စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Friday, May 23, 2008

ခိုလှုံရာ နေရာမှန်

စန္ဒကူးသစ်ပင် အ၀ါ သို့မဟုတ် အနီ၏ အနံ့ကို စမ်းသပ်မိသူ ယောက်ျားသည်၊
အမြစ်၊ပင်စည်၊အကိုင်းအခက် နေရာအားလုံး၌ တူညီဆွတ်ပျံ့သော အမွှေးနံ့ကို ရသကဲ့သို့၊
ဗုဒ္ဓမြတ်စွာ၏ မည်သည့် ဓမ္မတရားတော် အစိတ်အပိုင်းကိုမဆို နာခံခွင့်၊ကျင့်သုံးခွင့် ကြုံရသူသည်
စိုးရိမ်ပူပန်မှု၊ ၀မ်းနည်းမှု၊ ဒုက္ခခံစားရမှု၊ ပူဆွေးသောကဖြစ်မှု၊ စိတ်အလိုမကျ၊အလိုမရမှု တို့မှ
ကင်းဝေးလျက် ကိုယ်၊စိတ် အေးချမ်းမှုကို ရရှိနိုင်ပေသည်။
သို့ဖြစ်ပါ၍ ပုထုဇဉ် အို ယောက်ျား၊ အို မိန်းမတို့ ယနေ့မှစ၍ ဘုရားရိပ်၊တရားရိပ်၊သံဃာအရိပ်၌ ခိုလှုံ၍ အေးချမ်းရာ ရှာကြပေလော့ [၁] ။

စာကိုး
[၁]။ Ven. S. Dhammika, Daily Readings from the Buddha’s Words of Wisdom, Buddha Dharma Education, Association Inc. , ISBN 981/00/1302/7, 1989, p114 - 115.
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

----နွေအိမ်မက်---

>နွေရောက်လာပြန်ပြီ....
>
> ကျွန်တော်ဟာ ရွက်ခြောက်တွေကြွေနေတဲ့.....
>
> ရိုးတံပြတ်လမ်းမထက် အရင်လိုလျှောက်မြဲ။
>
> ဟိုး တောင်တန်းပြာပြာတွေပေါ်က
>
> ကောင်မလေးတစ်ယောက်ကို လွမ်းမောဆဲ....
>
> အမှည့်လွန်နေတဲ့ လေနီကြမ်းတွေထဲမှာ
>
> ကောင်မလေးတစ်ယောက်ကို ထပ်တူပြုပြီး
>
> အရင်လို သီချင်းတွေ မသစ်နိုင်တော့။ ။
>
> အရင်နွေတွေတုန်းက.....
>
> ရွှေရောင်ညနေခင်းမှာ ပျော်ခဲ့ဖူးတဲ့...
>
> ကောင်မလေးရဲ့ဆံနွယ်စတွေ
>
> ကျွန်တော် ဘာသာပြန်မတတ်ခဲ့တဲ့ သူမအပြုံးတွေ....
>
> အလွမ်းရဲ့ နိမိတ်ကိုဖေါ်ပြတဲ့ သူမမျက်လုံးအကြည့်တွေ...
>
> ပြီးတော့ သူမချန်ထားရစ်ခဲ့ခြေရာများ.....
>
> အရင်လို ကျွန်တော်လွမ်းနေရဦးမယ်....။
>
> သစ်ရွှက်တွေ ကြွေနေတုန်းပဲ.....
>
> ဟိုးတုန်းကတော့ ဒါတွေဟာ သိပ်လှတဲ့ကဗျာတစ်ပုဒ်ပေါ့၊
>
> ခုတော့.....
>
> နေ၀င်ချိန်တွေကို ကျွန်တော်နောက်ပြန်လှည့်ကြည့်ရဦးမယ်။

[+/-] အပြည့်အစုံသို့...

