စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး
၁။ သူက အများကို မြင်နိုင်တယ်။
၂။ သူ့ကို အများကမြင်နိုင်တယ်၊
၃။အများကိုလည်း အများက မြင်နိုင်စေတယ်။
ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။
စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်
Friday, April 4, 2008
Thursday, April 3, 2008
သိပ်ချစ်လို့ဖြစ်မှာပါမေ---->
မြင်ဖူးတဲ့နေကစလို့
ယစ်မူးခုံမင်နေခဲ့တာ
အာရုံအမြင်တွေ
အိပ်စက်လည်း
အိပ်မက်မှာမြင်
နှလုံးခုန်သံတိုင်း
မင်းနာမည် ပဲတင်လို့
သိပ်ချစ်လို့ ဖြစ်မှာပါ---------မေ-------->
Posted by
ကိုကြီးဇာ
at
8:45 PM
0 comments Labels: ရွှေအိမ်စည်
Wednesday, April 2, 2008
ဆိုင်ကယ်နဲ့ကားယာဉ်တိုက်မှု
ဒီကနေ့မြို့ထဲမှာရောက်နေတုန်း အဒေါ်ကြီးတစ်ယောက်ကဖုန်းလှမ်းဆက်တယ်။ သူ့မောင်လေးတစ်ယောက်(ဆိုကြပါစို့ ဧပြီလို့) ဆိုင်ကယ်နဲ့ကား မတော်တဆ ယာဉ်တိုက်မှုဖြစ်လို့တဲ့ အဲဒါနန်းတော်ဆေးရုံမှာသွားတင်တာလက်မခံဘူးတဲ့ ဆေးရုံကြီး အရေးပေါ်ဌာနမှာ အခြေအနေမကောင်းဘူးတဲ့။ အဲဒါသွားကြည့်ရအောင်ဆိုလို့ ပြန်လာပြီး သွားကြည့်ကြတယ်လေ။ လမ်းမှာအဒေါ်လေးတစ်ယောက်ကိုဝင်ခေါ်ပြီးတော့ ဆေးရုံကြီးကိုသွားတယ်။ လမ်းမှာတော့ အဒေါ်နှစ်ယောက် မျက်စိတပွတ်ပွတ်နဲ့ စိတ်မကောင်းစရာပါပဲ (မျက်စိနာနေလို့လားတော့မသိပါ)။ ဆေးရုံကြီးလည်းရောက်ရော ယာဉ်တိုက်မှုအတွက် တာဝန်ရှိရဲဝန်ထမ်းတစ်ယောက်ရောက်နေပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေလုပ်လို့။ ဆေးရုံဝန်ထမ်းတွေလည်း တွန်းလှည်းပြင်လို့ ယာဉ်တိုက်ခံရတဲ့လူနာကို တွန်းလှည်းပေါ်ပြောင်းတင်ပြီးသယ်မယ်ဆိုပြီးတော့ပေါ့။ ယာဉ်တိုက်ခံရတဲ့သူကလည်း ဒူးခေါင်းတစ်ဘက် ယောင်ကိုင်းနေပြီး ကားပေါ်ကနေတွန်းလှည်းပေါ်ကိုတင်ခါနီးမှာ နာလို့အော်နေရတယ်လေ။ တော်တော်စိတ်မကောင်းစရာပါဘဲ။ တော်သေးတာက အဒေါ်ကြီးနဲ့အဒေါ်လေးတို့ ပလက်လန် အဲ…ဟုတ်ပါဘူး ပလန်နက်က သူတို့မောင်လေး ဧပြီ မဟုတ်လို့ပေါ့လေ….. အဲဒါနဲ့ မဆုံးသေးတဲ့ ခရီးကို ဆက်လှမ်းမယ်ဆိုပြီး ဖင်နဲ့ နန်းတော်ဆေးရုံ ကိုချီတက်ကြရတာပေါ့လေ…. နန်းတော်ဆေးရုံလည်းရောက်ရော အလာကောင်းပေမယ့် စိတ်မကောင်းစရာပါပဲလေ……. ဧပြီရဲ့ဦးလေးဆိုသူဆီကဖုန်းလာတယ် ဧပြီးတစ်ယောက်တော့ ဆုံးရှာပြီးတဲ့….တော်တော်ဝမ်းနည်းဖို့ကောင်းတဲ့သတင်းပဲလေ…. ဘယ်တတ်နိုင်မလဲလေ…လောကဓံတရားကိုဘယ်လွန်ဆန်နိုင်ပါ့မလဲလေ….. နောက်ဆုံးအနေနဲ့ သူ့အမဆိုင်ကို လိုက်သွားကြတယ်လေ…. စိတ်မကောင်းစရာတစ်ခု ထပ်တွေ့လိုက်ရတာက သူ့အမ ကိုယ်တိုင်ကအဲဒီသတင်းကိုမသိသေးတာပဲလေ….. အဒေါ်ကြီးကနေပြီးတော့ အကျိုးအကြောင်းပြောပြရတာပေါ့နော်…. အဲဒီအခြေအနေလေကို မျက်လုံးထဲကနေမထွက်နိုင်လို့ သူတို့ပြောတဲ့အတိုင်းလေး ပြန်ပြောပြပါရစေ…… အဒေါ်ကြီး>>> အမမောင် ဆိုင်ကယ်နဲ့ကား မတော်တဆ ဖြစ်လို့ဆို….
