စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Sunday, November 18, 2007

"Light & Wave"

သူများတွေကတော့ အစားကောင်းစားရင် ကိုယ့်ချစ်သူကို သတိယတယ်တဲ့ အနတ္တကတော့ သတင်းကောင်းလေးကြာလိုက်ရရင် ကိုယ့်သူငယ်ချင်းတွေကို ပြန်မပြောပဲ မနေနိုင်လို့ပြောလိုက်ရအုန်းမယ်… အဲဒါကတော့….
အရင်တုန်းက စိတ်မီးအိမ်ဥယျာဉ်လေးထဲကို မိတ်ဆွေတွေကိုလာလည်စေချင်တယ်။ သစ်ပင်လေးတွေကူစိုက်ပေးစေချင်တယ်ပေါ့။ အဲဒါကြောင့်ဖိတ်လိုက်တာ ဒါပေမယ့် ၀င်ခွင့်ကဒ်ပြားတောင်းနေလို့ ၀င်လို့မရဘူးဖြစ်နေတာ။ အနတ္တလည်း မကျေနပ်တာနဲ့ တခြားနာမည်နဲ့ဝင်ကြည့်လိုက်တာ ဟုတ်တယ်ဗျို့ ဘယ်လိုမှ ကျော်ခွဝင်လို့ကိုမရဘူး ဖြစ်နေတာလေ… ကိုယ်ကတော့လာစေချင်လို့ဖိတ်လိုက်တာ၊ လာလဲလာရော(ဟင်း သိတဲ့အတိုင်းပဲ) တခါးကြီးပိတ်ထားလို့ ၀င်မရဘူးဖြစ်နေတာနဲ့ စိတ်ညစ်နေတုန်း…. လေလှိုင်းပေါ်ကဆက်သွယ်ရေး စီကသတင်းတစ်ခုကြားလိုက်ရတာ ဥယျာဉ်ထဲကို ၀င်ရောက်လေ့လာလို့ ရကြောင်းသိလိုက်ရတယ်ဆိုရင်ပဲ ဒိုင်ပင်ပစ်ဝင်လိုက်တာ ဥယျာဉ်ထဲရောက်ပြီး ဟိုရှောက်ကြည့် ဒီရှောက်ကြည့်နဲ့ အဆင်ကိုပြေလို့ပဲဗျ။ ဒီဥယျာဉ်ထဲရှောက်ကြည့်ရင်၊ကြည့်ရင် တခြားခြံအကျယ်ကြီးတွေကိုတွေ့တော့ ဆက်ဝင်လိုက်တာ တော့သားမြို့ရောက်သလားမှတ်ရတယ် အထူးအဆန်းတွေကြီပဲဗျ။ အချိန်ကုန်လို့ ကုန်မှန်းကိုမသိလိုက်ဘူး ဖြစ်နေတာဗျို့။ စိတ်ထဲကနေတော့ ပြောလိုက်သေးတာ လမ်းညွှန်တဲ့ကိုရင်နဲ့ တံခါးမကြီး ဖွင့်ပေးလိုက်တဲ့ မောင်မင်းကြီးသားတွေ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဆထက်တန်ဖိုး ခေတ်မီတိုးတက်ပါစေလို့လေ…. (ဟဲ…ဟဲ ဆင်ဖြူတော်မှီပြီး ကြံစုပ်ရအောင်လို့ပါ) ကဲခြံကျယ်ကြီးတွေထဲ ရှောက်ကြည့်နေတာ ဆုံးမယ်ကို မထင်တော့တာနဲ့ ဥယျာဉ်လေးထဲပြန်ဝင်ပြီး အောက်မှာ သီးနေတဲ့ အသီးခိုင်လေးတွေနဲ့ ဘေးချင်းကပ်ရက် ခြံသေးသေးလေးတွေကို ထပ်သွားကြည့်လိုက်တာ ၀င့်ခွင့်မရတော့ဘူဗျို့ အဲဒီမှာစတွေ့တာပဲ။ ဒါပေမယ့်အထူးအဆန်းတော့ မဟုတ်ပါဘူး ဒါဟာထုံးစံအတိုင်းပါပဲ။ သွားခွင့်မရလဲ ထိုင်တယ်ကွာဆိုပြီး ထိုင်ချလိုက်တာ ဘေးမှာ စာတန်းလေးတွေ့တာ ဘာတဲ့….. အော်ချင်ရာ အော်ထားခဲ့ပါဆိုတော့..…. အင်း မထူးပါဘူးဆိုပြီး အော်ထားခဲ့လိုက်တယ်။ “အလင်းရောင်နဲ့ အသံလှိုင်းတွေကို သော့မခတ်ပါနဲ့ လို့”။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Saturday, November 17, 2007

