စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Sunday, November 11, 2007

opinion of Brazilian friend blogger

Hi all,

I have got to sit exams in coming weeks. Therefore I will stop posting for a few weeks. I will just try to be in စိတ်မီအိမ်  by reading all your posts, comments and shouting in cbox.

Before preparing for the exams, here is what I have got from my Brazilian friend's opinion on Burma. He has traveled to a lot of countries. He have visited our country three times already. There are a lot of pretty beautiful pictures on his site. Hope you enjoy this.

    6. You have travelled a lot.  Which countries are your favourite and why?

    That is a tough one to answer, because each country has its charms.  However, if I must be pushed, I would say that India is my favourite place, followed closely by Burma and Egypt.

    8. What are your favourite secret retreats in the world?

    Sometimes the modern world can be quite stressful.  There are several places that I have noted as perfect retreats to find peace and tranquility.  Pokhara in Nepal, Kochi and Dharamsala in India, Copacabana in Bolivia, Iquitos in Peru and Bagan in Burma, are all places that, if required, I would drop everything to escape to.

    Those who want to visit his site: http://mysticmyanmar.blogspot.com/

     

[+/-] အပြည့်အစုံသို့...

Saturday, November 10, 2007

တည်ငြိမ်ပါ (သို့) တည်ငြိမ်ဟန်ဆောင်ပါ


စိတ်တည်ငြိမ်သော လူတစ်ယောက်
အသံကျယ်ကျယ်ဖြင့် စကားပြောသည် ကို
သင်မြင်ဖူးပါသလား။

[+/-] အပြည့်အစုံသို့...

ရေများများသောက်ပါ


ရေများများသောက်ပါ
အရည်အားလုံးတွင်
ရေသည် အကောင်းဆုံးဖြစ်သည်။
ထို့ထက်
ရေနွေးက ပိုကောင်းပါသည်။

[+/-] အပြည့်အစုံသို့...

Friday, November 9, 2007

ကြော်ဆီများ

မိတ်ဆွေများ
မနေ့က တင်ထားတဲ့ Expandable Post ကို ကြည့်လို့မရဘူးဆိုတဲ့ Feedback တွေ ရပါတယ်။
ပို့စ် အပြည့်အစုံသို့ကို နှိပ်လိုက်တာ နဲ့ ပို့စ် ရှာမရဖြစ်နေကြပါတယ်တဲ့။
အကြောင်းကတော့ ကြော်ဆီကနေတဆင့် ၀င်လာရလို့ပါပဲ။ ဒီတော့ ကြော်ဆီ က Java Script ကို သုံးခွင့်မပေးရင် အပြည့်အစုံကို ကြည့်လို့ မရတော့ဘူးပေါ့။
ဒီတော့ ရှင်းရှင်းလေးပါ။ ကြော်ဆီကို ပြောင်းသုံးလိုက်ရုံပဲပေါ့။
လက်တွေ့ စမ်းသပ်မှုများအပြီး Java Script တွေကို အောင်မြင်စွာ သုံးခွင့်ပေးတဲ့ ကြော်ဆီတွေကတော့
(၁) Anonymouse
(၂) Proxy Guy
ထပ်မံ စမ်းသပ်ကြည့်ပြီး မရရင် Feedback လေးတွေ ပို့ကြပါဦး။
နံပါတ်(၁) ကြော်ဆီကတော့ စောင့်ရတာ နည်းနည်း ကြာပါတယ်။ ဒါပေမယ့် တက်လာပြီးတာနဲ့ ကျန်တဲ့ မျက်နှာတွေကို လွယ်ကူမြန်ဆန်စွာ ပြောင်းလဲ ဖတ်နိုင်ပါတယ်။

[+/-] အပြည့်အစုံသို့...

