စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Sunday, January 20, 2008

"လိပ်ပု အမှတ်တရ"

အမှတ်တရ

နှောင်ကြိုးတွေမသီမှီ မခင်ခဲ့ရရင်ဖြင့်
ရင်ထဲဝေဒနာ မခံစားရတော့ဘူးပေါ့
ခုတော့ရင်မှာ
ဖြတ်လို့မရ သံယောဇဉ်တွေ
တွယ်ခဲ့ပြီးကာမှ
ခွဲကြရမယ်ဆိုတော့
သူငယ်ချင်းရယ်
ရင်ထဲဝေဒနာ ကြေငြာလို့တော့မပြချင်ဘူး
ဒါပေမယ့်လေ
ရင်ထဲမှာတော့ ကျွမ်းမြေ့ကြေကွဲ ။

လိပ်ပု

အိမ်ကိုပြန်ရောက်တော့ သတိတရရှိတာနဲ့ ကျောင်းတုန်းက သူငယ်ချင်းတွေ ရူးခဲ့ကြတဲ့ စာအုပ်ကလေးကို ပြန်ရှာကြည့်တာ မတွေ့ဘဲ အော်တိုစာအုပ်ကလေးတွေ့တာနဲ့ အဲဒီအထဲက သူငယ်ချင်းလိပ်ပု ရဲ့ ကဗျာလေးတွေ့တာနဲ့တင်ပေးလိုက်တာပါ။ သူငယ်ချင်းအားလုံးပြန်လည်နုပျို လန်းဆန်းလာအောင်လို့ပါ။

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Thursday, January 17, 2008

“ ယဉ်ကျေးသိမ်မွေ့ပါ ”



ယဉ်ကျေးသိမ်မွေ့ပါ။
ဘယ် အချိန် မဆို.....
ဘယ်နေရာမဆို....
ဘယ်သူနှင့်မဆို.....
ယဉ်ကျေးသိမ်မွေ့ပါ၊ ထိုသို့ ပြုလုပ်သည့် အတွက်
အများဆုံး အကျိုးခံစားရမည့်သူ မှာ
သင်..သာလျှင်ဖြစ်သည်ကို သတိရပါ ။.....။

ခိုင်မြဲ

[+/-] အပြည့်အစုံသို့...

“ ချစ်တင်းနှောပါ ”


“ ချစ်တင်းနှောပါ ”
ချစ်တင်းနှောခြင်းကြောင့် ရရှိလာသော
ပြေလျော့ မှူ အဆင့်ဆင့် ကို သိနေပါ။
ချစ်တင်းနှောခြင်းသည်.......
အကောင်းဆုံး လေ့ကျင့်ခန်း ဖြစ်သည်ကို
သင် သိလာပါလိမ့်မည် ။.....။

ခိုင်မြဲ

[+/-] အပြည့်အစုံသို့...

ကဗျာမျက်နှာ

အတွေးတွေးတိုင်း မင်းအကြောင်းပဲ နှလုံးသားထဲမှာစွဲ
ဖြတ်မရတဲ့ကြိုးတစ်စလို နှောင်ကြိုးက ခိုင်မြဲ
နှင်းဖွေးဖွေး လမ်းထဲ လှမ်းရသလိုပဲ
အေးမြတဲ့ အချစ်မျက်နှာ ကဗျာလေးတစ်ပုဒ်ပါပဲ

အိုး(၀ိုး)၃ သွေးကြောစိမ်းများ ယှက်ဖြာသွယ်ခဲ့ ပွင့်ဖတ်နုတ်ခမ်းများဝတ်လွှာလေးသဖွယ်
နန်းထိုက် ပန်းမကိုဋ် အလှတော်ဝင်တဲ့ အချစ်နတ်ဘုရားရဲ့ စေတမာန်ပါပဲ

စိတ္တဇရဲ့ အချစ်လိပ်ပြာ မင်းအနားရစ်ဝဲ
ပြုံးလိုက်တဲ့မင်းအလှ ဟာပန်းချီကားတစ်ချပ်ပါပဲ
တရွေ့ရွေ့ နဲ့ တဖြည်းဖြည်း နဲ့လှမ်းလျှောက်လာတဲ့
ခြေလှမ်းတလှမ်း ရဲ့ အဖိုးအခဟာ ကုဋေတစ်သန်း မက တန်တယ်

အိုး(၀ိုး)၃ သွေးကြောစိမ်းများ ယှက်ဖြာသွယ်ခဲ့ ပွင့်ဖတ်နုတ်ခမ်းများ ၀တ်လွှာလေးသဖွယ်
နန်းထိုက် ပန်းမကိုဋ် အလှတော်ဝင်တဲ့ အချစ်နတ်ဘုရားရဲ့စေတမာန်ပါပဲ- - -- - - -- --

[+/-] အပြည့်အစုံသို့...