မိုးကြောက်သူ



လရောင်ဖွေးဖွေး

ညအေးအေးမှာ

အဆောင်မှာ ငုတ်တုပ်

ဟိုဒီငေးမော

သွားစရာမရှိ လာစရာမရှိ

သွားချင်တိုင်းလည်းသွားလို့မရ

ကောင်းကင်ကြီးကို မော့ကြည့်ပြီးတော့

စကားတခွန်းအော်ပြောလိုက်တယ်

မိုးမရွာပါနဲ့လို့………….

အရိပ်
အရိပ်

[+/-] အပြည့်အစုံသို့...

စိတ်ဝင်စားရင်ပေါ့........

သူငယ်ချင်းတို့ရေ…….
နောက်ထပ်မေးခွန်းတခုကိုလည်း စိတ်ပါဝင်စားတယ်ဆိုရင်ပေါ့နော် ဖြေပေးကြပါလို့ တောင်းဆိုပါတယ်…

စိတ္တဇဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေက အဲ့ဒီမှာ ရှိနေတဲ့ လူနာတွေအတွက် ဆေးဖော်စပ်ခဲ့ကြတယ်တဲ့
ဖော်စပ်ပြီးတဲ့နောက်မှာ သူတို့က အဲ့ဒီဆေးကို အသုံးပြုပြီးတော့ ဆေးကုသလာခဲ့ကြတယ်ပေါ့နော်
အဲ့လိုနဲ့ တနေ့ကျတော့ သူတို့ဖော်စပ်တဲ့ဆေးဟာ လူနာတွေရဲ့ ရောဂါအခြေအနေတိုးတက်မှု ရှိ/မရှိ စစ်ဆေးချင်တာနဲ့ဘဲ
လူနာတွေအားလုံးကို နေရာတခုမှာ စုပြီး ခေါ်လိုက်တယ်တဲ့ လူနာအားလုံးရောက်လာတဲ့အချိန်မှာ ဆရာဝန်ကြီးတစ်ယောက်က ဘယ်လိုပြောလိုက်လဲဆိုတော့
ကဲ ဒီနေ့ လူကြီးမင်းများကိုခေါ်ယူရတဲ့အကြောင်းကတော့ ဆန်ပြုတ်နဲ့ ဧည့်ခံကျွေးမွေးမလို့ပါပေါ့နော် အဲ့ဒါကြောင့်မို့လို့ လူကြီးမင်းများရဲ့ ရှေ့မှာ ရှိနေတဲ့ ဆန်ပြုတ်တွေကို ကိုယ့်ဘာသာစိတ်ကြိုက်ထည့်ယူသုံးဆောင်နိုင်ပါတယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာ စိတ္တဇဝေဒနာသည်တွေဟာ ဘာမှမရှိနေတဲ့ စားပွဲပေါ်ကနေ ရှိနေသလိုမျိုးပုံစံနဲ့ ထည့်ယူစားသောက်နေကြတယ်တဲ့
ဒါပေမဲ့ ရောဂါသည်တစ်ယောက်ကတော့ ဘာမှ မစားဘဲဒီတိုင်းထိုင်နေတာကို ဆရာဝန်တစ်ယောက်ကမြင်လိုက်တဲ့အချိန်မှာ ဟာ ဒီရောဂါသည်ကတော့ ဘာမှမရှိနေဘူးဆိုတာ သိတဲ့ အသိနဲ့ ဒီတိုင်းနေတာဖြစ်မယ်ပေါ့လို့ ထင်ပြီးတော့ အားတက်သွားတယ်တဲ့
အဲ့ဒါနဲ့ ဆရာဝန်က သူတို့ဖော်စပ်တဲ့ဆေးနဲ့ ဒီလူနာနဲ့တော့ တည့်သွားပြီးတော့ ရောဂါသက်သာသွားပြီဆိုပြီး အားတက်သရောနဲ့ အဲ့ဒီလူနာကို ဟိုလူကြီးမင်းက ဘာလို့မစားတာလဲလို့မေးလိုက်တဲ့အချိန်မှာပေါ့နော် ….. အဲ့ဒီလူနာက ဘာပြန်ပြောလိုက်သလဲ ဆိုတာကို …. အားရင် စဉ်းစားပြီးဖြေပေးကြပါလို့နော် ဥယျာဉ်ထဲမှာ သစ်ပင်လေးတွေစိုက်ရင်း ဒါမှမဟုတ် စိမ်းလန်းနေတဲ့ သစ်ပင်လေးတွေကို ကြည်နှူးစွာခံစားရင်းပေါ့နော် အဖြေလေးကို စဉ်းစားနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်…