"ဥယျာဉ်ထဲတွင် လျှောင်လည်ဝင် ပျော်ရွှင်မတင်းတိမ်"


အခုတလော အနတ္တ အဖို့ ဥယျာဉ်ထဲဝင်ဖို့ တံခါးပေါက်ပိတ်နေတဲ့ အခြေအနေတွေနဲ့ ပဲ ဆုံနေတယ်။ နောင်ဆိုဒီထက်ပိုဆိုးမယ်လို့မျှော်လင့်ရတယ်။ အဲဒီအတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ်။ တံခါးမရှိ၊ ဓါးမရှိတဲ့ ဥယျာဉ်မှူးတွေနဲ့ တံခါးဖွင့်ဝင်လိုရတဲ့ဥယျာဉ်မှူးတွေ သစ်ပင်များများ ၀င်စိုက်ကြပါလို့ပဲ ဆိုချင်ပါတော့တယ်။
ဒီတစ်ခါလည်း လောကနီတိထဲက မှတ်မိနေတဲ့ ကဗျာလေး တစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်။

မင်းသဘောမယ် ဥစ္စာဝယ် တကယ်မတင်းတိမ်။
စကားကောင်းလျှင် ပညာရှင် မှန်ပင်မတင်းတိမ်။
မျက်စိနှစ်ဖြာ ချစ်သူမှာ မြင်ရာမတင်းတိမ်။
သမုဒ္ဒရာဝဲ ရေ၌ကဲ ရောင်ရဲမတင်းတိမ်။

( သစ်ပင်စိုက်ရာ ဥယျာဉ်မှာ မှန်စွာမတင်းတိမ်။)
ဒါကတော့ အနတ္တရဲ့ခံစာချက်ချက်ကလေးကို ရေးပေးလိုက်တာပါ။ ဥယျာဉ်မှူးအားလုံးလဲ ဒီလိုပဲ ခံစားရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အနည်းဆုံးတော့
( ဥယျာဉ်ထဲတွင် လျှောက်လည်ဝင် ပျော်ရွှင်မတင်းတိမ်။ ) လို့တော့ရှိကြမှာပါ။

အနတ္တ
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Thursday, November 8, 2007

New Features in စိတ်မီးအိမ်

အားလုံး
စိတ်မီးအိမ်ကို ဟိုနေ့က ၀င်မွှေရင်း update လုပ်ဖို့ ကြိုးစားကြည့်တယ်ဗျာ။
လိုင်းဆွဲတာ ကို ကြာစေတဲ့ Features ခေါ် Widget တွေကို တော့ ရှင်းပစ်လိုက်ပြီ။
ခုနောက်ထပ် စိတ်ဝင်စားစရာ Features လေးနှစ်ခု ထပ် ဖြည့်ထားတယ်။

(၁) Expandable Post
Expandable Post မြန်မာလို ပြောရရင် ဆန့်လို့ ချုံ့လို့ ရတဲ့ ပို့စ်ပေါ့။ ခု နောက်တင်မယ့် ပို့စ်တွေကို အဲဒီ Feature သုံးပြီး တင်ကြဖို့ တောင်းဆိုပါတယ်။ အကြောင်းကတော့ ရှင်းရှင်းလေးပါ။ ကိုယ်တင်တဲ့ ပို့စ် က အရမ်း ရှည်နေရင် တစ်ခုတည်း နဲ့ စိတ်မီးအိမ် စာမျက်နှာကို ပြည့်သွားစေတာပေါ့။ ဒါဆို လာလည်သူတွေကို ပို့စ်တွေ လတ်တလောတင်ထားတဲ့ ပို့တွေ ကို ပြလို့ မရတော့ဘူးလေ။
ဒီတော့ ရှင်းရှင်းလေးပါ သူ့တို့ အထဲ က တပိုင်းတစ ကို ပြပြီး ကျန်တာကို သိမ်းထားလိုက်ယုံပေါ့။ အပြည့်အစုံဖတ်ချင်သူက ပို့စ်တွေရဲ့ အောက်မှာရှိတဲ့ "အပြည့်အစုံ" သို့ ဆို တာ နှိပ်ပြီး ဖတ်ပေါ့။ ဖတ်ပြီးတာနဲ့ ပြန်ခေါက်သိမ်းလိုက်ရုံပဲ။
ဒီလို နည်းနဲ့ဆို တစ်မျက်နှာ တည်းမှာ ပို့စ်အများကြီး ပြထားနိုင်တာပေါ့။
ပို့စ် အသစ် တင်နည်းကတော့
(က) ပထမပိုင်း စာမြည်းလေးကို "ဒီစာကို Select ပေးပြီး အနှစ်ချူပ် ကို ရေးပါ ... " ဆိုတဲ့ နေရာမှာ ထည့်ရေးပါ။
(ခ) ကျန်တဲ့ အကျယ်ပိုင်းကို "ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ... " ဆိုတဲ့ နေရာမှာ ထည့်ရေးပါ။
(၂) Rating Widget (ပို့စ်တွေကို အမှတ်ပေးဖို့)
ပို့စ်တိုင်း ရဲ့ အောက်ခြေမှာ Comment ရဲ့ အောက် ကပ်ရက်မှာ ကြယ်ပုံတွေကို နှိပ်ပြီး မိမိနှစ်သက်ရာ ပို့စ် ကို အမှတ်ပေးကြပါ။
ခုလို အမှတ်ပေးချင်းအားဖြင့် ရေးသူတွေ ပို့စ်ကောင်းကောင်းတွေ တင်စေတာပေါ့။
ဒီ နှစ်ခု ကို သေချာ သုံးဖို့ တောင်းဆိုပါတယ်။

