် (ကန့်သတ်ချက်မရှိပါ)
မွေးနေ့ အစီအစဉ် ကျင်းပမည့်နေရာ ……. စိတ်မီးအိမ် ဥယျာဉ် နှင့် မကြီးပါချူး ဘလော့ဂ်

အစီအစဉ် (၁) ။ မကြီးပါချူးမှ မွေးနေ့ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေငြာခြင်း။
အစီအစဉ် (၂) ။ မွေးနေ့ရှင် အရိပ်မှ တက်ရောက်အားပေးကြသော စိတ်တူကိုယ်တူ သူငယ်ချင်းများအား အဖွင့်အမှာစကားပြောကြားခြင်း။
အစီအစဉ် (၃) ။ မွေးနေ့ရှင်အရိပ်အတွက် ဥယျာဉ်မှူးများနှင့် တက်ရောက်အားပေးသူများမှ အမှတ်တရ ပိုစ့်များ တင်ပေးခြင်း။
အစီအစဉ် (၄) ။ မွေးနေ့ရှင်မှ မွေးနေ့ကိတ်လှီးခြင်း (28-062008)။
အစီအစဉ် (၅) ။ စိတ်မီးအိမ် နှင့် မကြီးပါချူးမှ ကျွေးမွေးဧည့်ခံခြင်း ။
အစီအစဉ် (၆) ။ မွေးနေ့ရှင် အရိပ်မှ ကျေးဇူးတင်စကား လက်ဆောင်ပြန်လည်ပြောကြားခြင်း။
အစီအစဉ် (၇) ။ မွေးနေ့အခမ်းအနား ပြီးဆုံးကြောင်း ကြေငြာခြင်း။

မွေးနေ့ပွဲကို အထက်ပါ အစီအစဉ်များ အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ပါသဖြင့် မနက်ဖြန် ၂၆.၀၆.၂၀၀၈ မှ စ၍ အစီအစဉ် (၁) အရ မကြီးပါချူးမှ အခမ်းအနား ဖွင့်လှစ်ပေးပါရန် လေးစားစွာ တောင်းခံအပ်ပါသည်။

မကြီးပါချူး မှ အခမ်းအနားဖွင့်လှစ်ပြီးသည်နှင့် တပြိုင်နက် မွေးနေ့ရှင် အရိပ်မှ အဖွင့်အမှာစကားပြောကြားပေးပါရန်။

စိတ်မီးအိမ်မှ ဥယျာဉ်မှုးများမှ မွေးနေ့လက်ဆာင် ပို့စ်များ ကြိုတင်ပြင်ဆင်ထားရန် နှင့် တည်ခင်းဧည့်ခံသည်များ စားသုံးနိုင်ရန် အဆင်သင့် ပြင်ဆင်ထားကြပါရန်။

မွေးနေ့ရှင် အရိပ်၏ တောင်းဆို ချက်အရ နံနက်ဖြန် မနက်မှ စ၍ လက်ဆောင် ပို့စ်များ တင်ပေးကြပါရန်။

မွေးနေ့ အခမ်းအနား လိုအပ်သည်များ တည်ခင်းဧည့်ခံ ရန် နှင့် စီစဉ်ညွှန်ကြားရန် ကိုကြီးအနတ္တ အား တောင်းဆိုပါတယ် ခင်ဗျာ.။

အရိပ်၏ မွေးနေ့ပွဲကို ထူးဆန်း အံ့သြဖွယ်ရာများဖြင့် စီစဉ်တင်ဆက်မည်ဖြစ်ရာ အရိပ်မှ အဖွင့်မှာစကား ပြောကြားပြီးသည်နှင့် စိတ်မီးအိမ်၏ ပင်တိုင် ကဗျာ ဆရာများဖြစ်ကြသော အနတ္တ၊ ကိုကြီးကျော် နှင့် ရွှေအိမ်စည် တို့မှ ဂုဏ်ပြု ကဗျာ များ ရွတ်ဆိုပေးပါရန်..

သို့ဖြစ်ပါ၍ အားလုံး အစီအစဉ်များအတွက် မနက်ဖြန်မှ စ၍ အဆင်သင့် စတင်ကြပါရန် တောင်းဆို အပ်ပါသည်ခင်ဗျာ။


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...