Thursday, May 22, 2008

မိတ်ဆွေကောင်း

မိတ်ဆွေကောင်းကို

လိုအပ်ချိန် ကူညီသူ၊

ဝမ်းနည်း၊၀မ်းသာ နှစ်ချိန်လုံးမှာ ကိုယ့်အနားရှိနေသူ၊

အကြံကောင်းပေးတတ်သူ၊

ကိုယ်ချင်းစာ နားလည်တတ်သူ၊

လို့ ဗုဒ္ဓတရားတော် မှာ အဓိပ္ပာယ်ဖွင့်သည် [၁]။

မိတ်ဆွေကောင်းဖြစ်ရန် လွယ်ကူပါသလား။ စာရှုသူ မိတ်ဆွေ မည်သို့ ထင်သည်မသိ။

စာရေးသူအဖို့ မိတ်ဆွေကောင်းဖြစ်နိုင်ရန် ခဲယဉ်းသည်ဟု ထင်မိသည်။

အတန်တန် သတိထားသည့်ကြားမှ သတိလွတ်ထွက်သွားချိန် ခဏလေးအတွင်း သူငယ်ချင်းတစ်ယောက်ကို မှားယွင်းစွာ ဆက်ဆံခဲံ့မိဖူးသည်။ ယမန်နေ့က အလုပ်တွေများနေ၍ စိတ်ဖိစီးနေချိန် သူငယ်ချင်းတစ်ယောက် ဖုန်းဆက်၍ သူလိုချင်သည်များ ဆွေးနွေးသည်။ မိမိအလုပ်များနေချိန်၊စိတ်ဖိစီးနေချိန် အလိုက်မသိပဲ လာမေးလေခြင်း ဆိုသည့် မိမိအတ္တစိတ်ကြောင့် သူ့ကို အော်မိသည်။ ပြီးမှ မှားမှန်းသိ၍ တောင်းပန်ရသည်။ သြော် သူမှ ကိုယ်အလုပ်များနေတာ မသိတာ ဟူ၍ ပြန်တွေးမိလာသည်။

မိတ်ဆွေကောင်းဖြစ်ဖို့ဆိုတာ မလွယ်ပါလား။

ကောင်းတမန်

စာကိုး

[၁] Ven. S. Dhammika, Daily Readings from the Buddhas Words of Wisdom, Buddha Dharma Education, Association Inc. , ISBN 981/00/1302/7, 1989, p-103.

[+/-] အပြည့်အစုံသို့...

Monday, May 19, 2008

ရုပ်ဝထ္တုပြင်ပမှာ ပျော်စရာ ရှာ



မိတ်ဆွေ .....
သင်၏ ပျော်ရွှင်မှူ့သည်
ပတ်ဝန်းကျင် ရုထ္တုများ အပေါ်တွင် မူတည်နေပါသလား..။
သို့ဆိုလျှင် ...
သင်၏ ပျော်ရွှင်မှူ့ ကို သင် မထိန်းချုပ်နိုင်ပေ ..။
သင်၏ ပျော်ရွှင်မှူ့ တည်တန့်စေရန်အတွက်
ရုပ်ဝထ္တုပြင်ပမှာ ပျော်စရာ ရှာပါ...။

ရုထ္တုဟုဆိုရာတွင် လူသည် ....
ပျော်ရွှင်မှူ့ကို ..
အလွယ်တကူ ပေးစွမ်းနိုင်ဆုံး နှင့်
အနှောက်ယှက်နိုင်ဆုံးသော ရုထ္တုဖြစ်ပါသည်..။

ခိုင်မြဲ

[+/-] အပြည့်အစုံသို့...

Saturday, May 10, 2008

နားလည်မှု…….





ဖွင့်မပြောခဲ့ပေမဲ့

နားလည်မှုတွေနဲ့

မင်းကိုငါချစ်ခဲ့မိတယ်….

အဝေးမှာရှိနေပေမဲ့

နားလည်မှုတွေနဲ့

မင်းကိုငါလွမ်းနေဦးမယ်……

မပိုင်ဆိုင်ရသေးပေမဲ့

နားလည်မှုတွေနဲ့

မင်းကိုငါယုံကြည်မျှော်လင့်နေဦးမယ်…..

ဒီလိုနဲ့ပဲ..

တဘ၀လုံးအတွက်

နားလည်မှုတွေနဲ့

မင်းအနားမှာ

လက်တွဲချင်မိတယ်…..

အရိပ်

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Monday, May 5, 2008

Photobucket...
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Thursday, May 1, 2008

ထာဝရ သူငယ်ချင်း….




မထင်မှတ်တဲ့ ဆုံဆည်းမှုအတွက်

တခဏတာ တွေ့ဆုံရလည်း

ထာဝရ ခင်မင်နေမှာပါ

သူငယ်ချင်း……

မမျှော်လင့်တဲ့ ကံတရားအတွက်

ဝေးတမြေခြားခွဲခွာရလည်း

လွမ်းဆွတ်တမ်းတနေမှာပါ

သူငယ်ချင်း…………….

ဆုံနိုင်ခွင့် မရှိတော့တဲ့အခါ

ဟင်းလင်းပြင် နှလုံးသားမှာ

ရင်ခုန်သံခြင်း ထပ်တူကျလို့

ခံစားချက်တွေ မျှဝေရင်း

ဖြူစင်ခြင်း ခွန်အားတွေနှင့်

လွမ်းနေမှာပါ

ထာဝရ သူငယ်ချင်း…..

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...