စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Tuesday, November 13, 2007

စိတ်မကောင်းခြင်းများစွာဖြင့်

ဒီနေ့ အရိပ် သစ်ပင်စိုက်ရာမှာ ဘေးကနေ ကူညီညာ စိုက်ပျိုးပေးခဲ့ပါသည်။ သစ်ပင်လေး ပေါက်လာတော့ ကာယကံရှင်နည်းတူ ပျော်ရွှင်မိပါသည်။ အနတ္တသစ်ပင်စိုက်လိုက်ရာ အရိပ်ပန်းအိုးလေးထဲတွင် (အရိပ်ကို ကူညီညာ စိုက်ပျိုးရင်း ပြန်မထွက်မိဘဲ) ဝင်ရောက်စိုက်ပျိုးမိပါသည်။ အရိပ်ပန်းအိုးဖြစ်မှန်သိ၍ အနတ္တ သစ်ပင်ကိုပြောင်းစိုက်ပြီး ဖျက်ပြစ်လိုက်ရာ အရိပ် အပင်လေးပါ ပျက်စီးသွားခဲ့ပါသည်။ ပြန်လည်ပြီး အရိပ်သစ်ပင်ကလေးကို စိုက်ပျိုးပါသော်လဲ မရပါ၍ များစွာစိတ်မကောင်းဖြစ်ရပါသည်။ အရိပ်သိလျှင် ပြောတော့မည် သစ်ပင်စိုက်ခိုင်းတော့လည်း သူတို့ပဲ စိုက်ပြီးသား သစ်ပင်ကိုသတ်ပစ်တော့လည်း သူတို့ပဲ ဆိုပြီးတော့လေ။ အရိပ်ရေ… တမင်ကြံစည်ခြင်းမဟုတ်ပါ။ အနတ္တရဲ့ မကျွမ်းကျင်မှု၊ နမော်နမဲ့နိုင်မှုများကြောင့်သာဖြစ်ပါသည်။ အဲဒီအတွက် စိတ်မကောင်းဖြစ်ရပါသည်။ နားလည်ခွင့်လွတ်လိမ့် မည်ဟု မျှော်လင့်နေပါသည်။ ကောင်းတမန်ရေ… အနတ္တကို သူများအပင်တွေကြားမှာ လျှောက်လည်ခွင့် ပိတ်ရင်ကောင်းမယ်ထင်တယ်…… ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

"စည်းလုံးခြင်းသည် အင်အား"


စိတ်မီးအိမ်က သူငယ်ချင်းတွေ တစ်နှစ်မှာ တစ်ကြိမ်လောက် စုပြီ စုံတွေ့နိုင်ရင် ကောင်မယ်ထင်တယ်။ အဲဒီလို စုံတွေ့ကြတဲ့အခါမှာ ကိုယ့်အတွေ့ အကြုံ သူ့အတွေ့ အကြုံ တွေကိုဖလှယ်ပြီး အကြိုးရှိရှိ အသုံးချနိုင်ရင် ပိုကောင်းတာပေါ့ ။ စုံတွေ့ဖို့ ဆိုတာက သူ့အလုပ်နဲ့သူ၊ ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ သက်သက်မဲ့ စုံစည်းဖို့ရာမှာ ခဲရင်နိုင်တယ်။ အဲဒီတော့ ကုသိုလ်လဲရ စုစုစည်းစည်းလဲဖြစ် သွားအောင် စုပေါင်းပြီး ကုသိုလ်တစ်ခုခုပြုလုပ်ကြရင် ကောင်းမယ်ထင်တယ်။ ဥပမာ - စိတ်မီးအိမ် စုပေါင်း ဘုံကထိန် လိုမျိုးပေါ့။ ကထိန်တစ်ခု ပြုလုပ်လှူတန်းဖို့ရာက မလွယ်ပါဘူး။ ဒါပေမယ့် စည်စည်လုံးလုံး၊ ညီညီညွှတ်ညွတ် နဲ့ ကြိုတင်ဆောင်ရွက်နိုင်ရင် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ယခုကိစ္စနဲ့ပါတ်သက်ပြီးတော့ သူငယ်ချင်းအားလုံးရဲ့ အမြင်တွေကိုလည်း မျှော်လင့် စောင့်စားနေပါမယ်။ အားလုံးလဲ အကြံဥာဏ် ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

ရေ များများသောက်ပါသည်။ ( အကြံပြုနိုင်ပါစေ...)

