စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Thursday, May 22, 2008

မိတ်ဆွေကောင်း

မိတ်ဆွေကောင်းကို

လိုအပ်ချိန် ကူညီသူ၊

ဝမ်းနည်း၊၀မ်းသာ နှစ်ချိန်လုံးမှာ ကိုယ့်အနားရှိနေသူ၊

အကြံကောင်းပေးတတ်သူ၊

ကိုယ်ချင်းစာ နားလည်တတ်သူ၊

လို့ ဗုဒ္ဓတရားတော် မှာ အဓိပ္ပာယ်ဖွင့်သည် [၁]။

မိတ်ဆွေကောင်းဖြစ်ရန် လွယ်ကူပါသလား။ စာရှုသူ မိတ်ဆွေ မည်သို့ ထင်သည်မသိ။

စာရေးသူအဖို့ မိတ်ဆွေကောင်းဖြစ်နိုင်ရန် ခဲယဉ်းသည်ဟု ထင်မိသည်။

အတန်တန် သတိထားသည့်ကြားမှ သတိလွတ်ထွက်သွားချိန် ခဏလေးအတွင်း သူငယ်ချင်းတစ်ယောက်ကို မှားယွင်းစွာ ဆက်ဆံခဲံ့မိဖူးသည်။ ယမန်နေ့က အလုပ်တွေများနေ၍ စိတ်ဖိစီးနေချိန် သူငယ်ချင်းတစ်ယောက် ဖုန်းဆက်၍ သူလိုချင်သည်များ ဆွေးနွေးသည်။ မိမိအလုပ်များနေချိန်၊စိတ်ဖိစီးနေချိန် အလိုက်မသိပဲ လာမေးလေခြင်း ဆိုသည့် မိမိအတ္တစိတ်ကြောင့် သူ့ကို အော်မိသည်။ ပြီးမှ မှားမှန်းသိ၍ တောင်းပန်ရသည်။ သြော် သူမှ ကိုယ်အလုပ်များနေတာ မသိတာ ဟူ၍ ပြန်တွေးမိလာသည်။

မိတ်ဆွေကောင်းဖြစ်ဖို့ဆိုတာ မလွယ်ပါလား။

ကောင်းတမန်

စာကိုး

[၁] Ven. S. Dhammika, Daily Readings from the Buddhas Words of Wisdom, Buddha Dharma Education, Association Inc. , ISBN 981/00/1302/7, 1989, p-103.

[+/-] အပြည့်အစုံသို့...

Monday, May 19, 2008

ရုပ်ဝထ္တုပြင်ပမှာ ပျော်စရာ ရှာ



မိတ်ဆွေ .....
သင်၏ ပျော်ရွှင်မှူ့သည်
ပတ်ဝန်းကျင် ရုထ္တုများ အပေါ်တွင် မူတည်နေပါသလား..။
သို့ဆိုလျှင် ...
သင်၏ ပျော်ရွှင်မှူ့ ကို သင် မထိန်းချုပ်နိုင်ပေ ..။
သင်၏ ပျော်ရွှင်မှူ့ တည်တန့်စေရန်အတွက်
ရုပ်ဝထ္တုပြင်ပမှာ ပျော်စရာ ရှာပါ...။

ရုထ္တုဟုဆိုရာတွင် လူသည် ....
ပျော်ရွှင်မှူ့ကို ..
အလွယ်တကူ ပေးစွမ်းနိုင်ဆုံး နှင့်
အနှောက်ယှက်နိုင်ဆုံးသော ရုထ္တုဖြစ်ပါသည်..။

ခိုင်မြဲ

[+/-] အပြည့်အစုံသို့...

Saturday, May 10, 2008

နားလည်မှု…….





ဖွင့်မပြောခဲ့ပေမဲ့

နားလည်မှုတွေနဲ့

မင်းကိုငါချစ်ခဲ့မိတယ်….

အဝေးမှာရှိနေပေမဲ့

နားလည်မှုတွေနဲ့

မင်းကိုငါလွမ်းနေဦးမယ်……

မပိုင်ဆိုင်ရသေးပေမဲ့

နားလည်မှုတွေနဲ့

မင်းကိုငါယုံကြည်မျှော်လင့်နေဦးမယ်…..

ဒီလိုနဲ့ပဲ..

တဘ၀လုံးအတွက်

နားလည်မှုတွေနဲ့

မင်းအနားမှာ

လက်တွဲချင်မိတယ်…..

အရိပ်

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Monday, May 5, 2008

Photobucket...
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Thursday, May 1, 2008

ထာဝရ သူငယ်ချင်း….




မထင်မှတ်တဲ့ ဆုံဆည်းမှုအတွက်

တခဏတာ တွေ့ဆုံရလည်း

ထာဝရ ခင်မင်နေမှာပါ

သူငယ်ချင်း……

မမျှော်လင့်တဲ့ ကံတရားအတွက်

ဝေးတမြေခြားခွဲခွာရလည်း

လွမ်းဆွတ်တမ်းတနေမှာပါ

သူငယ်ချင်း…………….

ဆုံနိုင်ခွင့် မရှိတော့တဲ့အခါ

ဟင်းလင်းပြင် နှလုံးသားမှာ

ရင်ခုန်သံခြင်း ထပ်တူကျလို့

ခံစားချက်တွေ မျှဝေရင်း

ဖြူစင်ခြင်း ခွန်အားတွေနှင့်

လွမ်းနေမှာပါ

ထာဝရ သူငယ်ချင်း…..