ဧပြီအမ >>> အန်………. (အမှန်မှာ အန် လို့အသံမထွက်ပါ.. အန် နဲ့ ဟန် ကြားကစကားလုံးဖြစ်ပါသည် ဝမ်းကောင်းမှလာသော အသံဖြစ်ပါသည် မြန်မာအက္ခရာ သုံးဆယ့်သုံးလုံးတွင်မပါသော အသံဖြစ်ပါသည်။)
အဒေါ်ကြီး >>> အဲဒါ အခုဆုံးသွားပြီဆို
ဧပြီအမ >>> ဘာ…………( ဘာလို့အော်လိုက်တဲ့အချိန်မှာ ကျွန်တော်မမြင်ဘူးမတွေ့ဘူးသေးတဲ့ မျက်လုံးပြူး၊ မျက်စံပြူး ဆိုတာကို အဲဒီအချိန်မှပဲ မြင်ဘူးပြီး လက်နှစ်ဖက်ကလည်း သားကောင်ကိုခုန်အုပ်တော့မယ့် ကျားသစ် လက်လှမ်းလိုက်သလိုမျိုးပါပဲ………….
အဲဒီလိုနဲ့ တိုတိုပဲပြောပါရစေဗျာ… အကြောင်းစုံကတော့ April Fool လုပ်တာပါတဲ့။
ရှက်လည်းရှက်ပါသည်… ဟုတ်လည်းဟုတ်ပါဘူး။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
Posted by
အနတ္တ
at
1:28 PM
1 comments Labels: April Fool's Day, အနတ္တ
Sunday, March 30, 2008
“ ဝန်ခံပါသည် ”
တနေ့က ...
ယဉ်ယဉ်ဟု သူ့ကိုယ်သူခေါ်သော၊ ကျနော် တစ်ခါမှ မမြင်ဘူးသော ကောင်းမလေး တစ်ယောက်က စိတ်မီးအိမ်ကို ဝင်လည်ပြီး .. ကျွန်တော့်ကို မေးပါသည် ... “ ဒီစာတွေက ကိုခိုင်မြဲရေးတာတွေလားတဲ့” ..။
“ ဟုတ်လည်းဟုတ်တယ်.. မဟုတ်လည်း မဟုတ်ဘူး ” လို့ ပြန်ဖြေလိုက်ပါသည်.။
အမှန်လည်း ဤအတိုင်းပင်ဖြစ်ပါ သည်။ ရှင်းပြပါမည်..။ ကျွန်ုပ်၏ ဝါသနာတစ်ခုမှာ စာအုပ်တစ်အုပ်ကို ကြိုက်မိပြီဆိုလျှင် .. အကြိမ်ပေါင်းများစွား ဖတ်လေ့ရှိပါသည်..။ ကျွန်တော့် အကြိုက်ဆုံးစာအုပ်များထဲတွင်
ဆရာ မောင်ပေါ်ထွန်း ဘာသာပြန်ထားရေသားထားသော.. “ စိတ်တည်ငြိမ်မှု စိတ်ချမ်းသာမှူနှင့် ဘ၀အောင်မြင်မှူ” ဆိုသော စာအုပ်မှာ ရှေ့ဆုံးမှပါဝင်ပါသည်.။ မူရင်း အင်္ဂလိပ်စာအုပ် အမည်မှာ "Calm" ဟူ၍ဖြစ်သည်။ နှစ်လက်မ ပတ်လည် အိတ်ဆောင်စာအုပ်လေးဟု ဆိုပါသည်..။ ထိုစာအုပ်ကို ကြိုက်လွန်းသဖြင့် သုံးအုပ်ဝယ်ပြီး နှစ်အုပ်ကို သူငယ်ချင်းနှစ်ယောက်ကို လက်ဆောင် ပေးခဲ့ပါသည်..။ ကျန်တစ်အုပ်ကိုတော့ အိပ်ယာဘေးမှာ ထားပြီး ညအိပ်ယာဝင်တိုင်း ဖတ်သည်..။ မနက်အိပ်ယာထ အိပ်ယာထဲမှာပင် ဖတ်သည်..။ သည်လိုနှင့် စာတွေလည်း အလွတ်နီးပါ ရလာပြီး .. နောက်ပိုင်း စာအုပ်ကို သွားလေရာ သယ်သွားရင်း နှင့် ဘယ်နေရာတွင်မေ့ကျန်မိခဲ့မှန်း မသိတော့ပေ ..။ စိတ်မကောင်းစရာပင် .။
