စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Thursday, December 20, 2007

မေ့လျော့သွားတဲ့ည

ငှက်ငယ်တို့
သစ်ပင်ထက်
အိပ်စက်နေခိုက်
မှောင်မိုက်မိုက်မှာ
အသိုက်မဲ့နေသူမှာငါရယ်ပါ
အဖေါ်ပြုစရာလမင်းတစ်ချမ်းနဲ့
ညချမ်းမှာ အေးခိုက်ခိုက် တုန်း
ရှည်လျားလွန်းတဲ့ လမ်းမများကိုအဖေါ်ပြု
ကတ္တရာ နဲ့ ရာဘာ အနမ်းတွေ ဝေဖြာဆဲ
ထပ်ချပ်မကွာ လိုက်လာ သူက ငါရဲ့အရိပ်
တလမ်းလုံးမှာ နုတ်ဆက်သံတွေကတ၀ုတ်ဝုတ်နဲ့
ကွဲကြေသွားတဲ့ ငါနှလုံးသား ခံစားမှု့တွေကို ငါမေ့လျော့နေပါပြီ ။

[+/-] အပြည့်အစုံသို့...

ငါအကြောက်ဆုံး

မှောင်မိုက်တဲ့
ညနက်နက်လည်း
ငါမကြောက်- - - -၊
ကြမ်းတမ်းတဲ့
ခရောင်းလမ်းလမ်း
ငါမကြောက်- - - ၊
လှိုင်ထန်တဲ့
ပင်လယ်ပြင်လည်း
ငါမကြောက်- - - ၊
အပြုံးတုနဲ့ဖုန်းကွယ်
မာယာတွေ ခြုံလွှမ်း
ကောက်ကျစ်တဲ့စိတ်ဓါတ်
ငါကြောက်လန့်ခဲ့ပေါ -- ။
(ဇာဇာ)

[+/-] အပြည့်အစုံသို့...

စိတ်စေရာ

ကျွန်ုပ်၏စိတ်စေရာ
ကျွန်တော့်ရဲ့ စိတ်အစဉ်မှာ ဖြစ်ချင်တာတွေ ဘယ်လို ရင်ဖွင့် ရမလည်း
ငါ ဘယ်သူကို ပြောပြရမှာလည်း------ငါဘယ်သူကိုရင်ဖွင့် ရမှာလည်း
နဘေး မှာ အဖေါ်တွေ ရှိသေးရဲ့လား - - -စိတ်ပျက်အားငယ်နေရမလား
ခုချိန်မှာ အကောင်းဆုံးဆိုတာတွေ မဖြစ်လာသေးတောင်
နောင်တချိန် အတွက် ကြိုးစားကြည့်ချင်သေးတယ်- - - - -- -- -- - -
ဆိုးရွံ့ အားငယ်စိတ်များ ကို ကို တွန်းဖယ်ထုတ်လိုက်ချင်သေးတယ်

[+/-] အပြည့်အစုံသို့...

စိတ်စေရာ

ကျွန်ုပ်၏စိတ်စေရာ
ကျွန်တော့်ရဲ့ စိတ်အစဉ်မှာ ဖြစ်ချင်တာတွေ ဘယ်လို ရင်ဖွင့် ရမလည်း
ငါ ဘယ်သူကို ပြောပြရမှာလည်း------ငါဘယ်သူကိုရင်ဖွင့် ရမှာလည်း
နဘေး မှာ အဖေါ်တွေ ရှိသေးရဲ့လား - - -စိတ်ပျက်အားငယ်နေရမလား
ခုချိန်မှာ အကောင်းဆုံးဆိုတာတွေ မဖြစ်လာသေးတောင်
နောင်တချိန် အတွက် ကြိုးစားကြည့်ချင်သေးတယ်- - - - -- -- -- - -
ဆိုးရွံ့ အားငယ်စိတ်များ ကို ကို တွန်းဖယ်ထုတ်လိုက်ချင်သေးတယ်

[+/-] အပြည့်အစုံသို့...