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Wednesday, April 30, 2008

--------ဆုံဆည်းရာ---------

အချစ်နဲ့ ချိန်းဆိုထားတဲ့နေရာကို
ညက ကိုယ်တစ်ယောက်ထဲ သွားတဲ့အခါ
ငှက်တွေ သီချင်းမဆိုတော့ဘူး
လေကလည်း မလှုပ်ရှားဘဲ ငြိမ်နေတယ်
လမ်းရဲ့ တစ်ဖက်တစ်ချက်က အိမ်တွေကလည်း
တိတ်ဆိတ်ငြိမ်သက်စွာ ရပ်တည်နေကြတယ်။
ကိုယ့်ခြေထောက်က ခြေကျင်းတွေနဲ့ အသံကလဲ
လှမ်းလိုက်တိုင်း ပိုပြီး မြည်လာလို့
ကိုယ်ရှက်နေမိတယ်လေ...
ကိုယ်တို့အိမ် ဆင်ဝင်ပေါ်မှာ ထိုင်ပြီး
သူရဲ့ ခြေသံတွေကို နားထောင်နေတဲ့အခါ
သစ်ပင်ပေါ်က သစ်ရွက်တွေက အသံမပြုကြတော့ဘူး။
မြစ်ထဲက ရေက အိပ်ပျော်နေတဲ့ အစောင့်ရဲ့
ဒူးပေါ်က ဓားလိုပဲ ငြိမ်သက်နေတယ်လေ...
ကိုယ့်နှလုံးသားက အရမ်းကို တုန်လှုပ်နေလို့
ငြိမ်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိတော့ဘူး။
အချစ် ရောက်လာပြီး ကိုယ့်အနားမှာ ထိုင်တဲ့အခါ
ကိုယ့်တစ်ကိုယ်လုံး တုန်ရီပြီး
ကိုယ့် မျက်ခွံတွေလည်း လေးကျနေပြီ။
ညက ပိုပြီးမှောင်လာတယ်....
လေက မီးအိမ်ကို ငြိမ်းလိုက်တယ်...
တိမ်တိုက်တွေက ကြယ်ကလေးတွေကို ကဗလာတွေနဲ့
ဖုံးအုပ်လိုက်တယ်....
ကိုယ့်ရင်ပေါ်က ရတနာလေးကပဲ
တောက်ပပြီး အလင်းရောင်ပေးနေတယ်လေ.....
ဒီအလင်းရောင်ကို.....
ကိုယ်ဘယ်လို ဖုံးကွယ်ထားမလဲဆိုတာ
မသိတော့ဘူးကွယ်။

----ရာဘင်ဒရာနတ်တဂိုး"ဥယျာဉ်မှုး'ကဗျာကို ပြန်လည်ခံစားထားခြင်းဖြစ်ပါသည်။------

[+/-] အပြည့်အစုံသို့...

Saturday, April 26, 2008

သံသာလေကမ်းတိုင်...

“ယခုဘ၀၌ စိတ်တူသဘောတူ ကြည်ဖြူကြသော သမီးခင်ပွန်းတို့ သည် နောက်နောင်ဘ၀၌ မကွဲမကွာ ဖြစ်လိုကြလျှင် တစ်ယောက်နှင့် တစ်ယောက် သဒ္ဓါ ၊ သီလ ၊ စာဂ ၊ ပညာတို့  အရာရာ တူစေကြရမည် ။“
( မြတ်စွာဘုရားရှင် )

“ လူ့ မြေရပ်ခွင် ၊ အိမ့်ရှင် အိမ်သူ ၊ မြတ်ရည်တူလျှက် ၊ ဆုယူညီမျှ ၊ လှူဒါနနှင့်  ၊ သီလမယိုင် ၊ သဒ္ဓါပြိုင်မူ ၊ ဘုန်းလှိုင်ကျော်ကြား ၊ မိုးနတ်သားနှင့်  ၊ ဆွေဝါးအနီး ၊ နတ်သမီးသို့  ၊ ကောင်းချီးအံ့ ရာ ၊ စုမိရှာလျက် ၊ သံသာနောင်လည်း ၊ ချစ်စည်းမပြေ ၊ ရှည်ကြာလေ၏ ။“
( ပဉ္စာဝုဓပျို့ )

ကုသိုလ်နှင့်  အကုသိုလ်တို့ တွင် စိတ်တူကိုယ်သဘောတူ ပြုလျှင် ကံတူအကျိုးပေး ဖြစ်တတ်ပုံကို သတိထား၍ တစ်ယောက်က အကုသိုလ်ပြုလိုလျှင် သဘောမတူဘဲ တားမြစ်ဖို့ သတိပြုသင့် ကြပေသည် ။
“အကုသိုလ်နှင့်  ၊ ကုသိုလ်နှစ်ပါး ၊ကံတရားကား ၊မယားပြုရာ ၊ စိတ်မပါလျှင် ၊ လင်မှာမရ ၊ လင်ပြုကလည်း ၊ မယားအိမ်သူ ၊ စိတ်မတူသော် ၊ မှတ်ယူမှန်စွာ ၊ မရရာဘူး ။ “
( မဃဒေ၀ လင်္ကာ )

[+/-] အပြည့်အစုံသို့...