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Friday, November 16, 2007

E-BOOKs download (fiction)

"
(၃) ဂျိမ်းစ်အော်စတန်
(၄) အီလီနာ အိတ်ခ်ျ ပေါ်တာ
(၅) မာ့ခ် တွိုင်
စသူတို့အပြင် အခြား စာရေးဆရာများစွာ တို့ရဲ့ ရသစာအုပ်ကောင်းတွေ ကို ရယူနိုင်ပါတယ်။
ထင်ရှားတဲ့ ရသစာအုပ် တွေ ဖြစ်တဲ့
(၁) မေတ္တာရှင်မလေး ပေါ်လီယာနာ (Pollyanna)
(၂) Great Expectations
(၃) Around the World in 80 Days
(၄) Treasure Island (ကိုးတန်းတုန်း က သင်ရဖူးတဲ့ The Brave Boy ရဲ့ ၀တ္ထုရှည် ) "


အားလုံး မင်္ဂလာပါ။
အချိန်ရှိရင် စာဖတ်ချင်တာ ကျွန်တော့် ၀ါသနာပါ။ အင်တာနက် မှာ ဘလော့ဂ်စာအုပ် တွေ ဖတ်ရသာလည်း အမောကလား။
လောလောဆယ် စိတ်မီးအိမ် ရဲ့ အစီအစဉ် သစ်လေး ကြေငြာချင်လို့ပါ။
စိတ်မီးအိမ် ရဲ့ ညာဘက် အထက်ထောင့် မှာ အီးစာအုပ်တွေ Download လုပ် နိုင်တဲ့ လင့်ခ် လေးတွေ ချိတ်ပေးဖို့ အစီအစဉ် ရှိပါတယ်။
လောလောဆယ် ပထမဦးဆုံးကတော့ ရသစာပေ စာအုပ် တွေ ရယူဖို့ လင့်ခ် တစ်ခု တင်ပေးထားပါတယ်။ အဲဒီလင့်ခ် မှာ ထင်ရှားကျော်ကြား လူသိများတဲ့
(၁) ချားလ်စ် ဒစ်ကင်စ်
(၂) လီယိုတော်စတွိုင်း
(၃) ဂျိမ်းစ်အော်စတန်
(၄) အီလီနာ အိတ်ခ်ျ ပေါ်တာ
(၅) မာ့ခ် တွိုင်
စသူတို့အပြင် အခြား စာရေးဆရာများစွာ တို့ရဲ့ ရသစာအုပ်ကောင်းတွေ ကို ရယူနိုင်ပါတယ်။
ထင်ရှားတဲ့ ရသစာအုပ် တွေ ဖြစ်တဲ့
(၁) မေတ္တာရှင်မလေး ပေါ်လီယာနာ (Pollyanna)
(၂) Great Expectations
(၃) Around the World in 80 Days
(၄) Treasure Island (ကိုးတန်းတုန်း က သင်ရဖူးတဲ့ The Brave Boy ရဲ့ ၀တ္ထုရှည် )
(၅) Oliver Twist
(၆) Pride and Prejudice
(၇) Robinson Crusoe
(၈) Sense and Sensibility
(၉) The Scarlet Letter
(၁၀) The Time Machine
(၁၁) War and Peace (ဆရာမြသန်းတင့် ရဲ့ ဘာသာပြန် ၀တ္ထု၏ အင်္ဂလိပ် မူရင်း)
(၁၂) Wuthering Heights (ကိုးတန်းတုန်းက သင်ခဲ့ရတဲ့ ဟိကလစ်ဖ် တို့ ကေသီ တို့ ရဲ့ ဇာတ်လမ်းအပြည့်အစုံ)
စတာ တွေအပြင် အခြား စာအုပ်ကောင်းများစွာ ရယူနိုင်ပါတယ်။
စာဖတ် ၀ါသနာ ပါသူများ သွားရောက်လေ့လာ ကူးယူ ဖတ်ရှုနိုင်ဖို့ တင်ပေးလိုက်ခြင်းဖြစ်ပါသည်။
အားလုံး အစစ အရာရာ အဆင်ပြေပါစေ။


[+/-] အပြည့်အစုံသို့...

