စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Tuesday, June 17, 2008

= ရင့်ကျက်ခြင်း =

ကြေကွဲနေတာလားတဲ့....
အသိတစ်ချက် ချွတ်ယွင်းခဲ့တာလေးကို၊
အားနည်းချက်ထဲ အစာသွပ်လိုက်ကြတယ်။
တစ်ခါတစ်လေဆိုတဲ့ စကားကို
အကြိမ်ပေါင်းများစွာ ရဲဝံ့ခဲ့ဖူးပြီပဲ။
နှလုံးသားမှာရခဲ့တဲ့ ဒီဒဏ်ရာတွေအတွက်...
ငိုကြွေးနေမယ် ထင်နေကြလား...။
အကြိမ်ပေါင်းများစွာ ကျင့်သားရပြီးသားပါ။
ခေါက်တွန့်ကြေနေတဲ့
ငါ့ရဲ့ဒီအချစ်ဇာတ်လမ်းတွေမှာ...
ငါ့အသဲတွေ အထပ်တစ်ရာမုန့်တစ်ချပ်လို၊
တစ်ထပ်ချင်း ခွာလို့တော့ရပါတယ်...။
ဒါပေမယ့်...ငါမကြေကွဲသေးဘူး။

[+/-] အပြည့်အစုံသို့...

ခေတ်ပေါ်မြန်မာကဗျာသစ်စီးကြောင်း....