သွားတိုင်း သယ်သည်ဆိုသည်မှာ ညအိပ်ခရီးကို ဆိုလိုပါသည်..။
ဤစာအုပ်ကို စာအုပ်ဆိုင်တွေရောက်တိုင်း ပြန်ရှာနေသည်မှာ တစ်နှစ်ကျော်ခဲ့ပါပြီ ..။ အသစ်ပြန်မထွက်တော့ပေ..။
သို့သော် ..
စာအုပ်ပျောက်သွားသော်လည်း .. စာများကို ပြန်လည် အမှတ်ရနေဆဲပင်..။ ထို့ကြောင့် စိတ်မီးအိမ်မှာ မူလစာအုပ်အမည်အတိုင်း “စိတ်တည်ငြိမ်မှု စိတ်ချမ်းသာမှူနှင့် ဘ၀အောင်မြင်မှူ” ဟူ၍ပြန်လည်ဖေါ်ပြပါသည်..။
“လက်ပတ်နာရီကို ရောင်းပစ်လိုက်ပါ၊”၊ “ဖိနပ်ချွတ်ထားပါ” နှင့် “ချစ်တင်းနှောပါ” စသော စာသားများမှာ မူလအတိုင်း မှတ်မိသမျှ ပြန်လည် ဖေါ်ပြပါသည်.။ ထို့ကြောင့် .. “ဟုတ်လည်းဟုတ်တယ်” ဟု ပြောရခြင်းဖြစ်သည်..။ “ မဟုတ်လည်း မဟုတ်ဘူး” ဆိုသည်မှာ .. “ငှက်လိုကျင့်ပါ”၊ “ဖြေးဖြေးလျှောက်ပါ” နှင့် “စနစ်တကျရှုပ်ပါ” စသည်တို့မှာ ကိုယ်တိုင်ကြုံတွေ့ရသည်တို့မှ ရေးသားထားခြင်းဖြစ်သောကြောင့်ပင်..။
ခိုင်မြဲ
မှတ်ချက်။ ။ အကယ်၍များ စာဖတ်သူမိတ်ဆွေ တစ်နေရာရာတွင် မောင်ပေါ်ထွန်း၏ “ စိတ်တည်ငြိမ်မှု စိတ်ချမ်းသာမှူနှင့် ဘ၀အောင်မြင်မှူ ” စာအုပ်ကို တွေ့ရှိခဲ့ပါက ... ကျွနိုပ်အား တစ်အုပ်လောက် လက်ဆောင်ပေးပါရန် .. မေတ္တာရပ်ခံအပ်ပါသည်..။ ကျေးဇူး အထူးတင်ပါမည် ..။
Posted by
ခိုင်မြဲ
at
1:39 PM
1 comments Labels: စိတ်တည်ငြိမ်မှု စိတ်ချမ်းသာမှူနှင့် ဘ၀အောင်မြင်မှူ
Wednesday, March 26, 2008
ကိုယ့်ကိုယ်ကို လိမ်ပါ
တဏှာရာဂသည် မေတ္တာရောင်ဆောင်ပြီး လူကို လိမ်သည်။
မေတ္တာ နှင့် တဏှာ ဟာ ခြားနားပေမယ့်
လူဟာ အတူတူပဲ လို့ ယူဆပြီး ကိုယ်ချစ်တဲ့ သူ့အတွက်ထားတဲ့
တဏှာကို မေတ္တာလို့ လိမ်ထားလိုက်တယ်..။
လိမ်မယ်ဆိုလည်း လွယ်လွန်းလှသည်..။
ကိုယ်ချစ်တဲ့သူ အတွက်ဘာမဆို ပေးချင်တယ်။
စေတနာပိုတယ်..။ သူ့အကျိုးကို လိုလားတယ်..။
ဤစိတ်သည် မေတ္တာနှင့် ဆင်တူနေသောကြောင့်ဖြစ်သည်..။
ထို့ကြောင့် မေတ္တာအရောင်ဆောင် စကားလိမ်များကိုသာ သုံးနေကြလေသည်..။
သို့သော်လည်း ...