Thursday, November 15, 2007

MIND WASHING 3

အမှတ်မှားကို သန့်စင်ခြင်း

အရိပ်ရဲ့ နိစ္စဓူဝ လေးကိုဖတ်ပြီး “ငါက ဘာလဲ…?” ဆိုတာကို ဆက်ပြီးစဉ်းစား ကြည့်လိုက်တဲ့အခါမှာ စာကြောင်းလေးတစ်ကြောင်းကို သွားပြီးသတိယတယ်။ အဲဒီစာကြောင်းလေးကတော့ “ငါ သေရင်နိဗ္ဗါန်ရောက်မယ်” ဆိုတာပါပဲ။ အစကတော့ တော်တော်အတ္တကြီးတဲ့ အတွေးမျိုးပဲလို့ ထင်လိုက်မိတယ်။ နောက်ပိုင်းကျမှ အတ္တကြီးတဲ့သူက အနတ္တဆိုတဲ့ကျွန်တော်ဖြစ်နေတာကို မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးတော်ကြောင့် အနည်းငယ်ရိပ်မိလာပါတယ်။ ဘာကြောင့်လဲဆိုတော့ လူ၊ နတ်၊ ဗြဟ္မာ၊ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် စတဲ့ ပညတ်သတ်မှတ်ချက်တွေကို အစစ်အမှန်တကယ်အရှိလို့ထင်လိုက်မိတယ်။ အလွန်ပါးလွှာတဲ့ အမိုက်မှောင်နဲ့ ဖုံးလွှမ်းထားတာကြောင့်လဲ လူဆိုရင် သူ၊ မင်း၊ ငါ၊ အမိ၊ အဖ၊ သူဌေး၊ ဆင်းရဲသား၊ဘုရင်၊ ကျွန်…. တရိစ္ဆာန်မှာဆိုရင်လဲ… ခွေး၊ ၀က်၊ နွား… စသဖြင့် သတ်မှတ်ခေါ်ဝေါ် နေတဲ့ ပညတ်ချက်တွေကို မရှိကို အရှိထင်ပြီး မှားယွင်းတဲ့ အယူဝါဒတွေနဲ့ ကြီးပြင်းခံယူလာလိုက်ကြတာ ဘုရားတွေအဆူဆူ ပွင့်တော်မူတာတောင်မှ ကျွတ်တန်းမရကြတာ အဲဒီလို မှားယွင်းတဲ့ အယူအဆတွေကြောင့်ပဲလို့ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်တွေမှာ နာယူမှတ်သားဘူးပါတယ်။ မှားယွင်းတဲ့အယူအဆတွေကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ၊ဟောပြောနိုင်ဖို့ ဆိုတာ သဗ္ဗညုတဥာဏ်ရှိတဲ့ ဘုရားပွင့်တော်မူမှ ဖြစ်နိုင်တာကို။ ဘုရားဟော တရားတော်တွေကို မိုးကုတ်ဆရာတော်ဘုရားကြီးတို့လို ကျေးဇူးရှင်ကြီးများက