ဒီနေ့မြန်မာကဗျာတွေကို ကြည့်ရင်း စီးကြောင်းသုံးသွယ်နဲ့စီးေ မျာနေတာ တွေ့ရပါတယ်။
(၁) ရှေးရိုးစဉ်လာကဗျာစီးကြောင်း(ဂန္ထ၀င်ကဗျာပုံသ ဏ္ဍာန်)
(၂) လွတ်လပ်ကာရန် ကဗျာစီးရေကြောင်း (တချို့က မိုးဝေကဗျာလို့ ဆိုကြပါတယ်။)
(၃) ဒီနေ့ ခေတ်ပေါ်မြန်မာကဗျာ သစ်စီးကြောင်းစတာတွေဖြစ်ကြပါတယ်။
ဒီအထဲ နောက်ဆုံးဖြစ်ပေါ် တိုးတက်လာနေတဲ့ ခေတ်ပေါ်မြန်မာကဗျာသစ်ကိစ္စ ကိုပဲ ဦးတည်ပြောချင်ပါတယ်။ခေတ်ပေါ်မြန်မာကဗျာသစ်ကို တချို့က 'မော်ဒန်' ကဗျာလို့ဆိုပြီး၊တချို့က ' ကာရန်မဲ့ကဗျာ ' လို့ဆိုကြ ပါတယ်။ Modern ဆိုတဲ့ စကားလုံးကို မြန်မာလို 'ခေတ်ပေါ်' လို့လည်း ပြန်ဆိုလို့ရပါတယ်။ ဒါပေမယ့် 'ကာရန်မဲ့ကဗျာ' ဆိုတာကိုတော့ ကျွန်တော်တို့ လည်း ဆန်းစစ်ဖို့လိုမယ် ဖြစ်ပါတယ်။ကာရန်မဲ့ကဗျာဆိုပြီး ကျွန်တော် စတွေ့မိတာက
ဆရာ ဒေါင်းနွယ်တွေရဲ့ 'ကဗျာပုလဲကုံး' ကဗျာစာ အုပ် ထဲက
‘ စောင်းသမား လေမုန်တိုင်း’ ကဗျာပါပဲ။
‘ မင်းနဲ့ငါ မတွေ့နိုင်တော့ဘူး အချစ်ရယ်။
လှေပျက်ခဲ့ပေါင်းလည်း များလှပါပြ
ီမုန်တိုင်းဟာ အရက်မူးနေတ
ဲ့ မျောက်သိုးရိုင်းကြီး လိုပါပဲကွယ်။
-------------------...........................
သူတေးဆိုနေသတဲ့ကွယ်
မောင်တော့၊ကမ္ဘာဆယ်ကု ဋေ
ကမ္ဘာအဆုံး မယုံနိုင်ဘူး မောင့်သဲရယ်’
ကဗျာရဲ့ အောက်ခြေမှာ ဆရာ ဒေါင်းနွယ်ဆွေက ဒီလို မှတ်ချက်ပေးထားပါတယ်။
(ကာရန် မပါသော ကဗျာနု စာညွန့်ဝတ္ထုကဲ့သို့ ရေးသားသီဖွဲ့အပ်သဖြင့်ထိုစပ်နည်းက