ကျွနိုပ်တို့ လူသားများသည် ဤစကားမျိုးကိုသာ နှစ်သက်ကြပါသည်..။
ခိုင်မြဲ
စကားချပ်။ ။ကျွနိုပ်ကိုယ်တိုင် လိမ်ဖို့ အကြိမ်ကြိမ် ကြိုစားခဲ့ ရာ မအောင်မြင်သေးပါ..။
Posted by
ခိုင်မြဲ
at
8:30 PM
0 comments Labels: စိတ်တည်ငြိမ်မှု စိတ်ချမ်းသာမှူနှင့် ဘ၀အောင်မြင်မှူ
Thursday, March 20, 2008
“ မကြာခဏ ခေါင်းဖြီးပါ
ခေါင်းဖြီခြင်းဖြင့် ....
သင်၏ အမြင်အာရုဏ်တွင် ရှင်းသန့် သွားသကဲ့သို့
ခေါင်းဖြီးစဉ် ဦးခေါင်းပေါ်ရှိ အနှိပ်ခံပွိုင့်များကို
ဖြတ်သန်းသွားသောကြောင့် ..
သင်၏ ဦးနှောက်လည်း ကြည်လင်လန်းဆန်းလာပေမည်။
ဦးခေါင်းပေါ်ရှိ အနှိပ်ခံပွိင့်များကို နှိပ်နှယ်ပေးခြင်းဖြင့် ..
သင်၏ တစ်ကိုယ်လုံးထူးခြားစွာ အားပြည့်လန်းဆန်းလာပေမည်..။
ခိုင်မြဲ
စကားချပ်။ ။ သင်စိတ်ဖိစီးမှူဒဏ်ခံစားရသော အခါ ဦးခေါင်းကို လက်ဖြင့် ကုတ်၍ ပွတ်သပ်ခြင်းများပြုလုပ်မိလေ့ရှိသည်။ ၄င်းသည် စိတ်ဖိစီးမှူဒဏ်ပြေပြောက်စေရန် အတွက် မသိစိတ်၏ စေ့စော်မှူဖြင့် ဦးခေါင်းပေါ်ရှိ အနှိပ်ခံပွိုင့်များကို လိုက်လံနှိပ်နှယ်နေခြင်းသာဖြစ်သည်ကို လူအများ သတိမပြုမိပေ...။
Posted by
ခိုင်မြဲ
at
9:57 PM
0 comments Labels: စိတ်တည်ငြိမ်မှု စိတ်ချမ်းသာမှူနှင့် ဘ၀အောင်မြင်မှူ
Tuesday, March 18, 2008
လောကဓံ

လေတိုက်တိုင်းသာ ပန်းတွေကြွေရင်..
ဘယ်မှာပန်းတွေကျန်တော့မလဲ။
လှိုင်းပုတ်တိုင်းသာ ကမ်းပြိုမယ်ဆိုရင်..
ဘယ်မှာမြေကြီးကျန်တော့မလဲ။
ဆုံးရှုံးတိုင်းသာ ငိုရမယ်ဆိုရင်...
ဘယ်မှာ မျက်ရည်ကျန်တော့မလဲ…
အရိပ်
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
Posted by
အရိပ်
at
7:00 AM
1 comments Labels: Poem