ပြန်လည်ဟောပြောမှသာ မှတ်သားသိနဲ့ အနည်းငယ် နားလည်သိရှိနိုင်လာတာကို။ အမှန်တကယ်မရှိတဲ့ ငါ ဆိုတဲ့ ပညတ်ချက်ကို အမှန်တကယ်ရှိတဲ့ ရုပ်၊နာမ် ဖြစ် ပျက်မှု အနေနဲ့ စဉ်ဆက်မပြတ် ကိုယ်တိုင် မြင်တွေ့ သိရှိလာနိုင်မယ်(ငါ သေပြီး ဖြစ်၊ပျက် စဉ်ဆက်မပြတ်မြင်လာမယ်) ဆိုရင် နိဗ္ဗါန်ရောက်နိုင်တယ် ဆိုတာကို ကျေးဇူးရှင်ကြီးများကြောင့် သိရှိခံစားတတ်လာတာကြောင့် “ငါ သေရင်နိဗ္ဗါန်ရောက်မယ်” ဆိုတာကို နားလည် သဘောပေါက်မိပါတယ်။ အမှတ်မှား၊ အယူမှား ကို အမှန်ရောက်အောင် လမ်းကြောင်းပေါ်တင်ပေးတဲ့ ကျေးဇူးရှင်ကြီးများနှင့် “ငါ သေရင်နိဗ္ဗါန်ရောက်မယ်” လို့ သွန်သင်ဆုံးမခဲ့တဲ့ ပုဂ္ဂိုလ်ကြီးကို ခြေ၊လက်၊နဖူး၊တတောင်၊ဒူး ငါးဦးညီညွှတ်စွာဖြင့် ကန်တော့လိုက်ရပါသည်။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

နိစ္စဓူဝ

မိုးလင်းလို့ သတိရမိတာ
ရုံးချိန်မှီဖို့ပေါ့…..
အလုပ်ခွင်ရောက်တဲ့အခါ
ကိုယ့်ကိုနွေးထွေးစွာ ကြိုဆိုကြတယ်
ဒေါသမောဟတွေကပေါ့….
ပြေးလွှား လှုပ်ရှားနေတုန်း
နေမင်းကြီးက ကိုယ့်ကို နှုတ်ဆက်သွားတယ်
သူ့ ဂျူတီကုန်ပြီတဲ့……
အေးမြတဲ့ လရောင်လေးကို ခံစားရင်း
မရိုးနိုင်တဲ့ မေးခွန်းလေးကို မေးနေမိတယ်
ငါက ဘာလဲ ……………။
...
အရိပ်

[+/-] အပြည့်အစုံသို့...

Wednesday, November 14, 2007

Biomechanics ဇီဝစက်မှုဗေဒ

သိပ္ပံ နှင့် နည်းပညာတွေ မြင့်မားတဲ့ နှုန်းထားနဲ့ တိုးတက် လာတာ အံ့မခန်းနိုင်၊လိုက်မမှီနိုင်အောင် မြန်ဆန်လွန်းပါတယ်။

လူသားတွေရဲ့ လိုအပ်ချက်တွေကို သိပ္ပံ ပညာ နဲ့ နည်းပညာ နဲ့ တီထွင်ကြံဆ၊ အဖြေရှာ လာနိုင်ကြတာ တကယ် ကို တိုးတက် တဲ့ ကမ္ဘာ ရဲ့ စိန်ခေါ်မှုတွေပါ။