ို ‘ကာရန်မဲ့ကဗျာ’ ဟုစမ်းသပ်အမည် ပေးရခြင်း ဖြစ်လေသည်) တဲ့။
ဆရာဒေါင်းနွယ်ဆွေတို့ခေတ် (၁၉၅၀ လွန်စာပေ သစ်၊ကဗျာသစ်ခေတ်) က
တချို့ကဗျာ ဆရာတွေဟာ ကဗျာပုံ သဏ္ဍာန် အသစ်ဆန်းတွေကို စမ်းသပ်ခဲ့ကြ ပါတယ်။ (တီထွင်နိုင်ခြင်းတော့ မရှိခဲ့ကြပါဘူး။)
ဒါပေမဲ့ ဆရာ ဒေါင်းနွယ်ဆွေရဲ့ ဒီ ကဗျာကတော့ ကာရန်လုံးဝ မပါသလောက်ပါပဲ။
ဒီတော့ မြန်မာကာရန်မဲ့ ကဗျာအစ ဒေါင်းနွယ်ဆွေက လို့ပြောရမှာ ဖြစ်နေပါတယ်။
ဒါပေမဲ့ ဆရာ ဒေါင်းနွယ်ကိုယ်တိုင်က ဒီကာရန် မဲ့ကဗျာပုံသဏ္ဍာန် ကိုစမ်းသပ်ရုံသာ စမ်းသပ်ခဲ့ပြီး ကဗျာပုံသဏ္ဍာန် တစ်ခု အဖြစ် ဆုပ်ကိုင်ပြီး ဆက်လက်မရေးခဲ့ပါဘူး။ ဒီကဗျာတွေစတင်ဖြစ်ထွန်းခါစက ကျွန်တော်တို့ကဗျာလောကမှာ တော်တော်ကို လှုပ်ခက်သွားပါတယ်..။
ကဗျာဆရာတွေ အငြင်းပွားမှုတွေဖြစ်ကြပါသေးတယ်။
နောက်ဆုံးတော့ ခေတ်ပေါ်ကဗျာဟာ
တစ်ဖြည်းဖြည်းလူငယ်တွေကြား နေရာယူလာပါတော့တယ်။
(၀န်ခံချက်)----------ကဗျာဆရာကြီးများ၏ ဆောင်းပါးများကို လေ့လာပြီး မော်ဒန်ကဗျာ ၀ါသနာရှင်လူငယ်များ အတွက် ရေးလိုက်ပါတယ်ခမျာ.........

[+/-] အပြည့်အစုံသို့...

Saturday, June 7, 2008

မိုးတွေ ရွာတဲ့အခါ…..

Photobucket



မိုးရေ…

ဘယ်အငြိုးနဲ့ ရွာနေတာလဲဟာ..

မိုးရွာတာကို ချစ်တဲ့သူရှိသလို

မုန်းတဲ့သူတွေလည်း ရှိနေတယ်လေ...

ငါလည်း ဘာမှန်းမသိတဲ့ ခံစားချက်တခုနဲ့အတူ

မိုးရွာတာကို ထိုင်ကြည့်ရင်းနဲ့

ချစ်သူကို

တမ်းတစွာ လွမ်းမိတဲ့အခါတော့

ငါ ရင်ထဲမှာလည်း

အလွမ်းမိုးတွေရွာချနေခဲ့မိတယ်...