ပြီးတော့ အင်ဂျင်နီယာ ဖိုရမ်မှာလည်း အားလုံးကို ဖိတ်ခေါ်ထားပါတယ်။ အားလုံး လာရောက်ဆွေးနွေးပေးပါ။ ခိုင်မြဲ စလိုက်တာ ကျေးဇူးပါ။
ဆွေးနွေးရင် အပေါ်ဆုံးက လင့်ခ်ကို နှိပ်ပြီး တိုက်ရိုက် ဖိုရမ် မှာ ၀င်ပြီးဆွေးနွေးစေလိုပါတယ်။ ဖိုရမ် ပို့စ်တွေကို ကျေးဇူးပြုပြီး ဖိုရမ်ဘက်မှာ တင်ပေးကြပါ။ သပ်သပ် ရပ်ရပ် ရှိသွားစေချင်လို့ပါ။

အစစ အရာအရာ အဆင်ပြေပါစေ။

[+/-] အပြည့်အစုံသို့...

မေတ္တာသုတ် အတ္ထုပ္ပတ်

မေတ္တာသုတ် အတ္ထုပ္ပတ် ကို ဆရာတော် တစ်ပါး၏ ဟောကြားချက် အတိုင်း ပြန်လည် ကူးယူ တင်ဆက်ထားပါသည်။အခါတပါး ရဟန်း (၅၀၀) တို့သည် မြတ်စွာဘုရားထံမှ လျောက်ပတ်သော ကမ္မဌာန်းကို ယူပြီးလျှင် ဟိမ၀န္တာနှင့် တစပ်တည်း တည်နေသော တောအုပ် တစ်ခုသို့ ၀င်ရောက်ကာ သစ်ပင်ရင်းများ၌ တရားအားထုတ်နေကြ၏။ ထိုရဟန်းတော်တို့၏ သီလ တန်ခိုးကြောင့် သစ်ပင်များရှိ နတ်တို့မှာ သစ်ပင်ရင်း၌ မနေ၀င့်ကြပဲ ကလေးများကို လက်ဆွဲကာ
လှည့်လည်နေကြရကုန်၏။
တနေ့ပြန်နိုး၊ တနေ့ပြန်နိုးနှင့် စောင့်နေခဲ့ရာ ရဟန်းများ မပြန်ကြတော့မည်ကို သိရ၍ မနေ၀င့်အောင် ညာဉ့်အခါ ကြောက်မယ်ဖွယ် အဆင်း၊အသံများ ပြကာ ခြောက်လှန့်ကြလေတော့၏။ ထိုအကြောင်းကြောင့် ရဟန်းများ ထိတ်လန့်ကြ၍ ရောဂါ အမျိုးမျိုးဖြစ်ကာ သမာဓိ မရဖြစ်ကြ၍ မိမိတို့ ဤအရပ်မှာ မနေ သင့်ဟု ဆုံးဖြတ်ပြီးလျှင် ဘုရားရှင်ထံ ပြန်ကြွလာ၍ ဤအကြောင်းကို လျှောက်ထားကြ၏။
မြတ်စွာဘုရားလည်း ဤရဟန်းများ ထိုနေရင်း အရပ်မှာ လွှဲ၍ သဗ္ဗာယ ဖြစ်ရန် အခြားအရပ်မရှိဟု မြင်တော်မူ၍ ထိုအရပ်သို့ပင် ပြန်လည် နေကြရန် မိန့်တော်မူပြီးလျှင် ဤမေတ္တာသုတ်ကို ကမ္မဌာန်း အလို့ငှာ ၎င်း၊ အကာအကွယ် အရံအတား လို့ငှာ၎င်း သင်ကြားပေးတော် မူခဲ့၏။
ရဟန်းတော်များလည်း ပြန်လာကြပြီးလျှင် ဘုရားရှင်သင်ပေးညွှန်ကြားအပ်သည့်အတိုင်း မေတ္တာသုတ်ကို ရွတ်ဆိုလျက် မေတ္တာ ဘာဝနာ ကို ပွားများကြရာ နတ်များက ချစ်မြတ်နိုးကုန်လျက် ၀တ်ကြီးဝတ်ငယ်များကိုပင် ပြုလုပ် စောင့်ရှောက်ကြ၏။ ထိုရဟန်းတော်များလည်း မေတ္တာဘာဝနာ ကို ပွား၍ ထိုမေတ္တာတရားကို အခြေခံကာ ၀ိပဿနာ တရား အားထုတ်ခြင်းဖြင့် ၀ါတွင်းမှာပင် ရဟန္တာ အဖြစ်သို့ အားလုံး ရောက်ကြကုန်လျက် သီတင်းကျွတ်လပြည့် မဟာပ၀ါဒနာ နေ့၌ ၀ိသုဒ္ဓိ ပ၀ါဒနာ ကို ပြုကြရကုန်လေ၏။ ထိုမေတ္တာသုတ် ပရိတ်တော်ကား