အင်ဂျင်နီယာ ဘာသာခွဲတွေဟာလည်း အသစ်ပေါ်လာလို လာ (ဥပမာ Genetic Engineering) ၊ ရှိပြီးသား ဘာသာခွဲ နှစ်ခု (သို့မဟုတ်) နှစ်ခု ထက် ပိုတာတွေကို လိုအပ်ချက်နယ်ပယ် သစ် တစ်ခုအတွက် အင်ဂျင်နီယာ ဘာသာသစ် တွေအဖြစ် သီးသန့် တည်ထောင် လေ့လာကြ (ဥပမာ Biomedical Engineering) နဲ့ တော်တော်ကြီးကို အရှိန်အဟုန် မြင့်လာကြပါတယ်။

အဲလို သွားလာ တိုးတက်လေ့လာကြရင်း နဲ့ သိပ္ပံ နှင့် လောကဓါတ်ပညာ တွေရဲ့ အဆုံးသတ် တွေ့ရှိမှုဟာ ဘုရားရှင် ဟောကြား ဆုံးမတော် မူတဲ့ ဗုဒ္ဓဘာသာ အဖြစ် တွေ့မြင်ရလိမ့်မယ် လို့ ကမ္ဘကျော် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်း က ဆိုမိန့်ခဲ့ဖူးပါတယ်။

ဒီလို တိုးတက်လာ တဲ့ နယ်ပယ် တွေထဲက စက်မှု နှင့် ဇီဝ ဗေဒ ဘာသာ နှစ်ခု ကို ပေါင်းပြီး ပေါ်ပေါက်လာတဲ့ ဇီဝစက်မှုဗေဒ ဆိုတဲ့ ဘာသာရပ်လေး အကြောင်းကို အကျဉ်းချုပ် ဆွေးနွေးလိုပါတယ်။

စက်မှုဇီဝဗေဒ ဟာ biology နှင့် Mechanics ဆိုတဲ့ မိခင် ဘာသာ နှစ်ခု က နေတဆင့် ပေါက်ဖွားလာတာပါ။ ဒါကြောင့် ခန္ဓာ ကိုယ်မှာ ရှိတဲ့ ဇီဝအစိတ်အပိုင်းတွေ ဘယ်လို ဖွဲ့စည်းတည်ဆောက်ထားတယ်၊ ဘယ်လို အလုပ်တွေလုပ်တယ်ဆိုတာ ကို အခြေခံ လေ့လာပါတယ်။

လူခန္ဓာ ကိုယ် အစိတ်အပိုင်းတွေ မှာ သက်ရောက်နေတဲ့အားတွေ၊လည်ကိန်းတွေ၊လှည့်အား လိမ်အားတွေ၊ ကွေးညွှတ်မှုတွေ စတာ တွေကို လေ့လာပါတယ်။ ပြီးတော့ သူတို့ တွေဟာ ဘယ်အချိန် မှာ ဘယ်ပမာဏ နဲ့ လူခန္ဓာ အစိတ်အပိုင်းတွေကို ထိခိုက်ဒဏ်ရာ ရစေတဲ့ အဆင့် ရောက်အောင် ၀န်ပိစေမလဲ။ အဲလို ၀န်ပိစေမယ့် ထိခိုက်မှုဖြစ်စေနိုင်တဲ့ အနိမ့်ဆုံး ပမာဏ ကို တွက်ချက်မယ်။ ဒီကိန်းဂဏန်းတွေ သိရင် လူခန္ဓာ အစိတ်အပိုင်း တွေကို အဲဒီ ပမာဏ အောက်မှာပဲ အလုပ်လုပ်ခိုင်းစေမယ်။