တချို့တချို့ဟာ

မိုးရွာတာကို မနှစ်သက်ပေမဲ့

ငါ့ရင်ထဲက ရွာနေတဲ့

အလွမ်းမိုးတွေကိုတော့

မဆုံနိုင်သေးတဲ့ ဘ၀တွေအတွက်

ငါကျေကျေနပ်နပ်ခံယူချင်ပါတယ် မိုးရယ်…

အရိပ်

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Sunday, June 1, 2008

*အကြင်နာတွေနဲ့ဖေးကူပါ*

နာဂစ်မုန်တိုင်း နဲ့ အတူ သေဆုံးသွားတဲ့ ဘ၀ တွေ ကျန်ရစ်သူ ဒုက္ခသည်တွေ အတွက်
လေးဖြူ၊ မျိုးကြီး၊ ဆုန်သင်းပါရ်၊ ဟယ်ရီလင်း စတဲ့ အဆိုတော်တွေတော်တော်များများ
ဝမ်းနည်းပက်လက် သီဆိုထားတဲ့ သီချင်းလေးတစ်ပုဒ်ပါ။



ပြဇာတ်တစ်ပုဒ်လို ခဏအချိန်လေးအတွင်းမှာ ငါတို့ရဲ့ဘ၀တွေ အဆုံးတိုင်
ပျောက်ကွယ်ပြီလား
ကြိုးစားပြီး အိုဆောက်တည်ခဲ့သမျှဟာ အခုတော့ နံဘေးမှာ ဖိတ်စဉ်ကြွေကျ
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာ အသစ်က စရမလား
ပိုင်ဆိုင်ခဲ့သမျှ ငါတို့ ဘ၀ဟာ မမြဲခြင်းတရားတဲ့လား

ဆုံးရှုံးခဲ့ပြီ လူ့အသက်ပေါင်းများစွာ မိသားစုများစွာ ကြိတ်ခါရှိုက်ငိုသံများ
နှလုံးသားထဲမှာ ပွင့်ဝေဆဲမေတ္တာ ပေးအပ်ဖို့ရာ လက်ခံမယ့်သူရှိမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
အန္တရာယ်ရေပြင်ကျယ်ကြီးထဲမှာ အချစ်နဲ့ဘ၀တွေ အဆုံးတိုင်ပျက်စီးသွား

(ဆုန်သင်းပါရ်) ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
(ဟယ်ရီလင်း) ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲအခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ

အမေပျောက်လို့လိုက်ရှာ ကလေးငယ်ပေါင်းများစွာ ငိုကြွေးလို့ဟစ်အော်
မိခင်ကြားနိုင်ပါ့မလား
အပြေးအလွှားလိုက်ရှာ အဖေ့ကိုလဲ မတွေ့ပါ ထွေးပိုက်ဖို့ရာ ဖခင်ကော ပြန်လာမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
မာယာအပြည့်နဲ့ မုန်တိုင်းအောက်မှာ တွဲလက်ဖြုတ်ကာ အဝေးဆုံးဝေးခဲ့ရ

ငါ့ရဲ့နှုတ်ခမ်းတွေ ရမ်းရောင်ခြောက်ကပ်လာ အသက်ဆက်ခွင့်ကို ရနိုင်ပါ့မလား
အသက်ပျောက်ခဲ့ပြီ ငှက်ငယ်လေးများမှာ ရုပ်ဝတ္ထုတွေ မျောပါမြစ်ပြင်အနှံ့အပြား
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာအသစ်က စနိုင်မလား..
သန်းခေါင်ယံညရဲ့ ဆုတောင်းများစွာ ပြည့်ဝခွင့်ဟာ အားလုံးရဲ့ အဖြေလား (အူး..
အားလုံးရဲ့အဖြေလား)

ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲအခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ

(လေးဖြူ) ဆုံးရှုံးခဲ့တဲ့ တို့ဘ၀တွေ အတူပြန်လည်တည်ဆောက်ကြမယ်
အနွေးထွေးဆုံးဒီအချစ်များနဲ့ အူး..
(မျိုးကြီး) ရင်ဆိုင်ကြဖို့ လက်တွေ အတူ.. တွဲထား အိုး ဘ၀တွေ
တစ်ခေါက်ပြန်လှစေဖို့ အတူတူဖြစ်စေရမယ် တို့ရဲ့လက်များနဲ့ (လက်များနဲ့)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ ရှင်သန်ဖို့ အခွင့်တွေဟာ
ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့်လက်များ ၀မ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ (အူး အချစ်နဲ့ဘ၀တွေ
နာကြင်ခြင်း)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ ရှင်သန်ဖို့ အခွင့်တွေဟာ
ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့် (တို့လက်များ) လက်များ ၀မ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ
နာကြင်အဖေါ်မဲ့ ဘ၀တွေ….

မကြီးပါချူး ပေးပို့ချက်အရ..


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Wednesday, May 28, 2008

ဘာကြောင့် ပိုးမွှားစက်ရုပ် တွေ တီထွင်ဖို့ လိုအပ်သလဲ။

ဤမေးခွန်း၏ အဖြေကို မစူးစမ်းမှီ တုပဇီဝဗေဒ ဟု ခေါ်သည့် Biomimetics ဆိုသော ဘာသာရပ် အကြောင်း စတင်ဆွေးနွေးရပေမည်။ Biomimetics ဆိုသော စကားလုံးသည် Bio ဟူသော ရှေ့ဆက်စကားလုံး နှင့် mimetic ဆိုသော ပင်မ စကာလုံး တို့ကို ပေါင်းစပ်၍ တည်ဆောက် ထားခြင်းဖြစ်သည်။

Bio ဟူသော ရှေ့ဆက်စကားလုံးသည် သက်ရှိအရာများ ကို ကိုယ်စားပြုသည်။
Mimetic သည် တစုံတခုအားတုပသည် ဟု အဓိပ္ပာယ်ဆောင်သော mimic ဆိုသည့် စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်သည်။

ထို့ကြောင့် Biomimetics ဆိုသည်မှာ သက်ရှိတို့၏ ခန္ဓာကိုယ် ယန္တရား တည်ဆောက်ပုံ၊ ဖွဲ့စည်းတည်ရှိပုံ၊ အလုပ်လုပ်ကိုင်ပုံ စသည့် ဖြစ်စဉ်များကို တုပလုပ်ဆောင်နိုင်သော သက်မဲ့ စက်ရုပ်များတီထွင်အသုံးချခြင်း ဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပေသည်။ ထို့ပြင် ၎င်းတို့နှင့် ပတ်သက်သည့်အကြောင်းအရာ များကို လေ့လာသော ဘာသာရပ် ဟုလည်း အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပေသည်။

အတိုချူပ်အားဖြင့် Biomimetics အား တုပဇီဝဗေဒ ဟု အဓိပ္ပာယ် ဖွင့်ဆို နိုင်ပေသည်။

Robotics စက်ရုပ်ဗေဒ အား Biomimetics တုပဇီဝဗေဒ ၏ ဘာသာခွဲ တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ စက်ရုပ်ဗေဒ ဟု ပြောဆိုရာတွင် လူသားတို့ ကို တုပ၍ လူသားတို့၏ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပေးစွမ်းနိုင်သော စက်ရုပ်များ တီထွင်အသုံးပြုခြင်း ဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပေသည်။