အသက်ပျောက်သွားတဲ့ညနေခင်း

တွေးနေတယ်
တွေးနေတယ်
ငေးနေတယ်
ငေးနေတယ်
တွေးရင်းငေးနေတယ်
ငေးရင်းတွေးနေတယ်
တွေးရင်းငေးရင်းလမ်းလျောက်
ငေးရင်းတွေးရင်းလမ်းလျောက်
ကားရှေ့မှောက်မှာ ကျွန်တော်အသက်ပျောက်ခဲ့ပြီ- - - - - -- - - - - - -- - -။

[+/-] အပြည့်အစုံသို့...

Wednesday, December 19, 2007


သစ်ပင်လေးတစ်ပင်စိုက်ချင်လို့ပို့လိုက်တာပါ.... စိတ်မီးအိမ် မှ ရွှေအိမ်စည် ဆိုသော လူတစ်ယောက်ကို ကျေးဇူးတင်ပါတယ်..

အပြုံး (or) စွမ်းအား

ရေး/ဆို - ဖောကြီး
Key; G ( C Am Dm G )

C Am Dm G
P1; ကို တွေ့မိ သူ့ရဲ့အပြုံးဟာ ကို့နှလုံးသား ခလုတ်တိုက်သွားတယ် ….
C Am Dm G G
ဟန်ဆောင်အပြုံးလား ဘာဖြစ်ဖြစ်ကွာ အသဲလေးထဲစွဲငြိလို့သွားပြီ….
C Am Dm G
P2; လ၀န်းလေး အလင်းရောင်အောက်မှာ လှလွန်းတဲ့မင်းရဲ့အပြုံးတွေ….
C Am Dm G G
ကမ္ဘာမြေစွဲအား ကိုမသိတော့ပါ မိုးအမြင့်ထက်လွင့်လို့ပျံသွား….

Em Am
Cho; အကြင်နာဆိုရာ ကမ္ဘာသစ်လေးတစ်ခုပါ
Dm G
သူမတူအကြင်နာ မင်းလေးပေးလာ (ရင်ခုန်နေတာ မင်းလေးကြောင့်သာ)
C Am
မပြောင်းလဲ အစဉ်ခိုင်မြဲချစ်နေမှာ
Dm G
တွဲလက်တွေမခွဲဘူးကွာ တို့နှစ်ယောက်ယုံထား
G G
ယုံကြည်လိုက်ပါ…..

C Am Dm G
P3; မင်းလေး ပြုံးပျော်တဲ့အချိန် ကို့အတွက် အပြည့်စုံဆုံးလေ….
C Am Dm G G
ရင်မှာထာဝစဉ် အချိန်ရှိတိုင်းမင်းပါ မုန်းလို့မရနိုင်အောင်ချစ်မိပြီ ….
C Am Dm G
P4; ချစ်အနမ်းပန်း တို့ပန်ပေးမယ် လှလွန်းတဲ့မေ့ရဲ့ရှက်ပြုံးတွေ …..
C Am Dm G G
ကိုလေမိန်းမူး ကွန်ယက်ထဲမှာ တို့နှစ်ယောက်မျောလွင့်ခံစား …..

(cho;)

ကျေးဇူးပြုပြီး တီးကြည့်ပေါ့နော် အဆင်မပြေတာရှိရင် mail ပို့ပြီး ပြောနိုင်ပါတယ်
ကျွန်တော်က အခုမှ စမ်းရေးနေတာပါ.... နောက်ထပ်ရေးထားတာတွေရှိသေးတယ်
ဖုန်းဆက်ချင်ရင်တော့ 032-30019 နဲ့ 032-30020 မှာ ရှိပါတယ်
ကျေးဇူးပါ စိတ်မီးအိမ်ရယ်

[+/-] အပြည့်အစုံသို့...