အဲလို အခြေခံ တွေက စလိုက်တာ ဇီဝစက်မှုဟာ ဘယ်အထိ တိုးတက် အသုံးဝင်နေလည်း ဆိုရင် လူခန္ဓာ ကိုယ် အပြင်အစိတ်အပိုင်း၊ အတွင်းအစိတ်အပိုင်း အားလုံး ကို သေချာ ခွဲခြမ်းပြီး ဘယ် လို အလုပ်လုပ်လဲ။ ဘယ်ဝန်တွေကို သူတို့ ထမ်းသလဲ။ သူတို့ ထိခိုက်ပျက်စီးသွားရင် ဘာတွေနဲ့ အစားထိုး ကုသမလဲ။ အဲလို ကုသရာမှာ အဲဒီ အစားထိုး အင်္ဂါ တွေဟာ နဂို အစိတ်အပိုင်းလောက် အားတွေကို ခံနိုင်မလား စတဲ့ အသေးစိတ် အချက်အလက် တွေကို သုတေသန ပြု လေ့လာ နေကြာတာ ခု ဆို ရင် Biomechanics ဆို တဲ့ ဘာသာ ဟာ ခွဲစိတ်ကုသ မှု ဆိုတာကို အမြင့်ဆုံး တိကျ မှု နဲ့ ပြီးမြောက်စေအောင် သုတေသန တွေ အောင်မြင်နေကြပါပြီ။

ဥပမာ-

ပုံ(၁) ကဲ့သို့ ဒူးခေါင်း ထိခိုက်မှုတွေကို

 

ပုံ(၁)  ထိခိုင်ဒဏ်ရာရသော ဒူး

ပုံ(၂) ဒူးမော်ဒယ် (Finite Element Model of Knee Joint)

 

ပုံ(၂) မှာပြထားသကဲ့သို့ ပုံစံ တွေ ပြုလုပ်ပြီး ကွန်ပျုတာ မှာ Finite Element Model and Analysis ဒူးမော်ဒယ်ဆောက်ပြီး အပြင်မှာ ဒူးအပေါ် သက်ရောက် တဲ့ အခြေ အနေကို ရအောင် ဖန်တီးယူပါတယ်။ အဲလို ဖန်တီးပြီး ဘယ် အစိတ်အပိုင်း ထိခိုက်လဲ ဘယ်လောက် ထိခိုက်လည်း ကို တွက်ချက်ပါတယ်။ ပြီးရင် တကယ် အပြင် က ထိခိုက် တဲ့ ဒူးကို X-ray ဓါတ်ပုံရိုက် ပြီး Analysis ရလာဒ် နဲ့ နှိုင်းယှဉ်ပြီး ထိခိုက်မှု အတိအကျ ကို ထိခိုက်မှု အမျိုးအစား၊ ပမာဏတွေကို ဖော်ထုတ်ပါတယ်။ ပြီးရင် လိုအပ် တဲ့ ကုသမှု ၊အစားထိုးမှု တွေကို တိကျ စွာဆောင်ရွက်ပေးနိုင်ပါတယ်။

ခုလို မျိုးထိရောက်တဲ့ နည်းလမ်းတွေ နဲ့ လူခန္ဓာ ကို အစိတ်အပိုင်းအားလုံးကို အင်ဂျင်နီယာ များ လေ့လာ သုံးသပ် ပြီး ထိခိုက်မှုအမျိုးမျိုး အတွက် ဇီဝဆေးပညာရှင်တွေ နဲ့ ပူးပေါင်းလို့ ကုသမှု၊အစားထိုးမှု နှင့် ကြိုတင်ကာကွယ်မှုများကို ကမ္ဘာတွင် အောင်မြင်စွာ ပြုလုပ်နေကြပေပြီ။

အသေးစိတ် သိရှိ လေ့လာချင်သူများ ဂေါ်ဂယ် က တင်ထားတဲ့ http://www.google.com/Top/Science/Biology/Biomechanics/ မှာ သွားရောက်လေ့လာနိုင်ကြပါတယ်ဗျာ။

[+/-] အပြည့်အစုံသို့...