၁။ ယဿာနုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ၊
ယဥှိစေ၀ါနုယုဉ္ဇန္တော ရတ္တိန္ဒိဝ မတန္ဒိတော။
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိဂုဏူ ပေတံ၊ ပရတ္တံ တံ ဘဏာမ ဟေ။
၃။ ကရဏီယမတ္ထ ကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝေစော စဿ မုဒု အနတိမာနီ။
၎။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။
သန္တိန္ဒြိယော စ နိပကောစ၊ အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။
၅။ န စ ခုဒ္ဒ မာစရေ ကိဥ္စိ၊ ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။
သုခိနော ၀ ခေမိနော ဟောန္တု၊ သဗ္ဗေသတ္တာ ဘ၀န္တု သုခိတ္တာ။
၆။ ယေ ကေစိ ပါဏဘူ တတ္ထိ၊ တသာ ၀ါ ထာဝရောဝ န ၀သေသာ။
ဒီဃာ ၀ါ ယေ ၀ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
၇။ ဒိဌာ ၀ါ ယေ၀ အဒိဌာ၊ ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူ တာဝ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ နံ ကိဉ္စိ။
ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။
၉။ မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗေဘူတေသု မာနသံ ဘ၀ယေ အပရိမာဏံ။
၁၀။ မေတ္တဉ္စ သဗ္ဗလောက သမိ၊ မာနသံ ဘ၀ယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္ဓ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။
၁၁။ တိဌံ စရံ နိသိန္နော ၀၊ သယာနော ယာဝတာ ဿ ၀ိတမိဒ္ဓေါ။
ဧတံ သတိံ အဓိဌေယျ၊ ဗြဟ္မ မေတံ ၀ိဟာရ မိဓ မာဟု။
၁၂။ ဒိဌိဉ္စ အနုပဂ္ဂမ္မ၊ သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနေယျဂေဓံ၊ နဟိဇာတုဂ္ဂ ဗ္ဘသေယျ ပုန ရေတိ။
မေတ္တသုတ္တံ နိဌိတံ။

အားလုံး အေးချမ်းကြပါစေ။
အစစ အရာရာ အဆင်ပြေကြပါစေ။

[+/-] အပြည့်အစုံသို့...