Saturday, December 15, 2007

"မွေးနေ့ရှင်များနှင့်စိတ်မီးအိမ်"

သူငယ်ချင်း၊ မိတ်ဆွေတွေရဲ့မွေးနေ့ပွဲအတွက် ကဗျာလေးတစ်ပုဒ် လက်ဆောင်ပေးရအောင် စဉ်စားရင်…စဉ်စားရင်နဲ့ မှတ်မိတာလေးတစ်ခုကို မျှဝေခံစားကြည့်ချင်ပါတယ်။ အဲဒီအကြောင်းအရာလေးကတော့ ဗုဒ္ဓမြတ်စွာဘုရားရှင်လက်ထက်က မြတ်ဘုရားကနေ အရှင်အာနန္ဒာမထေရ်ကိုမေးမြန်တဲ့ အကြောင်းအရာလေးတစ်ခုပါ။ ချစ်သားအာနန္ဒာ…. မိတ်ကောင်းဆွေကောင်းကို ပေါင်းပေါ်မိရင် ဘယ်လိုအကျိုးပေးနိုင်သလဲ ဆိုပြီးမေးမြန်းလိုက်တဲ့အခါမှာ…. အရှင်အာနန္ဒာမထေရ်က…. အရှင်ဘုရား မိတ်ဆွေကောင်းကို ပေါင်းဖော်မိရင် နတ်ပြည်ကိုရောက်အောင် အကျိုးပေးနိုင်ပါတယ်ဘုရား ဆိုပြီးတော့ ဖြေလိုက်တဲ့အခါမှာ ဘုရားရှင်က ချစ်သား အဲဒီလိုမဆိုသင့်။ မိတ်ကောင်းဆွေကောင်းဟူသည် နိဗ္ဗါန်သို့ရောက်အောင် အကျိုးပေးဖြစ်ထွန်းနိုင်ပေတယ် ဆိုပြီး အရှင်သာရိပုတ္တရာမထေရ်နဲ့ အရှင်မောဂ္ဂလန်မထေရ်တို့ရဲ့ ဇာတ်ကြောင်းကိုပြန်ပြီးဟော ကြားတော်မူသတဲ့…. (ဟောကြားတော်မူတဲ့ အကြောင်းအရာကိုတော့ လူတိုင်းသိပြီးဖြစ်လိမ့်မယ်လို့ ယုံကြည်တာကြောင့် ထည့်မရေးတော့ပါဘူး။) အဲသလိုပဲ

“သူငယ်ချင်းတို့ရဲ့မွေးနေ့မှသည် နောင်ဘ၀တစ်လျှောက်လုံး မိတ်ကောင်းဆွေကောင်းများနှင့် တွေ့ဆုံပါစေ လို့ ဆုမွန်ကောင်း ပို့သလိုက်ရပါတယ်။”

သူငယ်ချင်းတို့ရဲ့ နာမည်လည်းပါအောင်၊ အဓိပ္ပါယ်လေးလည်းသက်ရောက်အောင်ဆိုပြီးတော့ သူငယ်ချင်းတို့ရဲ့ အမည်နာမလေးတွေကို ပါဋ္ဌိလို မှန်ဆပြီး ရေးသားလိုက်ပါတယ်။ အဲဒီလိုရေးသားမှုကိုလည်း နားလည်ခွင့်လွတ်စွာ မွေးနေ့လက်ဆောင်အဖြစ် လက်ခံယူလိမ့်မယ်လို့မျှော်လင့်ပါတယ်။ အဲဒီလိုပဲ စိတ်မီးအိမ်ကလေးကလည်း ဥယျာဉ်မှူးများနဲ့ ဧည့်သည်တော်များအတွက် မိတ်ဆွေကောင်း ပီသအောင် ကြိုးစားကြပါစို့………….

မွေးနေ့ရှင်များနှင့်စိတ်မီးအိမ်

၁၊၁၂၊၁၅ ရယ်နဲ့
ဖြစ်သနစ် များရယ်က
ထူးခြားလို့ ဆန်းကျယ်စွာ
နမိတ်ထင်ခါ မြင်ရအောင်
စိတ်မီးအိမ်မှာ တို့ဆုတောင်း။

ဆောင်းမြူဝေ ဒီဇင်ဘာလမှာဖြင့်
ပေါင်းစုနေ မွေးနေ့ရှင်များရယ်က
နှောင်းလူတွေ လွယ်ကူအောင်လို့
ကောင်းဆုတွေ တောင်းဆုချွေမယ်။

အတ္တကို သစ္စာဆိုက်အောင်
ဓမ္မကထိက ပေါင်းတံတားမှ
လျှောက်ကြစို့လေး……..
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...