ခိုင်မြဲရေ… ကျွန်တော်က ရေနွေးတော့ ကြုံရင်သောက်လိုက်တာပဲ။ ရေတော့ အကြိုက်သောက်တာ။ ထမင်းစားရင်းလဲ ရေသောက်တာပဲ။ လူတော်တော်များများကတော့ မကောင်းတဲ့အကျင့်လို့ ပြောကြတာပဲ။ အနတ္တကတော့ (၁) သူတပါးကို ထိခိုက်လား။ (၂) ကိုယ့်ကို ထိခိုက်လား ဆိုတဲ့ ပေးတံ နဲ့ တိုင်းပြီးပြင်သင့်ရင် ပြင်လိုက်တာပဲ။ ခုထိတော့ ဘယ်လိုထိခိုက်တယ်။ ဘယ်လောက်ထိခိုက်တယ်ဆိုတာကို စဉ်းစားလို့ မရလို့ မပြင်ဖြစ်သေးဘူးဗျို့ ။ ရေတော့ များများသောက်ဖြစ်ပါတယ်။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Sunday, November 11, 2007

opinion of Brazilian friend blogger

Hi all,

I have got to sit exams in coming weeks. Therefore I will stop posting for a few weeks. I will just try to be in စိတ်မီအိမ်  by reading all your posts, comments and shouting in cbox.

Before preparing for the exams, here is what I have got from my Brazilian friend's opinion on Burma. He has traveled to a lot of countries. He have visited our country three times already. There are a lot of pretty beautiful pictures on his site. Hope you enjoy this.

    6. You have travelled a lot.  Which countries are your favourite and why?

    That is a tough one to answer, because each country has its charms.  However, if I must be pushed, I would say that India is my favourite place, followed closely by Burma and Egypt.

    8. What are your favourite secret retreats in the world?

    Sometimes the modern world can be quite stressful.  There are several places that I have noted as perfect retreats to find peace and tranquility.  Pokhara in Nepal, Kochi and Dharamsala in India, Copacabana in Bolivia, Iquitos in Peru and Bagan in Burma, are all places that, if required, I would drop everything to escape to.

    Those who want to visit his site: http://mysticmyanmar.blogspot.com/

     

[+/-] အပြည့်အစုံသို့...

Saturday, November 10, 2007

တည်ငြိမ်ပါ (သို့) တည်ငြိမ်ဟန်ဆောင်ပါ


စိတ်တည်ငြိမ်သော လူတစ်ယောက်
အသံကျယ်ကျယ်ဖြင့် စကားပြောသည် ကို
သင်မြင်ဖူးပါသလား။

[+/-] အပြည့်အစုံသို့...

ရေများများသောက်ပါ


ရေများများသောက်ပါ
အရည်အားလုံးတွင်
ရေသည် အကောင်းဆုံးဖြစ်သည်။
ထို့ထက်
ရေနွေးက ပိုကောင်းပါသည်။

[+/-] အပြည့်အစုံသို့...

Friday, November 9, 2007

ကြော်ဆီများ

မိတ်ဆွေများ
မနေ့က တင်ထားတဲ့ Expandable Post ကို ကြည့်လို့မရဘူးဆိုတဲ့ Feedback တွေ ရပါတယ်။
ပို့စ် အပြည့်အစုံသို့ကို နှိပ်လိုက်တာ နဲ့ ပို့စ် ရှာမရဖြစ်နေကြပါတယ်တဲ့။
အကြောင်းကတော့ ကြော်ဆီကနေတဆင့် ၀င်လာရလို့ပါပဲ။ ဒီတော့ ကြော်ဆီ က Java Script ကို သုံးခွင့်မပေးရင် အပြည့်အစုံကို ကြည့်လို့ မရတော့ဘူးပေါ့။
ဒီတော့ ရှင်းရှင်းလေးပါ။ ကြော်ဆီကို ပြောင်းသုံးလိုက်ရုံပဲပေါ့။
လက်တွေ့ စမ်းသပ်မှုများအပြီး Java Script တွေကို အောင်မြင်စွာ သုံးခွင့်ပေးတဲ့ ကြော်ဆီတွေကတော့
(၁) Anonymouse
(၂) Proxy Guy
ထပ်မံ စမ်းသပ်ကြည့်ပြီး မရရင် Feedback လေးတွေ ပို့ကြပါဦး။
နံပါတ်(၁) ကြော်ဆီကတော့ စောင့်ရတာ နည်းနည်း ကြာပါတယ်။ ဒါပေမယ့် တက်လာပြီးတာနဲ့ ကျန်တဲ့ မျက်နှာတွေကို လွယ်ကူမြန်ဆန်စွာ ပြောင်းလဲ ဖတ်နိုင်ပါတယ်။

[+/-] အပြည့်အစုံသို့...