Tuesday, January 8, 2008

“ မြို့ပြမှ ထွက်ခွာပါ ”



မြို့ပြမှ ထွက်ခွာပါ ....
ရွေ့လျှားနေသော ယာဉ်တန်းများ ကိုမြင်ရခြင်းထက်
ကျေးလက်ရှူမျှော်ခင်းများကို ကြည့်ရှူ ရခြင်းက
ကိုယ်စိတ်ဖိစီးမှူကို ပြေပြောက်စေသည်။
ထို့ကြောင့် ....
ကျေးလက်သို့ မကြာမကြာသွားပါ။

ခိုင်မြဲ




[+/-] အပြည့်အစုံသို့...

Sunday, January 6, 2008

"သစ်ပင်မဲ့လျှင် ဥယျာဉ်တွင် လွန်ပင်ပျင်းရိစရာ"

ထုံးမဲ့ကွမ်းယာ ဆားမပါ ဟင်းလျှာစားဖွယ်မျိုး
အတတ်ချို့တဲ့ ပျို့တေးဘွဲ့ ဖွဲ့နွဲ့ကဗျာချိုး
ဥစ္စာမဲ့လင်း တန်ဆာဆင်း ဆင်ချင်းတပါးတိုး
ဤလေးမျိုးမှာ အရသာ မှန်စွာမရှိရိုး

ဆိုတဲ့အတိုင်းပဲ ဥယျာဉ်မှူးတွေ သစ်ပင်လေးတွေလာမစိုက်ကြတော့ ဥယျာဉ်ထဲ လျှောက်လည်ရတာကလည်း ပေါ့ပျက်ပျက်နေသလိုခံစားမိတယ်ဗျာ။
(သစ်ပင်မဲ့လျှင် ဥယျာဉ်တွင် လွန်ပင်ပျင်းရိစရာ။)

တံခွန်မရှိတဲ့ ဘုရား
အလံမရှိတဲ့ ရထား
ကြာမရှိတဲ့ ကန်

ဟာ မတင့်တယ်သလိုပဲ ဥယျာဉ်မှူးတွေ မရှိတဲ့ စိတ်မီးအိမ်ကလည်း တင့်တယ်မှု ကင်းမဲ့နေသလို အမိမဲ့သား၊ ရေနည်းငါးပမာ ခံစားမိတယ်ဗျာ။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Thursday, January 3, 2008