ထိုသို့ တီထွင်သုံးစွဲရာတွင် အကြီးမားဆုံးသော စိန်ခေါ်မှုမှာ လူတို့၏ တွေးခေါ်မှု ဥာဏ်ရည် ကို စက်ရုပ်များ၏ မှတ်ဥာဏ်တွင် မည်ကဲ့သို့ ထည့်သွင်းသုံးစွဲမည်နည်း ဟူသော မေးခွန်းပင်ဖြစ်သည်။
ဥပမာ-
မြန်နှုန်းမြင့် ပရော်စက်စာ များ အသုံးပြု၍ ပုံမှန် လမ်းကြောင်းအတိုင်း သွားစေရန် ခိုင်းစေထားသော လမ်းလျှောက်စက်ရုပ်သည် သူ၏ လမ်းကြောင်းတွင် အုတ်ခဲ ကဲ့သို့သော အဟန့်အတားများတွေ့ရှိပါက မည်သို့ တုန့်ပြန် ကျော်လွှားသွားမည်နည်း။ ထိုကဲ့သို့သော အခြေအနေမျိုးကို စက်ရုပ်လူသားက ကျော်လွှားသွားနိုင်စေရန် မည်သို့သော အထူးအမိန့်များ ထည့်သွင်း စေခိုင်းမည်နည်း။ ဤနေရာတွင် လမ်းလျှောက်နေသော လူသားတယောက်၏ ဦးနှောက်သည် လမ်းလျှောက်နေစဉ် အဟန့်အတားများတွေ့ရှိပါက မည်သို့ တုန့်ပြန်၍ ခြေ၊လက်များကို မည်သို့ ခိုင်းစေသည် ကို ရှေးဦးစွာ လေ့လာရန် လိုအပ်ပေမည် ။ လေ့လာတွေ့ရှိချက်များအပေါ် မူတည်၍ စက်ရုပ်များကို လိုအပ်သလို ပရိုဂရမ်များ ဖြည့်စွက် ထည့်သွင်း ခိုင်းစေရမည် ဖြစ်သည်။ သို့ရာတွင် ထိုသို့ လေ့လာ၊ပရိုဂရမ်သွင်း၊အမိန့်ပေးခိုင်းစေ ရမည်မှာ ခက်ခဲနိုင်သကဲ့သို့ တွေ့နိုင်ခြေရှိသော အဟန့်အတား အခြေအနေများသည်လည်း အမျိုးမျိုးကွဲပြားနိုင်ပေသည်။ ထို့ကြောင့် အခက်အခဲအမျိုးမျိုးကို ကျော်လွှားနိုင်သော စက်ရုပ်များတီထွင်ရာတွင် ကုန်ကျစရိတ် အဆမတန် မြင့်မားနိုင်သကဲ့သို့ အချိန်ကြာမြင့်ကာ လိုအပ်သလောက် ထိရောက်နိုင်မည် မဟုတ်သည်မှာ ထင်ရှားလှပေသည်။
ထိုအခက်အခဲ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် သိပ္ပံပညာရှင်များ စုပေါင်း စဉ်းစား အဖြေရှာနေသည်မှာ ကြာမြင့်ပြီဖြစ်သည်။ နောက်ဆုံးရရှိသည့် အသင့်တော်ဆုံးသော အဖြေမှာ Insect Robot ဟုခေါ်သော ပိုးမွှားစက်ရုပ်များတီထွင်အသုံးချရန်ပင် ဖြစ်သည်။ ပိုးမွှားစက်ရုပ်များကို ရွေးချက် ရန် ဆုံးဖြတ်ရသော အဓိက အကြောင်းအရင်းများမှာ
၁။ ပိုမွှား အင်းဆက်များသည် လူကဲ့သို့ မြင့်မားသော ဦးနှောက်၊ဥာဏ်ရည်မရှိသော်လည်း လူ့ထက်သာလွန်သော ပျံသန်းခြင်း၊ နေရာ များကို တိကျစွာ မှတ်သားနိုင်ခြင်း စသည့် ၀ိသေသများ ရှိနေခြင်း၊
၂။ အဟန့်အတားများ၊ အခက်အခဲများ နှင့် တွေ့ကြုံသောအခါ လိုအပ်သလို ယိမ်းနွဲ့ လုပ်ရှားနိုင်သော ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ ရှိခြင်း
တို့ပင် ဖြစ်ပေသည်။
ထိုကြောင့် လိုအပ်သော အသုံးပြုမှု များအတွက် ပိုမို နိမ့်သော မှတ်ဥာဏ်တု နှင့် ပိုမို ယိမ်းနွဲ့၍ အခြေအနေ၏တောင်းဆိုချက်အရ လိုအပ်သလို ပြုပြင်ဖွဲ့စည်းနိုင်သော ခန္ဓာကိုယ် ရှိသော စက်ရုပ်များကို တည်ဆောက်လိုပါက ပိုးမွှားများကို တုပရမည်ဖြစ်ပေသည်။
အထက်ပါ ဆွေးနွေးခဲ့သော အချက်များကို အခြေခံပြီး ပိုးမွှားစက်ရုပ်များကို စူးစမ်းလေ့လာ၊အဖြေရှာ၊သုတေသန ပြု၍ ကမ္ဘာတွင် စတင်တည်ဆောက် အသုံးပြုနေပြီဖြစ်သည်။ ထို့ကြောင့် တုပပိုးမွှားဗေဒသည် ယနေ့အချိန်တွင် အလွန်တက်ကြွသော သုတေသန နယ်ပယ် တစ်ခုအဖြစ် ရပ်တည်လျက်ရှိပေသည်။
သို့ဖြစ်ပါ၍ မြန်မာပြည်သူ၊ပြည်သားများ ဗဟုသုတ အလို့ငှာ အတွေးနယ်ချဲ့နိုင်စေရန် တုပပိုမွှားဗေဒ ၏ အခြေခံ သဘောတရားများကို မိတ်ဆက် ဆွေးနွေးလိုက်ရခြင်းဖြစ်ပေသည်။

စာကိုး
၁။ The Buzz about Insect Robots, Web Source: http://www.science.org.au/nova/084/084print.htm
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

နာဂစ် တရား

နာဂစ်လေဘေးအတွက် မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင်ကောဝိဒ ဆရာတော်ဘုရားက မတည်အလှူငွေ ကျပ်သိန်းငါးရာ ထည့်ဝင်ပြီး ကိုယ်ချင်းစာ စေတနာ ထားသူများကို စုပေါင်းလှူတန်း နိုင်ရန်အတွက် အလှူခံတရာပွဲ နှစ်ညတိုင်တိုင် ကျင်းပခဲ့ပါတယ်။ အနတ္တလည်း တစ်ရက်သွားနာဖြစ်ပါတယ်။ ဆရာတော်ဘုရားက အဓိကထားပြီး ဟောသွားတဲ့အကြောင်းလေးကို အနတ္တ မှတ်မိသလောက်ကလေး ပြန်ပြီး ရှယ်ယာလုပ်ပေးချင်လို့ပါ။ ဆရာတော်ဘုရား တရားပွဲ မကျင်းပခင်တုန်းကတော့ ဒီပို့ကို စိတ်မီးအိမ်ကနေ တင်ပြီး မိတ်ဆွေတွေကို ကြိုတင်အကြောင်းကြားမလို့ပါဘဲ။ ဒါပေမယ့် အခြေအနေက တင်ပြဖို့ အခွင့်အရေးမရတာနဲ့ပဲ အခုလိုအချိန်နောက်ကျပြီးမှပဲတင်ဖြစ်တော့တယ်။ အဲဒါကြောင့် ယခင်တင်မဲအကြောင်းအရာအစား အခုဆရာတော် ဟောကြားသွားတာလေးကို သိသလောက် အရပ်စကားနဲ့ ပြန်ပြော ပြပါရစေ...... အဲဒါကတော့ နံပါတ်( ၁ ) သစ်ပင်ကြီးလည်း မလဲစေနဲ့
နံပါတ်( ၂ ) ထုံးအိုးကြီးလည်း မကွဲစေနဲ့
နံပါတ်( ၃ ) မြစ်ကြီးတွေလည်း မခမ်းစေနဲ့
ဆိုတာပါပဲ။ အဒီအကြောင်းကို နောက်နေ့မှပဲ ဆက်ပြောကြည့်မယ်လေ။
အခုနည်းနည်းပြောချင်တာက အဲဒီနေ့မှာပဲ ဆရာတော်ဘုရားကပြောသွားပါသေးတယ်။ သူလည်း မုန်တိုင်ဖြစ်နေတုန်း ဖျာပုံဘက်ကရွာတစ်ရွာမှာ တရားပွဲတစ်ခုရှိလို့သွားပြီး နောက်တရာပွဲကိုမသွားခင် မိုးလေဝသဌာနကို ဖုန်းဆက်ပြီးမေးတော့ အရှင်ဘုရား မုန်တိုင်းက ပင်လယ်ပြင်ကနေ ဦးတည်ပြီးလာနေပါပြီ ဘုရားတဲ့ အရှဘုရား သွားမယ့်ခရီးကို ဆက်မသွားရင် ပိုမိုသင့်တော်ပါတယ်ဘုရား ဆိုပြီး လျှောက်ထားသတဲ့။ အဲဒီတော့ ဆရာတော်ကလည်း အလှူ့ဒါကာကို အကျိုးအကြောင်းပြောပြတော့ အလှူ့ဒါကာက တပြည့်တော် ဆရာတော်ဘုရားတရားပွဲကိုလုပ်ချင်လွန်းလို့ စပါးရေင်းပြီးမှ လုပ်တာပါဘုရားဆိုပြီး ငိုယိုလျှောက်ထားလို့ စက်လှေနဲ့ သူတို့ရွာကို လိုက်သွားသတဲ့ ဆရာတော်တို့စက်လှေလည်း လမ်းတဝက်လောက်ရောက်ရော မုန်းတိုင်းနဲ့တိုးပါလေရောတဲ့ဗျာ...... စက်လှေဆို လူးလှိမ့်နေတာ ပြောကိုမနေနဲ့ဆိုပဲ ပါလာတဲ့သူတွေဆိုရင်လဲ အရမ်းကြောက်နေကြတာပဲတဲ့လေ။ အဲဒါနဲ့ ဆရာတော်က လှေဦးမှာထိုင်ပြီး တရားတော်ကို ရွတ်မယ် နောက်ကလိုက်ရွက်ကြလို့ဆိုပြီး ကြောက်ကြောက်နဲ့ လိုက်ရွတ်လိုက်ကြတာ မုန်တိုင်း နည်းနည်းလေးဆဲသွားမှပဲ သက်ပြင်းချနိုင်ကြတယ်တဲ့လေ ကံကောင်းလို့မသေကြတာဆိုပဲ။ ဆရာတော်ဆိုလိုချင်တာကတော့ ကို့လောက်မှ လေ့လာမှုမရှိတဲ့သူ မသိတဲ့သူတွေကပြောတာကို အားနာလို့ လိုက်လျောမိပါတာ ကံကောင်းလို့မသေတယ်တဲ့။ အဲဒါကြောင့် အခြေအနေ အကျိုးအကြောင်းကို စဉ်ချင်ပြီးမှ လုပ်ကြပါတဲ့ အားနာလို့တော့ မလိုက်ရောမိပါစေနဲ့ဆိုပဲလေ။ နောက်နေ့မှပဲဆက်ရအောင်နော်................
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Friday, May 23, 2008

“သံယောဇဉ် ”




ဖိုးလှသခင် ကျောင်းတော်ရိပ်တွင်

တွေ့ကြစဉ်ခိုက် ခင်တွယ်လိုက်မိ

ဖြူစင်သည့်ကြိုး ပျောင်းနွဲ့ပိုးချည်

ရင်မှာတည်လျှက်…..

နေခဲ့ရက်ကြာ အချိန်ညောင်းလို့

မေ့တော့မှာလား ………?

အပင်ချိုးသော် အခက်ဝေ၍

အခက်ချိုးလျှင် အညွှန့်ဖြာသော

သံယောဇဉ်သဘောကို

စစ်ဆေးတွက်ဆ သိတတ်ပါက

ကမ္ဘာတည်သရွေ့

တို့တတွေ မမေ့ကြေးနော်……

အရိပ်

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...