MIND WASHING 4

အမှတ်မှားကို သန့်စင်ခြင်း

အနတ္တ အရင်တုန်းက စိတ်ထဲမှာ ထင်မှတ်ထားတာလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ လူအပါအဝင် သတ္တဝါတွေဟာ သေပြီးရင် နောက်ဘဝမှာ ကိုယ်ပြုလုပ်တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံ တွေကတပါတည်းလိုက်ပြီး အကျိုးပေးတယ်။ ယခုဘဝ သေသွားတဲ့အခါမှာ အသက်ဝိညာဉ် ကလေးက နောက်ခန္ဓာ တစ်ခုမှာ သွားပြီးကိန်းအောင်းပြီး ဘဝအသစ်စတယ်ဆိုပြီးတော့ မှတ်ထင်ထား ပါတယ်။ လောက်လန်းသဖွယ်လိုပေါ့ ဒီဘက်အဖျားလေးကနေ ထောက်ပြီး ဟိုဘက်အဖျားလေး ထိလိုက်တာနဲ့ ဒီဘက်အဖျားလေးကို လွှတ်ပေးလိုက်သလိုမျိုး ဒီဘဝရဲ့ အသက်ဝိညာဉ်လေးကလည်း ဘဝ တစ်ခုနဲ့ တစ်ခုကူးပြောင်းတယ် ဆိုပြီးတော့ ထင်မှတ်ထားပါတယ်။ ဒါပေမယ့် ဆရာဆန်လွင် (အရှင်အာဒိစ္စရံသီ) ရဲ့ ဗုဒ္ဓဘာသာ သံသရာခရီးသည်အတွက် ပထမထွက်လမ်း ဆိုတဲ့ စာအုပ်ကိုဖတ်ပြီးတော့မှပဲ အနတ္တမှတ်ထားတာက သဿတဒိဋ္ဌိ စွဲ မှတ်ထားပါလားဆိုတာကို သိလိုက်ရပါတယ်။ ဆရာဆန်လွင်ရဲ့ စာသားအတိုင်း အနည်းငယ် ဖော်ပြပြီး အမှတ်မှားကို သန့်စင်ပါရစေ……………
>>> ဒီဘဝက ငါလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကို နောင်ဘဝကျရင် ငါပဲ စံစားရမယ်။ ခံစားရမယ်လို့လည်း စွဲလမ်းယုံကြည်ကြတယ်။…..
"ကမ္မဘဝ ပစ္စယာ ဇာတိ” ဆိုတာကြောင့် ဒီဘဝမှာ စုတိစိတ် ကျတဲ့အခါ ရုပ်ရောနာမ်ရော ချုပ်တာ မှန်ပေမယ့် ကံက နောက်ဘဝကို လိုက်ပြီး ပဋ္ဋိသန္ဓေကို တည်ထောင်ပေးတယ်လို့ ယုံကြည်ကြပြန်တယ်။……..
ကံက ပဋ္ဋိသန္ဓေကိုလုပ်သည်။ ဒါဖြင့် ကံကလေးက ပဋ္ဋိသန္ဓေကို သွားလုပ်သလား။ သူကကော မပျက်ဘဲ လုပ်နိုင်သလား လို့ မေးလို့ရှိရင် မချုပ်ဘဲနဲ့ ဒီကံကလေးက သွားပြီး သာကာလ ခန္ဓာအိမ်ကလေး ဆောက်ပေးနေတယ်။ ဒီလို ယူတဲ့ အယူဟာ သဿတဒိဋ္ဌိ။ ကံလိုက်တယ်လို့ယူတဲ့ အယူဟာ သဿတဒိဋ္ဌိအယူ။…………….
ဘုရာသခင် ကိုယ်တော်မြတ်ကြီးက ဟေ့ တိုက်ရိုက်ယူရတဲ့ နေရာလည်းရှိတယ်ကွ။ ဆောင်ပြီးယူရတဲ့ နေရာလည်း ရှိတယ်ကွ။ ဒီနှစ်ခုကို မညှိတတ်ရင် ဒိဋ္ဌိဖြစ်တယ်။ (နှာ-၄၇၉)…………..
သဗ္ဗေ သင်္ခါရာ အနိစ္စာ ဆိုသောကြောင့် သူလည်းဖြစ်ပြီး ပျက်ပဲ။ ကံကြောင့် ပဋ္ဋိသန္ဓေ နေတယ်ဆိုတာကိုလည်း ဘုန်းကြီးက မငြင်းပါဘူး။ စေတနာက နာမ်၊ သူခိုင်းလို့ လုပ်တာက ရုပ်ကြီး။ လှူတယ်တန်းတယ်ဆိုတာ နာမ်ကလုပ်တာ။ နာမ်ရုပ်က လုပ်ပြီး လုပ်တဲ့နေရာမှာတင် ချုပ်တာပဲ။ ကမ္မဘဝပစ္စယာ ဇာတိလို့ ဘုရားက ဘာကြောင့်ပါလိမ့်။ ကြောင်းကျိုးဆက်ပေးလို့ ပထမနာမ်ရုပ်ကတော့ လုပ်ပြီး ချုပ်သွားတယ်။ ချုပ်တော့ ချုပ်တယ်။ ဒါပေမယ့် သူ့သတ္တိက နာမ်ရုပ်အကြောင်းကြောင့် နာမ်ရုပ်အကျိုး မပေါ်ဘူးလား။ (နှာ-၄၈၁) အရင်လုပ်တဲ့ ရုပ်နာမ်ကလုပ်တာလား။ သူက ချုပ်သွားပြီး။ ဒါဖြင့်ဘယ်သူလုပ်တာလဲ။ အကြောင်းချုပ်လို့ ရှိရင် အကျိုးသတ္တိက ဒီနေရာတွင်ချုပ်တယ်။ သူလဲ အနိစ္စပဲ။ မမြဲဘူး။ နောက်ပဋ္ဋိသန္ဓေထိ ဒီကံက လိုက်လုပ်တာ မဟုတ်ဘူး။ မလိုက်တာ သေချာတယ်။ အနိစ္စတရားမို့ မလိုက်နိုင်ဘူး။ ဒီလိုသိမှ သဿတ ဒီဋ္ဌိကို ပယ်နိုင်တယ်။(နှာ-၄၈၂) အကြောင်းနဲ့ အကျိုးဆက်တဲ့ သဘောပဲ။ ဒါကိုသိရင် အဆက်ပြတ်တယ်။ သေရင်ပြီးတာပဲ ချုပ်တာပဲဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိလည်း လွတ်တယ်။(နှာ-၄၈၃) မိုးကုတ် ဆရာတော်ဘုရားကြီး၏ ဟောကြားချက်ဖြစ်တယ်။
သဿတဒိဋ္ဌိ အစွဲသန်တဲ့ လူဟာ ကံကို အားကိုးတယ်။ ဒီဘဝ ငါလုပ်ခဲ့တဲ့ ကုသိုလ်ကံတွေ နောက်ဘဝမှာ ငါ့ကို အကျိုးပေးတော့မှာပဲလို့ နောက်ဘဝ ကောင်းစားရေးကို မျှော်တယ်။………………<<< အဲဒီစာသားတွေကတော့ ဆရာဆန်းလွင်ရဲ့ ဗုဒ္ဓဘာသာ သံသရာခရီးအတွက် ပထမထွက်လမ်း ဆိုတဲ့ စာအုပ်ရဲ့ စာမျက်နှာ ၆၈၊ ၆၉၊ ၇၀ ကစာသားလေးတွေကို ဖော်ပြပေးလိုက်တာပါ။ သူငယ်ချင်းမိတ်ဆွေအားလုံး အမှားနည်းပါး အလင်းများ စိတ်ထားကိုယ်စီ ဖြစ်ပါစေ…………….. ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...